Want to do in Ornagai next version

နောက်ထပ် version ကို ကျွန်တော် ထုတ်ဖို့နည်းနည်းကြာမလား မသိသေးဘူး။ ဒါမှမဟုတ် 1.4.2 အနေနဲ့ပဲ ဒီလကုန်ရင် ထပ်ထုတ်ဖြစ်မယ်ထင်တယ်။ ကျွန်တော် 1.5 မှာ Web ပေါ်ကနေ sync လုပ်လို့ရအောင် ပါအောင် ရေးရမယ်။ အစက မြန်မာ – အင်္ဂလိပ် အဘိဓာန် ထည့်အုံးမလို့ပဲ။ မလွယ်ဘူးဗျ။ keyboard ပြဿနာ ဖြစ်နေတာကြောင့် keyboard ကို image တွေပဲ သုံးပြီး သီးသန့် ထုတ်မလား စဉ်းစားနေတယ်။ တော်တော်လေးကို ပြန်ပြင်ရေးရမှာကြောင့်လည်း ပါတာပေါ့။ နောက်ပြီး မြန်မာ English database ပါထည့်လိုက်ရင် search လုပ်တဲ့ အခါမှာ အရမ်းကြာသွားလိမ့်မယ်။ Application အတွက် သီးသန့် keyboard ရေးဖို့တော့ ဖတ်ကြည့်နေတာပဲ။ သိပ်တော့ အဆင်မပြေလှသေးဘူး။ နောက်ပြီး စိုင်း dictionary ဆီကနေ ဒီနေ့ reply ရပြီ။ သူက iPhone app လုပ်ခွင့်ပြုလိုက်တော့ မြန်မာ – အင်္ဂလိပ် စိုင်း version ကိုတော့ free ပေးနိုင်မယ်ထင်တယ်ဗျ။ အဲဒါလေးကို အရင်ပြီးအောင် ကြိုးစားကြည့်ရမယ်။ ပြီးမှ မြန်မာ – အင်္ဂလိပ် ornagai ပေါ့။ English – Myanmar ကိုလည်း စာလုံး စုံအောင်တော့ အမြဲတန်း ကြိုးစားနေပါတယ်ဗျာ။

2 thoughts on “Want to do in Ornagai next version

  1. iPad အတွက်ပါ လုပ်စေချင်ပါတယ်။ ခုလောလောဆယ်ဆယ် Itune gift card ဝယ်လို့မရသေးလို့ မဝယ်နိုင်သေးပေမယ့် အရမ်းအရမ်းကို သုံးချင်နေပါတယ်။ ရတာနဲ့ အားရပါးရ ဝယ်ပစ်မှာပါ။ iPad တွေမှာလည်း သုံးလို့ရအောင် ခန့်ခန့်ငြားငြား လုပ်ပေးပါဗျာ..။ Jial Break မလုပ်ရဘဲ မြန်မာလိုပါတဲ့ Application တစ်ခုကို သုံးလို့ရတော့မယ်ဆိုတာ အလွန်ဝမ်းသာစရာပါပဲ။ ဒါထက် ornagai ကို သွင်းလိုက်ရင် Zawgyi-One ဖောင့်က Device ထဲဝင်သွားပြီဆိုတော့ မြန်မာ Web Page တွေကို မြင်နိုင်သွားမလား

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>