Second anniversary Saturngod Blog

နိုင်ဝင်ဘာလ ၈ ရက် ၂၀၀၆ ခုနှစ်တွင် ကွန်ပျူတာတက္ကသိုလ် ဟူသော post နဲ့ စတင်ခဲ့သော saturngod blog သည် ၂ နှစ် တိုင်တိုင်ပြည့်ခဲ့ပါပြီ။

ပထမဆုံး အကြိမ် တည်ထောင်ခြင်း

saturngod.blogspot.com ဖြစ် blog ကိုစတင်ရေးသားခဲ့သည်။ နည်းပညာနဲ့ UCSY အကြောင်းအဓိက ထားရေးသားခဲ့သည်။ အောက်တိုဘာ ၂၅ ရက် ၂၀၀၇ တွင် blogspot တွေ မြန်မာနိုင်ငံစတင်ပိတ်ပင်ပြီး saturngod.blogspot.com ပျောက်ပျယ်ခဲ့ရသည်။

ဒုတိယအကြိမ် တည်ထောင်ခြင်း

အောက်တိုဘာလ 27ရက်နေ့ ၂၀၀၇ တွင် saturngod.myseryzillion.org အဖြစ် wordpress ကို အသုံးပြုကာ တည်ဆောက်ခဲ့သည်။ ထို့နောက် mz hosting အပြောင်အလဲကြောင့် ဒုတိယအကြိမ် ပျက်သုန်းရပြန်ပြီ။ post တွေကတော့ 2007 September အထိသာ ကျန်ရစ်ခဲ့သည်။

တတိယအကြိမ် ပထမအပိုင်း တည်ထောင်ခြင်း

hosting ပြောင်းပြီးနောက် wordpress မှ drupal ကို ပြောင်းလဲခဲ့သည်။ ၂၀၀၇ ခုနှစ် စက်တင်ဘာ နောက်ပိုင်း data တွေကို မရရှိပဲ ၂၀၀၈ ခုနှစ် ဇန်နဝါရီမှ ပြန်လည်စတင်ကာ drupal နဲ့စတင်ရေးသားခဲ့သည်။ saturngod.mysteryzillion.org အနေနဲ့ပဲ ရေးသားခဲ့သည်။

တတိယအကြိမ် ဒုတိအပိုင်း တည်ထောင်ခြင်း

drupal သည် အဆင်ပြေမှုမရှိ။ wordpress 2.6 လောက် အဆင်ပြေခြင်းမရှိခဲ့သောကြောင့်  ဇွန်လိုင်လ ၁၄ ရက်နေ့ ၂၀၀၈ ခုနှစ်တွင် drupal မှ wordpress 2.6 ကိုပြောင်းလဲခဲ့သည်။ MZ ကို webhosting မှ mediatemple hosting ကိုပြောင်းရွှေ့ခဲ့ပြီး saturngod.mysteryzillion.org လည်း ပျက်သုန်းရပြီသည်။

စတုတ္ထအကြိမ် တည်ထောင်ခြင်း

mediatemple hosting အပြောင်းအရွှေ့နဲ့အတူ saturngod.net ကို ဝယ်ယူကာ လက်ရှိ hosting တွင် တင်ထားကာ ဆက်လက်ရေးသားခဲ့သည်။ database backup များကို ကိုမင်းကျော်အကူအညီနဲ့ ခက်ခက်ခဲခဲပြန်လည်ရယူခဲ့သည်။ အောက်ဂုတ်လ ၂၂ ရက်နေ့တွင် www.saturngod.net အဖြစ်ပြန်လည် ပေါ်ပေါက်ခဲ့သည်။

3 thoughts on “Second anniversary Saturngod Blog

  1. နှစ် နှစ်မှသည် နှစ် ပေါင်း နှစ်ရာအထိတည်စေသော်…………………………

    (အစ်ကို မျိုးဆက်တွေပါ ဆက်ရေးကြပါလို့)

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>