Python ZG To Uni Converter

Hi Saturn,
I am attaching the lastest file with html2utf8 conversion and windows
standalone exe file inside the dist folder. Ko Thiha, please also test
for me if the windows exe works. Thanks.
The html2utf8 conversion will convert က to but will not convert
name html entities like &lgt; © etc which is useful in an html
file. For windows program I need to add a progress indicator bar as
write now user can not know when the conversion finished. But if their
file is not large this should not be a problem. Looking forward to
feedback. Sorry this took longer than expected.
After extracting this rar file, please rename two files from under
“dist” folder with extension .exe instead of .bak.
Cheers,
Ravi

Thank , Ko Ravi …

I can’t test today. I will test tomorrow and I will write how to convert using python converter.
download

Thank Reader

ကွျန်တော့် blog ကို unicode ပြောင်းပြီး နောက်ပိုင်း စာဖတ်သူတွေ ဆက်ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အမှန်တိုင်းပြောရင် unicode ပြောင်းဖို့ အစီအစဉ် မရှိသေးပေမယ့် php နဲ့ converter ရေးပြီး စမ်းပြောင်းလိုက်တာကနေ ပြောင်းဖြစ်သွားတာလို့ ဆိုရမယ်။ ပြောင်းပြောင်းချင်း ရုတ်တရက် ဖြစ်သွားတာကြောင့်လည်း စာဖတ်သူ ရာခိုင်နှုန်းကျသွားတယ်ဆိုလည်း မမှားပါဘူး။ သို့ပေမယ့် font embed ထည့်ပြီးနောက်ပိုင်းမှာတော့ ပြန်တက်လာတဲ့အတွက် စာဖတ်သူတွေကို ကျေးဇူးတင်ပါတယ်။

အမှန်တိုင်းပြောရင် ရုတ်တရက် ပြောင်းချလိုက်တာဟာ စာဖတ်သူကို မလေးစားသလို ဖြစ်သွားရင်တော့ တောင်းပန်ပါတယ်။ အဲလိုလုပ်လိုက်လို့လည်း စာဖတ်သူတွေ အဆင်ပြေမယ့် နည်းလမ်းတွေကို လိုက်ရှာဖြစ်နေတာပေါ့။ iOS နဲ့ ဖတ်နေသူတွေရှိတယ်။ Android နဲ့ ဖတ်နေသူတွေ ရှိတယ်။ Win , Linux , Mac နဲ့ ဖတ်နေသူတွေ ရိှတယ်။ အခုခေတ်က အရင်တုန်းကလို device တစ်ခုတည်း မဟုတ်တော့ဘူး။ OS တစ်ခုတည်း မဟုတ်တော့တဲ့အတွက် အကုန်လုံးအတွက် အဆင်ပြေအောင်တော့ ကြိုးစားနေပါတယ်။
Continue reading

Zawgyi To Unicode Tip,Tricks,Risk

This article is written by ko everleaner. But I can’t use all converter that show in article. The main problem is Mac and Linux platform converter. Yes, Ko Ravi done by python script and I tested it. It’s more faster than other converter. Linux and Mac haven’t problem. For Windows users must install python for running python script. Like php script, if you want to convert with php script, need to install php cli. Yes, I will write detail soon.

Thank , Ko Everleaner for Zawgyi To Unicode Tip,Trick and Risk

တည်း​ဖြတ်​ခဲ့​တဲ့ စာ​တစ်​ပုဒ်

ချဉ်းကပ်​ခြင်း​ဆို​တဲ့ အကြောင်း​ကို ရေး​ပြီး​တဲ့ နောက်​မှာ comment တွေ တော်တော်​ရ​လိုက်​တယ်။ မ​တူညီ​တဲ့ အမြင်​တွေ သို​ပေ​မယ့် တိုင်း​ပြည်​အပေါ်​မှာ ထား​တဲ့ စေတနာ​တွေ ကို​တော့ တွေ့​ရ​တယ်။ ဘယ်​နေရာ​ပဲ​ရောက်​ရောက် ဘယ်​အဆင့်​မှာ​ပဲ ရောက်​နေ​နေ ကိုယ့်​တိုင်း​ပြည်​ကို တိုးတက်​ချင်​တဲ့ စိတ်​တွေ​ကတော့ အပြည့်​ပဲ​ဗျ။ ကွ​ျန်တော် သူ​တို့ ပြော​တဲ့ ချဉ်း​ကပ်​ခြင်းကို ရေး​ဖို့ ရာ ၃ ရက်​လောက် ကြာ​တယ်။ မ​အား​တာ​လည်း ပါ​တယ်။ comment တွေ​ထဲ​က ကောင်း​တာ​တွေ ရွေး​ထုတ်​ပြီး ြ​ပန်​တည်း​ြ​ဖတ်​နေ​ရ​တာ ဘာ​လို့ ၃ ရက်ကြာ​သွား​မှန်း​မ​သိ​ပါ​ဘူး။ comment ရေး​ခဲ့​တဲ့​သူ​တွေ ဆွေးနွေး​ပေး​တဲ့ သူ​တွေ အားလုံး​ကို ကျေးဇူးတင်​ပါ​တယ်။ အစ​အဆုံး တည်း​ဖြတ်​ပြီး​တော့ ကိုယ့်​ဘာသာ ကိုယ်​ပြန်​ဖတ် ပြီး သဘောကျ​မိ​တာ​တော့ အမှန်​ပဲ။ မ​ဖတ်​ရ​သေး​ဘူး​ဆို​ရင် ဖတ်​လိုက်​ဖို့ အကြံ​ပြု​ပါ​တယ်။ နောက်​ပြီး ကို​သီ​ဟ ရေးထား​တဲ့ ပြောင်းလဲ​သင့်နေ​ပြီ ဖြစ်​သော ကျွန်တော်​တို့​၏ အမြင်​များ ကို​လည်း ပူးတွဲ ဖတ်​စေ​ချင်​ပါ​တယ်။

Unicode ဘယ်လိုသုံး

Unicode မြင်ဖို့ကတော့ Font ရှိဖို့ပဲလိုပါတယ်။ Font ရှိရင် မြင်ရပြီ။ ဒါဆိုရင် ဘာ ဖောင့်တွေ ရှိသလဲ ဆိုတာ ကြည့်ရအောင်။

စာဖတ်ဖို့

လက်ရှိ Unicode Font တွေကတော့ ဒီမှာ သွားဖတ်လိုက်ပါ။

ကျွန်တော့် blog sidebar မှာလည်း Font Link ထည့်ထားပေးပါတယ်။

Mac အတွက်ကတော့ ရှင်းတယ်။ ဒီ package ကို Install လုပ်လိုက်ရင်ရပါပြီ။ သို့ပေမယ့် OS X 10.6 တော့ လိုတယ်။ Font ပဲ လိုချင်တယ်ဆိုရင်တော့ ဒါကို download ချလိုက်ပါ။
Continue reading

Updated MMUnicode Embed

ဒီနေ့ ရုံးမှာ MMUnicode Embed အတွက် ထပ်ပြီး update လုပ်ဖို့ စဉ်းစားမိလာတယ်။ မနေ့ညကတည်းက စဉ်းစားမိပေမယ့် ရေးဖို့က ပျင်းနေတယ်။ ရုံးရောက်တော့ လူပျိုကြီးကိုတော့ လှမ်းပြီး အကြောင်းကြားလိုက်သေးတယ်။ ကျွန်တော် ဒီနေ့ comment မှာ ဇော်ဂျီနဲ့ ရိုက်ရိုက် unicode နဲ့ ရိုက်ရိုက် ရိုက်လို့ရအောင် လုပ်တော့မယ်လို့။ တကယ်တန်းတော့ ကျွန်တော် ငပျင်းမို့ပါ။ comment တဲ့သူတွေက unicode နဲ့ ဖတ်ပြီး comment တာတွေကို ဇော်ဂျီ နဲ့ ရိုက်သွားတယ်။ ဒါနဲ့ ကိုယ့်ဘာသာကိုယ် ပြန်ပြောင်းရတာပေါ့။ အဲလို ပြောင်းရတာ ပျင်းလို့ comment ရေးတာတွေကို ဇော်ဂျီနဲ့ ရေးရေး Unicode နဲ့ ရေးရေး ရအောင် လုပ်မယ်ဆိုပြီး ဆုံးဖြတ်ထားတာ။
Continue reading