Why blog ?

မနေ့တုန်း အစည်းအဝေးမှာ blog content တွေအကြောင်း ပြောတယ်။ company တစ်ခုရဲ့ blog content က အရေးပါသလို ငွေပေါင်းမြောက်မြားစွာ ရအောင်လည်း ဖန်တီးပေးနိုင်တယ်ဆိုတာလည်း သိလိုက်ရတယ်။ CMS နဲ့ blog က မတူပါဘူး။ ဆင်မယောင်နဲ့ ကွဲပြားပါတယ်။ CMS ဖြစ်တဲ့ joomla တို့ drupal တို့ နဲ့ blog engine ဖြစ်တဲ့ wordpress တို့နဲ့ ပုံစံ သွင်ပြင်ကွာပါတယ်။ အတော်များများက CMS နဲ့ blog မကွဲပြားကြဘူး။

Content Management System

CMS ဆိုတာကတော့ content management system ဆိုတဲ့ content တွေကို အလေးပေးတဲ့ ပုံစံ design ပြုလုပ်ထားပါတယ်။ ဒါကြောင့် content တစ်ခုကို ပြင်တာ ဖျက်တာတို့ စတာတွေအတွက် roll တွေပါသလို permission တွေလည်း ပါလာတယ်။ လွန်ခဲ့တဲ့ ၃ နှစ် ၄ နှစ်လောက်တုန်းက CMS က အရမ်းခေတ်စားတဲ့ အချိန်လို့ ဆိုလို့ရမယ်။ site တော်တော်များများကလည်း CMS တွေ ပြောင်းလာခဲ့တယ်။ CMS က ကျွန်တော်တို့တွေအနေနဲ့ ဘယ်မှာ အသုံးများလဲဆိုတော့ company site တွေ အစိုးရဌာန site တွေမှာ အသုံးများတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အမြဲ update ဖြစ်နေမှာ မဟုတ်သလို အမြဲတန်းလည်း ၁ ပတ် ၁ခါ လောက်လည်း အသစ်တွေ ထွက်နေမှာမဟုတ်ဘူး။ တစ်ခါတစ်လေမှ အသစ်တွေ တင်တော့ အမြဲတန်း ပြင်နေဖို့ မလိုဘူး။ Content တွေက များနိုင်တဲ့အတွက် CMS က အဆင်ပြေပါတယ်။ နောက်ပြီး block structure ကိုလည်း အလေးထားတယ်။

Blog

Blog ဆိုတာကတော့ Blog ပေါ့ဗျာ။ WordPress 2.6 လောက်က စပြီး wordpress ကတော်တော်လေး ပေါက်လာတယ်။ အခုဆို site တော်တော်များများက CMS ထက် blog ကို ကူးပြောင်းလာပြီ။ Blog နဲ့ CMS အသုံးပြုတဲ့နေရာ အဓိက မတူတာကတော့ Blog ကအမြဲ update ဖြစ်နေတယ်။ နောက်ပြီး blog တွေမျာ block structure ထက်စာရင် content ကို ပိုအားပေးတယ်။ အဓိက design တည်ဆောက်ပုံကွာသေးတယ်။ Joomla နဲ့ တည်ဆောက်ထားတဲ့ site တွေက block structure ကို အဓိကထားတာကို တွေ့နိုင်ပြီး wordpress site တွေကတော့ sidebar လောက်သာ ပါဝင်ပြီး content တွေ အမြဲ update လုပ်တာကို အလေးထားတာကိုတွေ့နိုင်တယ်။ နောက်ပြီး သူက Roll တွေ အများကြီး မလိုဘူး။ author နဲ့ editor ပဲ လိုတယ်။

Why we need to write blog ?

Blog နဲ့CMS အကြောင်းပြောလိုက်တာနဲ့ ပြောမယ့်အကြောင်းတောင် ပျောက်သွားတယ်။ ကျွန်တော်တို့ ပုံမှန် personal blog မဟုတ်ပဲ company blog ဘာလို့ လိုလည်းဆိုတော့ client တွေက company အကြောင်းကို သိချင်ရင် အရင်ဆုံး website ကို ဝင်ကြမှာပဲ။ website ဆိုတာက website ဆိုတဲ့ အတိုင်း အကြောင်းအရာတွေလောက်ပဲပါမှာပေါ့။ အရင်တုန်းကဆို အဲဒါက လုံလောက်ပေမယ့် အခုအချိန်မှာတော့ company’s blog ဟာ အရေးပါလာပြီ။ project တစ်ခုကို ရဖို့ လူ ၅ ယောက်လောက်ပြိုင်ပြီး fight ရတာ။ ဒီတော့ ကိုယ့် company blog ကို client က ကြည့်လိုက်ရုံနဲ့ developer တွေရဲ့ skill တွေကို သိသွားနိုင်ရမယ်။ designer တွေရဲ့ skill တွေကို သိနိုင်ရမယ်။ နောက်ပြီး company မှာရှိတဲ့သူတွေရဲ့ knowledge ကို ဖော်ပြပေးတာလည်း ဖြစ်နေရမယ်။ နောက်တချက်က SEO ပဲ။ content တွေ များလာရင် search engine မှာ ရှာလို့ တွေ့လာနိုင်မယ်။ ဒါဟာ ကြော်ငြာပြီးသားလည်း ဖြစ်တယ်။ ပြောသွားတာတွေကတော့ အများကြီးပဲ မှတ်မိသလောက်ပဲ ပြန်ရေးချထားတာ။ ဘာပဲပြောပြော ပညာတစ်ခုတော့ ရလိုက်တာပေါ့။ ရန်ကုန်က company မှာတော့ company’s blog ရယ်လို့ ထားတာတော့ သိပ်မတွေ့ရဘူး။ client တွေကလည်း website ကို ကြည့်တဲ့ ပုံလည်း မပေါ်ပါဘူး။ ကဲ…. ထားပါ။ နောက်ပြီးတော့ blog content တွေကို ဘယ်လိုရေးရမယ်။ ဘယ်လို ရေးသင့်တယ်ဆိုတာလည်း သိလိုက်ရတယ်။

5 thoughts on “Why blog ?

  1. အလုပ်ခေါ်စာတွေမှာတောင် blogger သီးသန့်ခေါ်တာတွေ တွေ့ရတယ်။ မဒီ့တောင် အရင်အလုပ်က blogger လုပ်ဖို့ခေါ်တယ်။ နေ့တိုင်း သူများတွေအကြောင်း ရေးရမှာပျင်းလို့ မလုပ်တာ။

  2. မြန်မာနိုင်ငံက company တွေလည်း company website Blog/ တွေတင်ရင်ကောင်းမယ်။
    ဒါမ ပြည်တွင်း Web developer တွေအတွက် အလုပ်အကိုင်အခွင့်အရေးရိုမာ။

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>