Save The World!!

ဆင်းရဲမွဲတေမှုပြဿနာကြောင့် လူသားမျိုးနွယ်ပျောက်ဆုံးသွားနိုင်တယ်။ Global Warming ကြောင့် ကမ္ဘာကြီး ပျက်သုန်းသွားနိုင်တယ်။

ဒီနေ့ အိပ်ရာနိုးတော့ Facebook မှာ မြင်လိုက်ရတာက ချီလီနိုင်ငံ မြေငလျင် သတင်းနဲက ဂျပန်ကို ဆူနာမီ ဝင်တော့မယ်ဆိုတဲ့ Alert တွေတွေ့လိုက်ရတယ်။ အမှန်တိုင်း ဝန်ခံရရင် အရမ်းလန့်သွားမိတယ်။ ဟေတီ ငလျင်ဖြစ်ပြီးတာ ဘာကြာသေးလို့လဲ။ အခုတစ်ခေါက် ထပ်ပြီး ငလျင်လှုပ်ပြန်ပြီဆိုတော့ ဆက်တိုက်ဆိုသလို ဖြစ်နေပြီပဲ။ ငလျင်လှုပ်လိုက်တာနဲ့ မပြီးသေးပဲ Japan မှာ ဆူနာမီ alert ဖြစ်လို့ ချက်ခြင်း လူ ၃ သိန်းကျော် နေရာရွေ့ပြောင်းခဲ့ရတယ်။ အရင်တုန်းက သဘာဝ ဘေးအန္တာရယ် တစ်ခုပြီးတစ်ခု ကပ်ဆိုက်တာ မြန်လာ သလိုပဲ။ နည်းပညာတွေ တစ်ခုပြီး တစ်ခု အရင်တုန်းကထက် ပြောင်းလဲနှုန်း မြန်လာသလို သဘာဝဘေး အန္တာရယ် ဖြစ်ပွားနှုန်းကလည်း မြန်လာတယ်။ ဒီအတိုင်းဆိုရင် ရှေ့ဆက်လည်း ဖြစ်နေအုံးမှာပဲ။ frequently ဖြစ်နေအုံးမှာ ဖြစ်ပြီး ပိုပို ပြင်းလာတော့မယ် အရိပ်အယောင်လေလားလို့တောင် ထင်မိတယ်။ ဒါတွေ ပြောနေပြီး ကျွန်တော် ဘာလုပ်နိုင်လဲ။ ဟုတ်ပါတယ်။ ဘာမှ မလုပ်ပေးနိုင်ပါ။ ကျွန်တော်အနေနဲ့ ကျွန်တော် တတ်နိုင်သလောက်လေးကို Google checkout ကနေ လှုတာလေး ပဲ တတ်နိုင်ပါတယ်။ နောက်ပြီး ကျွန်တော် တတ်နိုင်တာဘာတွေ ရှိလဲ။ ဘာတွေ လုပ်နိုင်မလဲဆိုတာလေးကို ခေါင်းထဲမှာ ပြေးပြီး စဉ်းစားမိပါတယ်။ ကျွန်တော့်အတွက်ကတော့ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးမှလို့ စိတ်ထဲမထားတော့ဘူး။ ကိုယ့်ပတ်ဝန်းကျင်မှာရှိနေတာ ကိုယ်မြင်နေရတာတွေ အားလုံးဟာ ကိုယ်နဲ့ ဆက်စပ်နေတာပဲ။ ငါ့နိုင်ငံ ငါ့လူမျိုးဆိုတဲ့ စိတ်ဓာတ်ကို လွှင့်ပစ်ထားလိုက်ပြီ။ ငါဟာလူသားတစ်ယောက်ဆိုတဲ့ ခံယူချက်နဲ့ပဲ နေထိုင်တော့မယ်လို့ ဆုံးဖြတ်ထားပြီးပြီ။ အဲဒီလို ခံယူလိုက်တာနဲ့ အရင်ကထက် နေရတာ ပေါ့ပါးသွားတယ်။ လန်းဆန်းသွားတယ်။ ငါ့တိုင်းပြည်နဲ့ ဝေးနေရပါလား ဆိုတဲ့ ခံစားချက်လည်း ပျောက်သွားတယ်။ အားငယ်စိတ်တွေလည်း လွှင့်ပယ်ကုန်တယ်။ အလကားနေရင်း စိတ်ပင်ပန်းတဲ့ ခံစားမှုတွေ မကျေနပ်ချက်တွေ တကိုယ်တည်း ရင်ထဲမှာ ဗလောင်ဆူပေါက်ကွဲမှုတွေမရှိတော့ဘူး။ အတင်းအဖျင်းတွေလည်း ပြောချင်စိတ်မရှိတော့ဘူး။ အရာအားလုံးဟာ အရင်ကထက် ပိုငြိမ်းချမ်းသွားတယ်။ ခေါင်းထဲမှာ ပီပီပြင်ပြင်ပေါ်လာတာက အနားမှာ ရှိတဲ့ ကိုယ့်မိသားစု။ ကိုယ့်ပတ်ဝန်းကျင်မှာ မြင်နေရတာတွေအားလုံးဟာ ဒီကမ္ဘာကြီးထဲမှာ ရှိနေတဲ့ လှပမှုတွေပဲလို့ မြင်လာရတယ်။ နေရာဒေသက အဓိက မကျဘူး။ ငါဟာ နေထိုင်နေတာ ကမ္ဘာကြီးထဲမှာဆိုတဲ့ ခံစားမှုတွေ ရရှိလာတယ်။

ဒီတော့ ကျွန်တော်နေတဲ့ ကမ္ဘာကြီး ပူနွေးလာပြီ။ ငလျင်တွေ လှုပ် ရေတွေကြီး။ ဒါတွေက ဟိုးအရင်ကတည်းက ဖြစ်နေတာ။ ဒါပေမယ့် ပိုပိုဆိုးရွားလာတယ်ဆိုတာကို လူတိုင်း သတိပြုမိကြမှာပါ။ ကျွန်တော်တို့တွေ ကမ္ဘာကြီးဟာ တိုးတက်မှုတွေ ရှိခဲ့သလို တိုးတက်မှုတွေကြောင့် ပျက်စီးဆုံးရှုံးမှုတွေလည်း ကြုံခဲ့ရတယ်။ သစ်တောတွေ ပြုန်းတီးခဲ့ရတယ်။ စက်ရုံတွေ များပြားလာတယ်။ နောက်ပြီး လူတိုင်း laptop, netbook တွေ သုံးလာနိုင်တယ်။ ကားတွေလည်း များပြားလာတယ်။ ဟန်းဖုန်းတွေ လူတွေ သုံးလာနိုင်တယ်။ လူတွေ များများသုံးနိုင်ဖို့ စျေးသက်သက်သာသာဖြစ်ဖို့ နောက်ဆုံး ပြိုင်ဆိုင်မှုတွေနဲ့ စက်ရုံတွေ များပြားလာခဲ့တယ်။ လူသားတစ်ယောက်အနေနဲ့ ကြည့်ရင် ဝမ်းသာစရာ ကြည်နူးစရာ အားတက်စရာတွေပါ။ ဒါပေမယ့် ဟန်ချက်ညီညီတိုးတက်မှု မဟုတ်ခဲ့တာ လူသားတွေအတွက် နစ်နာစေခဲ့တာပဲ။ တစ်ချိန်တစ်ခါက ဒါဟာ အရေးစိုက်စရာ မဟုတ်ခဲ့ပေမယ့် တဖြည်းဖြည်းလူတွေကို ခြောက်လှန့်တဲ့ အိမ်မက်ဆိုးကြီးလို ဖြစ်လာခဲ့ပြီ။

Per country greenhouse gas emissions in 2000, including land-use change

Per country greenhouse gas emissions in 2000, including land-use change

လူသားတွေရဲ့ ချစ်စရာကောင်းတဲ့ အချက်က အမှားကို သိရင် အမှန်ပြင်တတ်တာပဲ။ CO2 တွေကို လျော့ချဖို့ ကြိုးစားကြတယ်။ သဘဝဘေးအန္တာရယ် ကာကွယ်ရေးတွေကို ကြိုးစားလာတယ်။ သတင်းအချက်အလက် ကြိုသိခြင်းကလည်း လူသားပေါင်းများစွာရဲ့အသက်တွေကို ကယ်တင်နိုင်ခဲ့တယ်။ နောက်ပြီး Bloom Energy ကို တီထွင်ဖန်တီးနိုင်ခဲ့ပြီး နောင် ၁၀ နှစ်လောက်ဆိုရင် ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေက အိမ်တိုင်းမှာ Bloom Energy ကို အသုံးပြုနိုင်တော့မယ်လို့တောင် ဆိုလာကြပြီ။ မြန်မာနိုင်ငံက နည်းပညာလည်း နိုင်ငံတကာ သတင်းတွေထဲမှာတော့ အခုထက်ထိ မပါသေးပေမယ့် Bloom Energy က Google ကတောင် စသုံးနေပြီလေ။ အခုအချိန်မှာ စရိတ်ကြီးမားပေမယ့် နောင်တချိန်မှာ စရိတ်သက်သာပြီး ပိုကောင်းတဲ့ Bloom box တွေ ထုတ်လာနိုင်မှာပါ။ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှုတွေကို ကြိုးစားပြီး လုပ်ဆောင်နေပြီ။ အများကြီးကို ကြိုးစားပြီး ဆောင်ရွက်နေတာကို တွေ့ရမှာပါ။

ကျွန်တော်ဘာလုပ်နိုင်လဲ။ ကျွန်တော် လုပ်နိုင်တာ များများစားစားမရှိပါ။ ကျွန်တော် သဘာဝ ဘေးအန္တာရယ်အတွက် Google Checkout ကနေ လှုတန်းတာလောက်ပဲ တတ်နိုင်ပါတယ်။ နောက်ပြီး ဘာတွေ တတ်နိုင်သလဲ။ ကျွန်တော့် Laptop ကို ကျွန်တော် လျော့သုံးနိုင်ပါတယ်။ ကျွန်တော်သုံးတဲ့ Laptop ကလည်း The world’s greenest lineup of notebooks. လို့ ဆိုထားပါတယ်။ နောက်ပြီးတော့ အောက်ပါပုံစံအတိုင်း Design ထုတ်ထားတာပါ။

  • Arsenic-free display glass
  • BFR-free
  • Mercury-free LED-backlit display
  • PVC-free internal cables
  • Highly recyclable aluminum and glass enclosure
  • Reduced packaging volume
  • Meets ENERGY STAR Version 5.0 requirements
  • Rated EPEAT Gold

Global Warming Predictions

Global Warming Predictions

နောက်ပိုင်း computer တွေမှာလည်း green design ကိုပြောင်းလဲလာပါပြီ။ သို့ပေမယ့်လည်း အတတ်နိုင်ဆုံး လျော့သုံးနိုင်ပါတယ်။ ကျွန်တော် တစ်ယောက်တည်း လျော့သုံးလိုက်လို့လည်း ကြီးမားတဲ့ effect မဖြစ်ပေမယ့် လူတစ်ယောက်ခြင်းဆီကလည်း ကိုယ့်အသိစိတ်ဓာတ်နဲ့ ကိုယ် လျော့သုံးကြမှာပါ။ အဲဒီလို လျော့သုံးတဲ့အထဲမှာ ကျွန်တော်လည်း ပါမယ်လို့ မှတ်ယူလိုက်ပါတယ်။ မလိုအပ်ရင် computer မဖွင့်ပါ။ အသုံးမလိုပဲနဲ့လည်း ဒီအတိုင်းကြီး မဖွင့်ထားတော့ပါဘူး။ ဒါတွေဟာ ကျွန်တော်လုပ်နိုင်တာပါ။ နောက်ကျွန်တော်လုပ်နိုင်တာ အခုဒီစာရေးနိုင်တယ်။ ဒီ article က မြန်မာလိုရေးတဲ့အတွက် တစ်ကမ္ဘာလုံးနဲ့ ယှဉ်ရင် ဘာမှ အကျိုးမထူးပေမယ့် မြန်မာတွေဖတ်မိပြီး CO2 လျော့ချရေး ကမ္ဘာကြီးပူနွေးလာမှုကို ကာကွယ်ဖို့လိုကြောင်း အသိလေးတော့ ရသွားမှာပါ။ ဒါတွေဟာ ကျွန်တော်လုပ်နိုင်တာတွေပဲ။

ရန်ကုန်မှာ သစ်ပင်က ရှားပါးသွားပြီ။ ဒါပေမယ့် အင်တာနက်ဆိုင်တွေက ပိုများလာတယ်။ မီးက ပိုပျက်လာတယ်။ ဒါကြောင့် မီးစက်တွေ ပိုများလာတယ်။ ဒါကြောင့် Global Warming ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပေါ်စေတယ်ဆိုလည်း မမှားပါဘူး။ ဒါပေမယ့် အခြား တိုးတက်တဲ့နိုင်ငံကြီးတွေရဲ့ စက်ရုံတွေနဲ့ ယှဉ်ရင် မပြောပလောက်ပါဘူး။ သူတို့တွေလည်း သိကြပါတယ်။ ဒါကြောင့်လည်း Bloom Energy ဟာ မျှော်လင့်ချက်လား။ ကျွန်တော့်အတွက်ကတော့ မျှော်လင့်ချက်က ကိုယ့်ဘာသာကိုယ် ထိန်းသိမ်းခြင်းပဲ။ ရုံးမှာလည်း Air-con ကို ၂၅ အောက်ထပ် ကျအောင် မထားပါဘူး။ ၂၅ ပဲထားထားတယ်။ ဒါကလည်း ရုံးက ခိုင်းလို့ပါ။ aircon ကို ၂၅ ပဲထားတဲ့အတွက် မီတာခ သက်သာသလို သဘာဝ ပတ်ဝန်းကျင်လည်း ထိန်းသိမ်းရာရောက်တယ်။ Global Warming ကို ကာကွယ်တဲ့ သဘောလည်း ပါဝင်ပတ်သက်ပါတယ်။ နောက်ဆုံး ကျွန်တော်လုပ်နိုင်တာကတော့ အားပါးတရ တစ်ယောက်တည်း Save The World!!! လို့ အော်ပြီး ဒီ post လေး ရေးလိုက်ခြင်းပါပဲ။

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>