Node.js 0.4.9 released

Version 0.4.9 မှာတော့ ထူးထူးခြားခြား ပြောင်းလဲသွားတာ မပါပါဘူး။ အကုန်လုံးနီးပါးက bug fixed တွေ လုပ်ထားတာ များပါတယ်။ အသစ်ဆိုလို့

  • Upgrade V8 to 3.1.8.25, upgrade http-parser.

ပဲပါတယ်။

နောက်ထပ် သတင်း တစ်ခုက Node.js version 1.0 မှာ windows အတွက်ပါ ရပါလိမ့်မယ်လို့ ဆိုပါတယ်။ အဲဒီအတွက် Microsoft က ကူညီနေပါတယ်။ Microsoft က သူ့ရဲ့ Windows Azure မှာ node.js run လို့ ရအောင် ဖန်တီးမယ့် ပုံပေါ်ပါတယ်။ ဘာပဲပြောပြော Windows သမားတွေအတွက် သတင်းကောင်းပါ။ သို့ပေမယ့် Driver တွေကတော့ ပြဿနာတွေ ရှိနေဆဲ ဖြစ်အုံးမယ်ထင်တယ်။

Download


That is a life

အခုတလော စာရေးမယ်လို့ စဉ်းစားလိုက်တိုင်း အကျိုးမရှိတဲ့ အရာတွေပါပဲလေ လို့ စဉ်းစားမိပြီး မရေးဖြစ်တော့ဘူး။ အရင်တုန်းကလို စိတ်ထဲရှိတာကို မပေါက်ကွဲတတ်တော့ဘူး။ ပြဿနာ ကြုံတိုင်း စိတ်ပျက်နေမယ့် အစား ပေါက်ကွဲထွက်မယ့် အစား ဘယ်လို ဖြေရှင်းရမလဲဆိုတာကို စဉ်းစားတတ်လာတယ်။ အလုပ်ကို ပိုလုပ်တတ်လာတယ်။ Project Manager နဲ့လည်း အဆင်ပြေလာ သလို project တွေလည်း အချိန်ကိုက် ပြီးလာတယ်။

ရင်ထဲမှာ ရေးချင်တာတွေ ရှိတယ်။ သို့ပေမယ့် ရေးချလိုက်ရင် ဘာ အကျိုးထူးမှာလဲလို့ စဉ်းစားမိပြန်တယ်။ ကိုယ့်အတွက်လည်း အကျိုးမထူး ဖတ်တဲ့သူအတွက်လည်း ဘာမှ ရေရေရာရာ မဟုတ်ဘူးလို့ ထင်တာနဲ့ တစ်ညလောက် အိပ်ပြီး မနက်ရောက်မှ ရေးချင်ရင် ရေးတော့မယ်ဆိုပြီး နေခဲ့တဲ့ ရက်တွေက တစ်ရက်ပြီး တစ်ရက် ကုန်ကုန်တယ်။ မနက်မိုးလင်းလာတဲ့ အခါ ညက စဉ်းစားထားတာတွေထဲက အမှားတွေကို ပြန်တွေ့လာတယ်။ စိတ်ဆိုး ဒေါသထွက်တဲ့ ခဏမှာ အမှားတွေက ဆက်တိုက် ဆက်တိုက် ဖြစ်အောင် တွန်းအားပေးနေသလိုပဲ။ စိတ်ဆိုးတာပဲ ဖြစ်ဖြစ် ဒေါသထွက်တာပဲ ဖြစ်ဖြစ် ထင်သလောက် အလုပ်မဖြစ်ဘူး။
Continue reading


NewtonApples Free Now

ကျွန်တော်တို့ ရုံးက ဆွဲထားတဲ့ NewtonApples ဆိုတဲ့ Game ကို Free ပေးလိုက်ပါပြီ။ ဘယ်တော့ အထိ Free ပေးမလဲဆိုတာကိုတော့ မသိရသေးပါဘူး။ အခုတော့ iPad version ကို စရေးနေပါပြီ။ Free ရတုန်း download ချပြီး itunes မှာ တချက်လောက် rate လေး ပေးပေးပါ။ ဘာတွေ လိုအပ်လဲ။ ဘာတွေကို မကြိုက်ဘူးလဲဆိုတာကို itunes မှာပဲ comment ပေးခဲ့ပေးပါဗျာ။

http://itunes.apple.com/us/app/newtonapples/id417698312?mt=8


Web Route 1.2

Web Route ကို ဆွဲခဲ့ဖူးတာတော့ ကြာပါပြီ။ ပြီးခဲ့တဲ့ အပတ်လောက်ကတည်းက update လုပ်မယ် ဆိုပြီး ပြင်ထားတာ ဒီနေ့မှပဲ update လုပ်ဖြစ်တယ်။ ဘာတွေ ထပ်ဖြည့်လိုက်လဲဆိုတော့

  • CSS Framework ကို နေရာရွှေ့လိုက်တယ်။
  • Stylesheet Langauge ထပ်ဖြည့်ထားတယ်။
  • RDBMS ထပ်ဖြည့်ထားတယ်။
  • NoSQL ထပ်ဖြည့်ထားတယ်။
  • Framework အချို့ ဖြည့်ထားတယ်။
  • Google App Engine ဖြည့်ထားတယ်။
  • Nginx ထပ်ဖြည့်ထားတယ်။
  • Node.js ထပ်ဖြည့်ထားတယ်။
  • Git , SVN စတာတွေကို စုပြီး version control လို့ ပြောင်းထားတယ်။
  • jQuery Mobile ထပ်ဖြည့်ထားတယ်။

Continue reading


Some Google API has been officially deprecated

ကြာသာပတေးနေ့က ရုံးအလုပ် ကိစ္စကြောင့် Google API ကို သုံးမလား ဆိုပြီး အစည်းအဝေး လုပ်ရင်း တစ်ခါတည်း သုံးလို့ရမရ စစ်ကြည့်လိုက်တာ မမျှော်လင့်ပဲ အချို့ API တွေကို Google က မပေးတော့ဘူးဆိုပြီး သိလိုက်ရတယ်။ ဘယ် API တွေ မရတော့တာလဲဆိုတော့

Shutdown ရက် အတိ အကျမပြောသေးတဲ့ API များကတော့

  • Code Search API
  • Diacritize API
  • Feedburner APIs
  • Finance API
  • Power Meter API
  • Sidewiki API
  • Wave API

Continue reading


How to start learning programming ?

မနေ့က email ပို့ပြီး မေးထားတာလေး တစ်ခု တွေ့လိုက်ရတယ်။ ဘယ် programming ကို စလေ့လာရမလဲတဲ့။ တကယ်တန်းတော့ Programming ကို မလေ့လာခင် ကိုယ် ဘာကြောင့် Programming ကို သင်ချင်ရတာလဲ။ ကွန်ပြူတာ တက္ကသိုလ် တက်နေနေလို့ မဖြစ်မနေ သင်ရမယ်ဆိုရင်တော့ ကျောင်းက သင်တာ လေ့လာပေါ့။ တကယ်လို့ ကိုယ့်ဘာသာကိုယ် အပြင်မှာ သင်တန်းစတက်ပြီး လေ့လာတာပဲ ဖြစ်ဖြစ် စာအုပ်ဖတ်ပြီး လေ့လာတာပဲ ဖြစ်ဖြစ် ဘာ Language တွေမှ မလေ့လာရသေးခင် ဘာလို့ လေ့လာချင်တာလဲဆိုတာကို ကိုယ့်ဘာသာကိုယ် အရင် သိဖို့လိုတယ်။ ကိုယ်ဘာလုပ်ချင်တာ မသိဘဲနဲ့ programming ကို ဒီအတိုင်းလေ့လာလို့ မဖြစ်ဘူး။ ကိုယ်ဘာလုပ်ချင်တယ်ဆိုတာ သိမှပဲ အဲဒါကို ရဖို့အတွက် လေ့လာတဲ့အခါမှာ မပျင်းသွားမှာ။ တနည်းပြောရင် ရူးသွပ်မှုတွေ ဖြစ်လာမှာ။ ဒီအတိုင်း သူများတွေ လေ့လာလို့ လေ့လာတယ် ဆိုရင်တော့ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး။

ကျွန်တော် How did I learn ? မှာ ပြောခဲ့သလို ကိုယ် ဘာ project လုပ်ချင်လဲဆိုတာက အဓိက ကျတယ်။ Python နာမည်ကြီးတယ်ဆိုလို့ python လေ့လာ။ Java .. Java နဲ့ အော်ကြတော့ Java ထပ်လေ့လာ။ C++ ကမှ တကယ်ကောင်းတာ ဆိုပြန်တော့လည်း C++ ပြန်တက်။ တနည်းပြောရင် ဆုံးကို မဆုံးနိုင်တော့ဘူး။ အခု Node.js က အရမ်းကောင်းတယ်ဆိုတာနဲ့ ဘယ်မှာ လေ့လာရမလဲဆိုတာ ဖြစ်ပြန်အုံးမယ်။ တကယ်တန်းတော့ မလေ့လာခင်မှာ ဘာလုပ်ချင်တာလဲ။ ကိုယ် ရေးမယ့် application , သို့မဟုတ် ကိုယ် သုံးတဲ့ project အတွက် ဘယ် language က အဆင်ပြေမလဲဆိုတာကို သိမှ ဘယ် programming ကို စလေ့လာဖို့ စဉ်းစားသင့်တယ်။ သူများတွေ လေ့လာလို့ လိုက်လေ့လာတယ်ဆိုတာ လုံးလုံး မှားယွင်းနေတယ်။ စိတ်ဝင်စားသွားရင် ပြဿနာ မရှိပေမယ့် စိတ်မဝင်စားတဲ့ အခါမှာ အချိန်ကုန် လူပန်းတာပဲ ရှိတယ်။
Continue reading


Myanmar 3 Multi OS font

အခု မြန်မာ ၃ က Mac OSX အတွက်ပါရသွားပါပြီ။ ttf file တစ်ခုတည်းနဲ့ Linux , Windows , Mac မှာ အသုံးပြုနိုင်ပါပြီ။ သို့ပေမယ့် ကျွန်တော့် ဆိုတဲ့ စာကို ရိုက်တဲ့အခါမှာ –့ နဲ့ –် က နေရာ ကွဲသွားပါတယ်။ mywebfont မှာလည်း updated လုပ်ပြီးသွားပါပြီ။ နောက်ပြီးတော့ mywebfont ကို သုံးထားတဲ့ website တွေအနေနဲ့ Mac OSX chrome နဲ့ ကြည့်နဲ့ အခါ Myanmar3 ကို embed လုပ်ပေးလိုက်ပါတယ်။ ဒါကြောင့် ကျွန်တော့် blog အပါအဝင် mywebfont အသုံးပြုထားတဲ့ site တွေမှာ chrome mac osx သာဆိုရင် font မရှိပဲနဲ့ ဖတ်နိုင်ပါပြီ။ သို့ပေမယ့် Windows Chrome အတွက်တော့ မရသေးပါဘူးဗျာ။

font embed on mac

Download