ကျွန်တော် ပေးထားတဲ့ javascript ကို download ချလိုက်ပါ…
Planet.com.mm ကလိုမျိုး မြန်မာလို keyboard ထည့်လို့ရပါတယ်…ကျွန်တော်က Planet ကနေပဲ code ယူထားတာပါ…. Font အတွက်ကတော့ EOT Font သုံးလိုက်ပါ….
ကျွန်တော် ပေးထားတဲ့ javascript ကို download ချလိုက်ပါ…
Planet.com.mm ကလိုမျိုး မြန်မာလို keyboard ထည့်လို့ရပါတယ်…ကျွန်တော်က Planet ကနေပဲ code ယူထားတာပါ…. Font အတွက်ကတော့ EOT Font သုံးလိုက်ပါ….
Adobe Acrobat 8 Professional ထွက်ပြီဗျ….GUI ပိုင်းကတော့ တော်တော်လေးပြောင်းလဲထားတယ်ဗျ….ပိုပြီးတော့ smart ဖြစ်သွားတယ်…နောက်ပြီး ms word ကိုလေး တိုက်ရိုက် export လုပ်လို့ရတဲ့အပြင် တခြား export file တွေလဲရလာတာတွေ့ရတယ်…နောက်ပြီး PDF File တွေကို merge လုပ်လို့ရလာတယ်.. အခု ရန်ကုန် ကဆိုင်တွေမှာ ၀ယ်လို့ရနေပါပြီ…တစ်ခွေထဲပါ….သွင်းရတာလည်းမြန်ပါတယ်..နောက်ပြီး အခွေထဲမှာ Adobe Reader 8 တောင်ပါလိုက်သေးတယ်..
Your Freedom ကိုသုံးမယ် ဆိုရင် Account တစ်ခုတော့ လိုတယ်ဗျ…အခုလတ်တလော မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ပြသနာက port HTTPS နဲ့သုံးတော့ မရဘူးဖြစ်နေတာပေါ့….HTTP ကိုသုံးပါ…ဒါဆိုရင် ရပါတယ်….နောက်ပြီး Address ကို အမြဲပုံသေမထားနဲ့…ပုံသေဆိုရင် connection ကနှေးသွားရော…၁ လ ၁ကြိမ်လောက်ပြောင်းပေး….ဘာကြောင့်လဲဆို freedom server ကိုကပြောင်းနေတော့…ကိုယ်ပါလိုက်ပြောင်းရတာပေါ့…..
ဘယ်လိုပြောင်းရမလဲဆိုရင်…..Freedom ကိုဖွင့်…Configure ကို၀င်…အောက်မှာ User Wizard ဆိုတာပါတယ်… Next တွေလုပ်သွား….Server ရှာနေတဲ့အချိန် ခဏလောက်စောင့်လို်က်…ပြီးရင် sever တွေက ရွေးတဲ့အခါမှာ HTTP တစ်ခုတည်း support လုပ်တဲ့ဟာပါရင် ရွေးလိုက်…မပါရင် HTTP support လုပ်တာကိုရွေးလိုက်….ပြီးရင် Protocol ကို HTTP ပြောင်းလိုက်…Save And Exit လုပ်….ပြီးရင် Start Connection လုပ်…ပိုမြန်တာကိုတွေ့လိမ့်မယ်….
IIS ဆိုတာ Internet Information Services ကိုပြောတာပါ။ သူက ဘာတွေလုပ်ပေးသလဲဆိုင် web programming တွေနဲ့ browser တွေကြားမှာ ကြားခံဆောင်ရွက်ပေးပါတယ်။ PHP နဲ့ရေးထားတဲ့ code ကို IIS ကနေတဆင့် browser မှာ HTML ပုံစံပေါ်အောင် တဆင့်ခံပြုလုပ်ပေးတာပါ။ ASP , ASP.NET တို့ code တွေကိုလည်း HTML code ထွက်လာအောင် ကြားခံဆောင်ရွက်ပေးတာပါ။ IIS လိုမျိုး ဟာတွေကတော့ Apache ပဲဖြစ်ပါတယ်။ IIS က windows တွေမှာပဲ အသုံးပြုနိုင်ပြီးတော့ Apache ကတော့ Linux ရော Windows မှာပါသုံးနိုင်ပါတယ်။ နှစ်ခုလုံးက free ရဲ့တဲ့ဟာတွေဖြစ်ပြီး IIS က built-in ပါပြီးသားပါ။
IIS ကိုသွင်းမယ်ဆိုရင် Control Panel Add Remove Program ကိုဖွင့်လိုက်ပါ။ Dialog တက်လာရင် Add Remove Component ကိုရွေးလိုက်ပါ။ နောက် box ထက်တက်လာပါမယ်။ အဲမှာ Internet Information Services (IIS) ကို check လိုက်ပါ။ ပြီးရင် OK နှိပ်ပါ။ အဲဒီအခါ windows အခွေတောင်းပါမယ်။ CD ထည့်ပေးလိုက်ပါ။သူ့ဘာသာသူ install လုပ်သွားပါမယ်။ ပြီးရင် Administrative Tool မှာ IIS ပါလာပါလိမ့်မယ်။
ကျွန်တော်တို့ ကျောင်းကြီးဘာဖြစ်သွားတာလဲ….
ဘာတွေဖြစ်ကုန်တာလဲဗျာ……
Master ခေါ်တာက ၂ ယောက်ပဲ……
ခေါ်တယ်ထင်လား…….. မဟုတ်ဘူးဗျ….၂ ယောက်ပဲကျန်ခဲ့တာ။Hones တစ်ခန်းလုံးပါတယ်ဗျာ။ နောက်ပြီး Hones ကိုဘယ်လောက်ခေါ်လိုက်တယ်ထင်လဲ။ ၇၅၂ ယောက်တဲ့ဗျာ။ ဒါကြောင့် ကြွေးကျန်မပါသေးဘူး။ အားပါး..ပါး…ငါတို့ ပါချုပ်က ဘယ်လိုထိန်းမလဲမသိဘူး။ အဲဒါတောင် အားမရသေးဘူး First Year လေးတွေကို အယောက် ၃၀၀၀ ကျော်တောင်ခေါ်လိုက်တယ်ဗျာ။ ရက်စက်လိုက်တာ။ ကလေးတွေကို ခေါ်ပြီး နှိပ်စက်တာလားမသိဘူး။ တစ်ခန်းကို အယောက် ၂၀၀ မကထားတယ်ဗျာ။ ၁၃၅ ယောက်ကတောင် ပူလို့အိုက်လို့ သေချင်စိတ်ပေါက်နေတာ။ အယောက် ၂၀၀ ဆိုတော့ မတွေး၀ံစရာပဲ။ ၁၃၅ ယောက်ကတောင် ဆရာ ၊ ဆရာမတွေ စာကောင်းကောင်းမသင်နိုင်တာ။ အင်း…First Year လေးတွေကိုတော့ မပြောတော့ပါဘူး။ ဆရာ ၊ ဆရာမတွေ စာဘယ်လိုသင်မလဲဆိုတာကိုမြင်ယောင်ပါတယ်ဗျာ။ အဲဒါတင် မပြီးသေးဘူးဗျ… ကျောင်းမှာက DSA က Computer တွေရှိသေးတယ်။ သူတို့ကလည်း ခပ်များများ… ကျောင်းမှာလူတွေကနည်းတာ မဟုတ်ဘူး…. ပါချုပ်ရယ်…. လူတွေအများကြီးထိန်းနိုင်လို့လားဗျာ… မနှစ်တုန်းကလိုတော့ စည်းကမ်းမထုတ်လိုက်ပါနဲ့ဗျာ… ကျောင်းသားနှင့်ကျောင်းသူ ၃ပေ အကွာမှာနေပါ။ တစ်ခုံတည်း မထိုင်ရတဲ့ဗျာ… ဒီနှစ်လည်း ဘာစည်းကမ်းထုတ်အုံးမလဲမသိဘူး…. အခုကြားတာကတော့ ကျောင်းက canteen မှာ သီချင်းမဖွင့်ရဘူးတဲ့ဗျာ…. အင်း ပြောရင်းပြောရင်း ကျောင်းကို စိတ်ကုန်လာပြီ…တော်ပြီ..တော်ပြီ…ဆက်မပြောတော့ဘူး….နောက်မို့ဆို First Year လေးတွေ ငါ့ Blog ကိုဖတ်ပြီး ကျောင်းကထွက်ကုန်ရင် ငါ့ Blog Banned url အထဲပါသွားအုံးမယ်….
Firefox 2 ထွက်ပြီး မကြာခင်မှာပဲ IE 7 ထွက်လာခဲ့ပါတယ်။ ကျွန်တော်က security ပိုင်းနဲ့ပတ်သက်ရင်တော့ သေသေချာချာမသိပါဘူး။ ဒါပေမယ့် user တစ်ယောက်အနေနဲ့ တင်ပြသွားပါမယ်။
Firefox 2 ကို အရင်က ကျွန်တော်သုံးဖြစ်တယ်။ ဘာကြောင့်လည်းဆို သူက GUI Design ကတော်တော်လှတယ်ဗျ။ ဘာကြောင့်လည်းဆို ကြိုက်တဲ့ theme ကိုပြောင်းလို့ရတယ်။ နောက်ပြီး tab တွေနဲ့လည်း အများကြီးဖွင့်ထားလို့ရတယ်။ တခြား plug in အသစ်တွေလည်း download ချပြီးထည့်လို့ရသေးတယ်။ ဒါကြောင့် တော်တော်ကြာသုံးဖြစ်တယ်။ နောက်ပြီး web page တွေကို download ချတဲ့ပုံက IE ထက်စာရင် ပိုကောင်းတယ်ဗျ။ ကျွန်တော်လိုချင်တဲ့ JavaScript တွေကို IE ကနဲ့ယူတာမရပဲ Firefox ကနေယူလို့ရတော့ Firefox ကိုသဘောကျမိတယ်။
IE 7 ကို download ချဖို့ အခက်အခဲကြောင့်မသုံးဖြစ်ဘူး။ ဒါပေမယ့် သူများပြောသံတွေတော့ ကြားမိတယ်။ ဘာတွေကောင်းမှန်းလည်းမသိဘူး။ အဲဒီတုန်းကတော့ Firefox 2 လောက်တော့ကောင်းမှာ မဟုတ်ဘူးလို့ထင်ခဲ့တာပဲ။
ဒါပေမယ့် နောက်တော့ ကျွန်တော် IE 7 ကို သုံးလို့ရလာတယ်။ မဆိုးဘူးဗျ။ GUI မှာ တော်တော်လေးပြင်ဆင်ထားတာတွေ့ရတယ်။ Tab က Firefox မှာပါပြီးသားပါ။ Tab က image ကိုမြင်ရတာ opera မှာပါပြီးသား feature ပေမယ့် IE က အကုန်လုံးကို တပြိုင်နက်ထဲကြည့်လို့ရတာတော့တော်တော်လေးကောင်းတယ်လို့ဆိုရမယ်။ IE 7 က Firefox နဲ့ opera တို့ကို ပေါင်းပြီး ပိုကောင်းအောင်လုပ်ထားသလိုပဲ။ သူ့ကိုယ်ပိုင်ဟန်ကတော့ vista style လေးပဲပါတယ်။ ဒါပေမယ့် ပိုသုံးလို့ကောင်းတော့ ကျွန်တော်နောက်ဆုံး IE 7 ပဲသုံးဖြစ်တော့တယ်။
Computer ကိုလာတာ မကောင်းဘူးလို့တော့ ကျွန်တော်မဆိုပါဘူး။ ဆေးကျောင်းလောက်မကောင်းပေမယ့် ဆေးကျောင်းလောက်ပိုက်ဆံမကုန်တာတော့အမှန်ပဲ။ ဒါပေမယ့် နေရာကတော်တော်ဝေးတယ်ဗျ။ လှော်ကားနားမှာ ။ မြို့ထဲကနေကားစီးရရင် ၁နာရီခွဲလောက်ကြာတယ်။ အဲ ဟိုရောက်ရင် မပြီးသေးဘူး ။ Bus ကားစီးလာတဲ့သူဆိုသေတာပဲ။ ကျောင်းထဲကို ၀င်ဖို့ မထိသထိလမ်းမကြီးမှာ နေပူကျဲသဲထဲမှာ လမ်းလျှောက်ပြီး၀င်ရတာဗျို့။ အရိပ်ရတဲ့ သစ်ပင်ရှိသလားဆိုတာတော့မမေးနဲ့။ မေးရင်တော့ ရှိတယ်လို့ပြောရမှာပဲ။ တစ်ပင်ထဲ။ ဒါတောင် ကျောင်းဆောက်တုန်းက ခုတ်လို့မရတဲ့ အပင်ဆိုလို့ထားခဲ့တာ။ တခြားအပင်တွေကတော့ စိုက်ထားတုန်းပဲ။ ၄ နှစ်လောက်ကြာရင်တော့ နည်းနည်းကြီးလာလောက်ပါပြီ။ ကျောင်းထဲရောက်ရင်တော့ ကျောင်းသားသစ်တွေကတော့ တော်တော်လေးကြိုက်သွားမယ်နဲ့တူတယ်။ ဘာဖြစ်လို့လည်းဆို state ကျောင်းတွေထက်စာရင်ကြီးတယ်။ တခြား University ထက်စာရင်တော့ ကျွန်တော်လည်းမသိဘူး။ canteen က ကျောင်းကားတွေ ရပ်တဲ့ နေရာကနေ နည်းနည်းလေး ထပ်သွားရင်ရောက်ပြီ။ ကျောင်းက အစားအသောက်တွေက စျေးမများဘူး။ ၀ယ်စားရတာတော့တန်တယ်။ ဒါပေမယ့် ကျောင်းကရေက သိပ်မသန့်ဘူး။ သာဓုကန်ကရေလို့ပြောတာပဲ။ ဗိုက်မကောင်းရင် ကျောင်းက ကုန်းဆင်းမသောက်နဲ့။ ကုန်းဆင်းဆိုပြီး အလကားရတဲ့ သောက်ရေကိုပြောတာပါ။ ကျောင်းမှာ အိမ်သာတွေ ကတော့ မဆိုးပါဘူး ။ ကျောင်းဆောက်ပြီးကာစကတော့ ပလန်နေတာပဲ။ အခုတော့ တံခါးတွေမှာ ဂျက်မရှိတော့ဘူး။ ယောကျာင်္းလေး အိမ်သာမှာဆို မှန်မရှိဘူး။ မိန်းကလေးအိမ်သာမှာတော့ ရှိတယ်လို့ပြောကျတာပဲ။ ကျွန်တော်လည်း မ၀င်ဘူးတော့ သေသေချာချာမသိဘူး။ ကျောင်းဆင်းရင်တော့ မိန်းကလေးတွေ အိမ်သာခဏခဏ သွားပုံ အရဆိုရင်တော့ မှန်ထားပေးတယ်နဲ့တူတယ်။ ဒါပေမယ့် အထဲမှာလူတော်တော်များမယ်နဲ့တူတယ်။ တခါတခါ၀င်သွားရင် ထွက်လာဖို့မလွယ်တော့ဘူး။ အကြာကြီးပဲ။ မေးလိုက်ရင်လဲ အထဲမှာ လူများနေလို့ဆိုတာပဲ။
ကျောင်းရောက်ရင် အမှတ်နဲ့ အတန်းခွဲတော့ တချို့တွေက စာကြိုးစားတယ်။ တချို့ကျတော့လည်း ပျော်ပျော်ပါးပါး အတန်းလစ်ရော။ ကျွန်တော်ပြောချင်တာက အတန်းလစ်တာ အရေးမကြီးဘူး။ D Bar မထိအောင်တာနေ။ ကျောင်းမှာ အဓိက က စာမေးပွဲဖြေရဖို့ပဲ။ စာမေးပွဲဖြေရရင် အောင်ဖို့က ၉၉ ရာခိုင်နှုန်းရှိတယ်။ ဒါကြောင့် ဖြေခွင့်ရအောင်လုပ်။ နောက်ပြီး ကျောင်းမှာ စာအရမ်းတော်တာက ဘာလုပ်ဖို့လဲ။ အမှန်တိုင်းပြောရရင် ကျွန်တော် 2 year နှစ်က A ခန်းပဲ။ ဒါပေမယ့် တော်တော်လေး စိတ်ပျက်သွားတယ်။ သူတို့ စိတ်ထဲမှာ ကျောင်းစာပဲရှိတာများတယ်။ ဘာဖြစ်လို့လည်းတော့ မသိဘူးဗျ။ ကျွန်တော် အဲဒီထဲက စာမလုပ်တော့တာ အခုထက်ထိပဲ။ သူတို့ကို ကြည့်ရတာ ပင်ပန်းလွန်းတယ်ဗျာ။ ကျောင်းက Theory ပိုင်းတွေသင်တာပဲရှိတာကို။
ပထမနှစ်မှာ ကျောင်းက အခြေခံလေးတွေသင်တယ်။ Microsoft Word တို့ Excel တို့ပေါ့။ ဒါက စာတွေ့ပဲသင်တာနော်။ လက်တွေ့ စက်ခန်းထဲမှာသွားလုပ်။ မီးပျက်နေရင်တော့ လုပ်လို့မရဘူးပေါ့ဗျာ။ စက်ခန်းထဲ၀င်တာကို Roll Call မှာမယူဘူး။ မ၀င်ချင်ရင်လည်းရတယ်။ ပထမနှစ်ပြီးသွားလို့ Computer နဲ့ ပတ်သက်ပြီးတော်တော်လေးတတ်သွားမယ်လို့တော့မထင်နဲ့။ ဘာမှသေသေချာချာမတတ်ဘူးဗျ။ Theory တော့တတ်သွားတယ်။ Computer ဆိုတာဘာလဲ။ ဘယ်သူတွေက ဘယ်လိုလုပ်ခဲ့တာလဲ။ Memory တို့ Hard disk တို့ဆိုတာကိုကြားဘူသွားမယ်။ မြင်ဖူးမှာတော့ မဟုတ်ဘူး။ System Unit ကိုဖွင့်ပြြ]
]>
အရင်ဆုံး PHP ကို http://www.php.net ကနေ Download ချ လိုက်ဗျာ။ ပြီးရင် Zip ဖြည်ပြီးတော့ C:\PHP ဆိုတဲံ folder ဆောက်လိုက်။ အဲဒီအထဲကို ကူးချ Zip ဖြည်ထားတဲ့အထဲမှာ ပါတာတွေကို ကူးချလိိုက်။ ကျွန်တော် ပြောတဲ့ သဘောက C:\PHP\ မှာ ထည့်ခိုင်းတာနော်။ အဲဒီ အောက်ကို Folder လိုက်ကူးခိုင်းတာမဟုတ်ဘူး။ အဲဒီအောက်ကို php-cgi.exe ပါတဲ့ ဟာကို ကူးခိုင်းတာ။ အဲဒီမှာ ဘာ Folder တွေရှိလာမလဲဆို
C:\PHP
.\dev
.\ext
.\extras
.\includes
.\Pears
ဆိုပြီးရှိရမှာ။
php.ini-recommended ကို နောက်က -recommended ကိုဖြုတ်လိုက်ပါ။
ပြီးရင် C:\PHP\php.ini ကိုပြင်မယ်။
;cgi.force_redirect = 1 ရှေ့က ; ကိုဖြုတ်လိုက်။
cgi.force_redirect = 0 လို့ပြင်လိုက်ပါ။
;include_path = “.;c:\php\includes” ကိုရှာလိုက်ပါ။ ပြီးရင် ; ကိုဖြုတ်လိုက်ပါ။
; Windows: “\path1;\path2″
include_path = “.;c:\php\includes”
extension_dir = “./ext/” ဆိုပြီးပြင်ပါ။ ပြီးရင်
extension=php_gd2.dll ကိုရှေ့က ; ကိုဖြုတ်လိုက်ပါ။
extension=php_imap.dll ၊ extension=php_mysql.dll တို့ကို လည်း ရှေ့က ; ဖြုတ်လိုက်ပါ။
ပြီးရင် php_mysql.dll အောက်မှာ
extension=php_mysqli.dll
ထပ်ဖြည့်လိုက်ပါ။
ပြီးရင် save သိမ်းလိုက်ပါ။
IIS ကိုဖွင့်လိုက်ပါ။
Website အောက်က Default website ကို r-click လုပ်။ Properties ကို click လုပ်ပါ။ Home Directory ဆိုတဲ့ Tab ကို၀င်လိုက်ပါ။ Configuration Button ကိုနှိပ်လိုက်ပါ။ Mapping မှာ Add ကိုနှိပ်။ Executable မှာ C:\PHP\php-cgi.exe ကိုရွေးလိုက်ပါ။ Extension ကို .php လို့ရိုက်လိုက်ပါ။ ပြီးရင် Ok နှိပ်လိုက်ပါ။
Notepad ထဲမှာ
<?php
phpinfo();
?>
လို့ရိုက်လိုက်ပြီး C:\Inetpub\wwwroot ထဲမှာ infophp.php အဖြစ်သိမ်းလိုက်ပါ။ ပြီးရင် IE မှာ http://localhost/infophp.php ကို run လိုက်ပါ။ php နဲ့ ပတ်သက်ပြီး Information တွေပေါ်လာပါမယ်။ ဒါဆိုရင် PHP သွင်းပြီးသွားပြီ။
PHP 4 နဲ့ PHP 5 ဘာကွဲသလဲဆိုတာတော့ သေသေချာချာမသိဘူး။ ကျွန်တော်က PHP 4 တုန်းက Database ကို UTF-8 နဲ့သွားသိမ်းလို့မရဘူး။ PHP5 ရောက်တော့ သိမ့်လို့ရသွားတယ်။ မြန်မာစာတွေကို ကောင်းကောင်းသိမ်းလို့ရတယ်။ ဒါပေမယ့် MYSQL 5 လိုလိမ့်မယ်။ MYSQL5 မှ UTF-8 ကိုကောင်းကောင်းလေး support ပေးထားတယ်။ PHP ကို browser နဲ့ မဆိုင်ဘူးလို့ထင်တယ်ဗျ။ ဘယ် browser မှာ မဆို ကောင်းကောင်းလေးကြည့်နိုင်ပါတယ်။ ကျွန်တော်ကတော့ IIS ပဲသုံးတယ်။ Aparche Web Server ပေါ်မှာ သွင်းနည်းတော့ ကျွန်တော်မသိဘူး။ windows သုံးတဲ့သူတွေကတော့ IIS သုံးပြီးတော့ Linux သုံးတဲ့သူတွေကတော့ Aparche Web Server သုံးတယ်။
MySql ကရော MSSQL 2000 တင်ထားတဲ့ စက်မှာ ထပ်တင်လို့ရပါတယ်။ PHP ရေးမယ်ဆိုရင်တော့ MYSQL သုံးသင့်တယ်။ ဘာဖြစ်လို့လည်းဆို Free Hosting ရလို့ပါ။ MSSQL ဆို internet မှာ free မရပါဘူး။
PHP စလေ့လာမယ့်သူတွေအတွက်တော့ Visual Quick Pro Guide PHP And MYSQL For Dynamic Web Sites ဆိုတဲ့ စာအုပ်လေးကို recommend ပေးချင်ပါတယ်။ သူက PHP3 နဲ့ 4 ရယ် MYSQL 3 နဲ့ 4 အတွက်ပါ။ version ကတော်တော်လေး out နေပေမယ့် စလေ့လာမယ့်သူတွေ အတွက်တော့ တော်တော်လေးကောင်းပါတယ်။
စေတန်