Windows Tweak လိုမျိုး Ubuntu Tweak ဆိုတာလည်းရှိပါတယ်။ ကျွန်တော်တို့တွေ Ubuntu မှာ လိုပြီး အရေးပါတဲ့ software တွေ လွယ်လွယ်ကူကူရှာပြီး သွင်းနိုင်တယ်။ splash screen တက်အောင်လုပ်လို့ရတယ်။ ဒါတင်ဘယ်ကမလဲ ကျွန်တော်တို့ရဲ့ Music, Picture စတဲ့ Default folder တွေကို ကိုယ့်စိတ်ကြိုက်ပြောင်းလို့ရတယ်။ နောက်ပြီး Start Menu က Ubuntu logo လေးကို မကြိုက်ရင် Ubuntu Tweak နဲ့ လဲပစ်လိုက်လို့ရတယ်။ နောက်ပြီး My Computer , Trash စတာတွေကို Windows မှာလို Desktop ပေါ်မှာ ပေါ်အောင် လုပ်လို့ရတယ်လေ။ ဘာပဲပြောပြော Ubuntu အသုံးပြုသူအနေနဲ့တော့ သွင်းထားသင့်တယ်။ သူ့ကို download ချမယ်ဆိုရင်တော့ ဒီမှာ ရယူနိုင်ပါတယ်။
Vista SP2 ထွက်အုံးမည်
Microsoft ဆိုတဲ့အတိုင်း Service Pack တွေအမြဲထွက်နေကြပါပဲ။ အခု နာမည်ကြီးနေတဲ့ Windows 7 မတိုင်ခင်မှာ Vista SP2 ကိုထုတ်မယ်လို့ ဖတ်လိုက်ရတယ်။ Vista SP1 ကတော့ မူရင်း Vista ထက်ပိုမြန်ပါတယ်။ ပိုပြီး သုံးလို့ကောင်းလာတာ အမှန်ပဲ။ အခု SP2 က ဘာတွေ ထူးခြားလာမလဲဆိုတာတော့ သေသေချာချာ မသိရသေးဘူး။
Comming Soon…Firefox 3.1
GetDEB
Ubuntu မှာ ဘာတွေ သုံးလို့ရလဲ မေးမေးနေသူတွေအတွက် http://www.getdeb.net ဆိုတဲ့ website လေးကို ညွှန်းပါရစေ။ Windows က Game တွေ ကစားလို့မရလို့ စိတ်မပျက်ပါနဲ့။ Windows Game လောက်မကောင်းပေမယ့် ကစားလို့ကောင်းတဲ့ Linux Game လေးတွေကို ရှာဖွေတွေ့ရှိနိုင်ပါတယ်။ ကိုယ်လိုအပ်တဲ့ software တွေကို Categories နဲ့ရှာဖွေနိုင်တယ်။ သုံးမကုန် စမ်းမကုန်အောင် များပြားလှပါတယ်။ ဘာကောင်းလဲဆိုတာကတော့ ကိုယ်တိုင်ရွေးချယ်လိုက်တာ အကောင်းဆုံးပါပဲ။ ဒါပေမယ့် စျေးကတော့ လူတိုင်း ဝယ်မရတဲ့စျေးနှုန်းနဲ့ download ချနေရပါတယ်။ ဘာဖြစ်လို့ဝယ်မရလဲဆိုတော့ free ဖြစ်နေလို့ပါပဲဗျာ….
Now Adobe Release Flashplayer for Ubuntu
1. remove your previous version flash player
sudo apt-get remove flashplugin-nonfree
2. Download DEB package From Adboe website
3. Install it
4. Restart the browser
New Software in this month
ကျွန်တော် သိသလောက်ပေါ့…
၁. silverlight 2 ထွက်လာပြီ။ ကြာပြီလားတော့ မသိဘူး။ ဟိုနေ့ကမှ စာတွေ ပြန်ဖတ်မှ တွေ့မိလို့ ကျွန်တော့်အတွက်တော့ အခုမှသိတာပဲ။
၂. Openoffice 3.0 ထွက်ပြီ။ Ubuntu မှာ Upgrade လုပ်ရအုံးမယ်။
၃. GIMP အသစ်ထွက်တယ်။ Ubuntu မှာ အဲဒါလည်း upgrade လုပ်ရမယ်။
၄. Flock 2.0 ထွက်ပြီ။ စောင့်ရတာ တော်တော်ကြာပြီ။ facebook သမားတွေအကြိုက် browser တစ်ခုပေါ့။ Firfox 3.0 ကို အခြေခံပြီး ထုတ်ထားတာလေ။
၅. Revo Uninstaller လည်း အသစ်ထွက်ပြီ။ ကျွန်တော်ကတော့ windows မှာ အဲဒါကို uninstall ချတိုင်း အဓိကအသုံးပြုတယ်။
Should be change PAC License
PAC လိုင်စင်…. တကယ် သုံးစားမရတာဗျာ… ထုတ်ထားတဲ့ စည်းကမ်းတွေက PAC တွေအတွက် စဉ်းစားသင့်တယ်….
သူတို့က ပိုက်ဆံပေးထားရတာ… ရတဲ့ service ကတော့ လူမိုက်ငှားဖို့လောက်ပဲ ရတာ… မြန်မာ unicode တွေ သေသေချာချာ စနစ်တကျ ရှိစေချင်တယ်ဆိုရင် PAC ကနေ ပဲသွားသင့်တယ်… ဆိုင်တွေတိုင်းမှာ မြန်မာ unicode တွေ မဖြစ်မနေ ထည့်ရမယ်… နောက်ပြီး keyboard တွေ မဖြစ်မနေထည့်ရမယ်.. လက်ကွက် စာရွက်ကို ထုတ်ထားပေးပါ.. စတာတွေ လုပ်ရင်တော့ Unicode က ဒီထက်ပို ကျယ်ပြန့်လာမှာ… ဆိုင်တွေမှာ ဘာ software တွေ မဖြစ်မနေထည့်ရမယ်.. Continue reading
ဖတ်သင့်တဲ့ Post တစ်ခု
ဒီနေ့မှ အေးအေးဆေးဆေးဖတ်ဖြစ်တယ်… တော်တော်ဖတ်လို့ကောင်းတဲ့ ဆွေးနွေးချက်တွေပါ… ဘာတဲ့… ခေါင်းစဉ်က
အဖြူရောင် ဟက်ကာများ အလိုရှိသည်