Pulse for iPad

ဒီနေ့ မနက်ပဲ Pulse ကို ဝယ်ဖြစ်လိုက်တယ်။ $3.99 ပေးရပါတယ်။ အစကတော့ ခိုးကူးသုံးကြည့်သေးတယ်။ မဝယ်ခင်ကပေါ့။ သုံးကြည့်လိုက်တော့ တော်တော်လေးကို သဘောကျသွားတယ်။ idea လေးလည်း ကောင်းတယ်။ စာဖတ်ရတာလည်း အဆင်ပြေတယ်။ သုံးကြည့်လိုက်တော့ ခိုး သုံးရမှာ စိတ်မသန့်တော့ဘူး။ တကယ်တော့ ဝယ်ရတဲ့ဖိုးနဲ့ ရတဲ့ quality ကို ယှဉ်ကြည့်လိုက်ရင် ရတဲ့ Quality က အသာကြီး သာနေရင် ဝယ်သုံးဖို့ မနှမြောပါဘူး။ Coding က လေ့လာတတ်သူတိုင်း ရေးလို့ရပါတယ်။ idea ကတော့ လူတိုင်း မလုပ်နိုင်ဘူး။ ဒါက လေးစားဖို့ လိုတယ်။ Pulse က $3.99 နဲ့ရတာ သက်သာတယ် တန်တယ်လို့ ဆိုလို့ရမယ်။ Apollo ကို စမ်းကြည့်သေးတယ်။ Pulse မဝယ်ခင်ပေါ့။ မကြိုက်ဘူးဗျ။ နောက်ပြီး သူက Pulse ထက်လည်း ပိုစျေးကြီးတယ်။ Pulse မှာ အကြိုက်ဆုံး အပိုင်းက posterous နဲ့ ပေါင်းပြီး pulsememe ကို ထုတ်ပေးတာပဲ။ ကိုယ့် Pulse ကို ကိုယ်တိုင် ဆောက်လို့ရတယ်။ တနည်းပြောရင် bookmark ပေါ့ဗျာ။ အဲဒီ အတွက် blog တစ်ခု အလိုလို ဆောက်ပေးသွားတယ်။ အဲဒီ idea ကို ကြိုက်တာ။ ကျွန်တော် အရင်က bookmark တွေ မှတ်ထားတယ်။ အဲဒီ bookmark တွေကို public share ချင်တယ်ပေါ့။ အဲလိုမျိုးကို posterous မှာ လုပ်လို့ရတယ်ဆိုတာ ဒီနေ့မှ သိတယ်။ Pulse က posterous နဲ့ ပေါင်းပြီး favorite pulse ကို ဖန်တီးပေးထားတာ အရမ်းသဘောကျတယ်။

သူ့ idea အတွက် $3.99 က ပေးပျော်ပါတယ်။ အခုဆိုရင် ကျွန်တော့်ရဲ့ pulsememe ကို ကြည့်ပြီး အခုတလော ကျွန်တော် ဘာတွေ ဖတ်နေတယ်။ ဘာတွေ ကြိုက်နေလဲဆိုတာကို သိနိုင်တာပေါ့။ ကျွန်တော့်အနေနဲ့ သီးသန့် Google Reader ကြီးကို သွားဖတ်နေစရာ မလိုသလို Pulse ကနေ ဖတ်နေရင်းနဲ့ ကြိုက်တာတွေကိုလည်း blog post တစ်ခုအနေနဲ့ အလိုလို သွားဖန်တီးပေးနိုင်တယ်။ တစ်ခါတစ်လေ ဖတ်ဖို့ မအားတာတွေကို ကိုယ့် pulse ပေါ်မှာပဲ တင်လိုက်တယ်။ အားမှ ပြန်ဖတ်တာပေါ့။

အောက်မှာကတော့ pulse ရဲ့ကြော်ငြာလေးပါ။

5 thoughts on “Pulse for iPad

      • Ok .. a ko, i already jailbreak. but i can’t. i don’t know mz
        user .. so tell direct to me pls, if u wish .. pls .. pls tell me ..
        right .. a ko ..forgive me !! pls pls

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>