No Journal for Developer

ကျွန်တော် မနေ့က Linux Journal နဲ့ MSDN Journal ကို ဖတ်လိုက်ရတယ်။ အရမ်းဖတ်ရတာ ကောင်းတယ်ဗျာ။ မြန်မာနိုင်ငံက Journal တွေနဲ့ တခြားစီပဲ။ Journal တွေက ပါးပါးလေးပဲ။ ဒါပေမယ့် ပြည့်စုံတယ်။ လုံလောက်တယ်။ မြန်မာနိုင်ငံက လစဉ်ထွက် ဂျာနယ်တွေက Linux Journal နဲ့ MSDN Journal တွေထက် ထူလွန်းတယ်။ ဒါပေမယ့် ကျွန်တော်တို့ Developer တွေဖတ်ဖို့ ဘာမှ မပါဘူး။ ဂျာနယ်တွေအားလုံးဟာ စာဖတ်သူတွေကို end user တွေကို ရည်ရွယ်တာ မဟုတ်သလို developer တွေကို ရည်ရွယ်တာ မဟုတ်သလိုပဲ။ အများစုက hardware ပစ္စည်း ဘယ်လောက်ကောင်းကြောင်း နဲ့ သတင်းနဲ့ အတင်းတွေ ရောနေကြတယ်။ ဒါပေမယ့် စျေးကွက်အရကြည့်မယ်ဆိုလည်း သူတို့တွေ မှန်တယ်ဗျ။ ဒီနိုင်ငံမှာ developer တွေအတွက် ဂျာနယ် ထုတ်ကြည့်ပါလား။ အဲလောက် ရောင်းရမှာမဟုတ်ဘူးဗျ။ ရုပ်ရှင် မင်းသား မင်းသမီး ဂျာနယ်တွေနဲ့ computer magazine တွေနဲ့ ယှဉ်ကြည့်ရင် ရောင်းရတဲ့ ဆောင်ရေ အရည်အတွက် က အရမ်းကွာတယ်။ computer magazine တွေအနေနဲ့လည်း မပြိုလဲပဲ ရှေ့ဆက်နိုင်အောင် hardware ကြော်ငြာတွေနဲ့ပဲ ရှေ့ဆက်ရမှာလေ။

တစ်ခါတစ်လေ စဉ်းစားမိတယ်။ Developer ဂျာနယ်ထုတ်မလားလို့။ ဒါပေမယ့်လည်း အခုအချိန်မှာ အရှုံးပေါ်ဖို့များတယ်။ ပိုက်ဆံကလည်း မရှိနဲ့ဆိုတော့ မဖြစ်သေးဘူး။ Online Magazine လေးအနေနဲ့ ရှေ့ဆက်မလားဆိုတော့ ငွေမဝင်ရင် ရှေ့ဆက်ဖို့မလွယ်ဘူး။ Portal တွေတောင် ဝင်ကြေးကျပ်တည်းမှုတွေ ရှိနေတယ်လေ။ ဒီနိုင်ငံမှာကလည်း online ပေါ်မှာ ကြော်ငြာထည့်တာ ရှားတယ်။ MZ လို computer forum ထက် အချစ်အကြောင်းတွေ သီချင်းအကြောင်းတွေ ရုပ်ရှင်အကြောင်းတွေ ပြောလို့ရတဲ့ forum တွေက လူဝင်ပိုများတယ်။ MZ တောင် ၁ ရက်ကို လူ ၁၅၀၀ လောက် ဝင်အောင် မနည်း campaign တွေလုပ်ခဲ့ရတာ ၊ ငွေကုန်ခံပြီး လုပ်ခဲ့ရတာတွေ အများကြီးပဲ။

ဒါကြောင့် မြန်မာနိုင်ငံမှာနေပြီး နိုင်ငံတကာ ဂျာနယ်တွေကို မမှီဘူးဆိုတာကို အပြစ်မတင်လိုပါဘူး။ ဖြစ်နိုင်ရင် ကိုယ့်ဘာသာကို် online မှာပဲ ဖတ်တာပေါ့ဗျာ။ ebook ဖတ်ရတာတော့ တော်တော်လေးကို အဆင်မပြေတာ။ စာအုပ်လေးကိုင်ပြီး ဖတ်ရတာ တော်တော်အရသာရှိတယ်။ စာအုပ်လေးတွေက ပါးပါးလေးဆိုတော့ သွားလေရာ နေရာလည်း သယ်သွားလို့ရတယ်။ ဘာပဲဖြစ်ဖြစ် နောင်တစ်ချိန် မြန်မာနိုင်ငံလည်း နိုင်ငံတကာနဲ့ ယှဉ်နိုင်မှာပါ… ( ကျွန်တော့်တို့ မြစ် လက်ထက်လောက် ရောက်ရင်လားမသိ… :D )

One thought on “No Journal for Developer

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>