Working with git

Git ကို အရင်ရုံး point-star မှာ စသုံးဖူးတာပါ။ git ဆိုတာကို အရင်တုန်းကတော့ opensource တွေကို download ဆွဲချပြီး သုံးဖို့လောက်ပဲ သုံးဖြစ်တယ်။ point-star မှာ github သုံးရမယ်ဆိုတာနဲ့ github ကို လေ့လာဖြစ်တာပဲ။ github နဲ့ git အစတုန်းက လုံးဝ ကို မကွဲတာ။ github သုံးရင်းနဲ့ git နဲ့ github မတူဘူးဆိုတာ သိလာတာ။ git သုံးတတ်ပြီးနောက်ပိုင်းမှာ github မှာ opensource project တွေ တင်ဖြစ်တယ်။ သို့ပေမယ့် တစ်ယောက်တည်းပဲ ဖြစ်တဲ့အတွက် git အကြောင်းကို ကောင်းကောင်း မသိခဲ့ဘူး။ အရင်ရုံးတုန်းကလည်း တစ်ယောက်တည်းလိုလို ဖြစ်နေတဲ့အတွက် မထူးခြားလှဘူး။ backup သာသာ ရှိပါတယ်။

ဒီရုံးရောက်တော့ repo သုံးမယ် ဆိုတော့ ကျွန်တော်က bitbucket ကို recommend လုပ်ခဲ့တယ်။ သို့ပေမယ့် bitbucket က hg ပဲ support လုပ်တယ်။ ဒါကြောင့် git ထက်စာရင် hg ကို အသုံးပြုဖြစ်ခဲ့တယ်။ အခုနောက်ပိုင်း bitbucket က git support လုပ်တော့ ကျွန်တော်တို့တွေ git ကို ပြောင်းသုံးခဲ့တယ်။ hg နဲ့ git က အတူတူပဲ လို့ ဆိုလို့ရပါတယ်။ သို့ပေမယ့် ကျွန်တော်က git ကို ပိုကြိုက်တယ်။ git က data တွေကို compress လုပ်ပြီး သိမ်းထားတဲ့အတွက်ကြောင့် နေရာ သိပ်မယူဘူးလို့ ဆိုရမလိုပဲ။ Git ကို စသုံးတဲ့အချိန်မှာ ကျွန်တော်တို့ ရုံးက ၂ ယောက်တည်း မဟုတ်တော့တာအတွက်ကြောင့် hg ထက်စာရင် git အကြောင်းကို ပိုသိပါတယ်။

Continue reading

BetterLetter

ကျွန်တော်တို့ ရုံးက အသစ်ထုတ်လိုက်တဲ့ Game ပါ။ စာလုံး Game တွေ သဘောကျတဲ့ သူတွေအတွက်ပါ။ အဓိက English စာလုံး game ပါပဲ။ စစ ဆော့ချင်းမှာ စာလုံး တစ်လုံးလာမယ်။ အဓိပ္ပာယ်ရှိတဲ့ စာလုံး တစ်လုံး ဖြည့်မယ်။ နောက်တစ်ယောက်က နောက်ထပ် စာလုံး ထပ်ဖြည့်တဲ့ အခါမှာ စာလုံးတွေကို နေရာရွေ့ပြီး ဖြည့်လို့ရတယ်။ ကစားကြည့်ပါ။ ပျော်စရာ ကောင်းသလို English စာလုံး အသစ်တွေလည်း တိုးတက်ပါတယ်။

Download at App store


Xoom Root

အစ်ကို ဝမ်းကွဲက သူ ဝယ်ထားတဲ့ Xoom မှာ မြန်မာလို ထည့်ချင်လို့ ဆိုတာနဲ့ Root စမ်းလုပ်ကြည့်တယ်။ သူ့မှာက one click မရှိတဲ့ အတွက်ကြောင့် အချိန်တော့ နည်းနည်းပေးလိုက်ရတယ်။

http://forum.xda-developers.com/showthread.php?t=1242241

မှာ အသေးစိတ်ရေးထားတယ်။ Root မလုပ်ခင်မှာ data တွေ အားလုံးကို backup လုပ်ထားပါ။ data တွေ အကုန်ပျက်သွားမှာ ဖြစ်ပြီး လုံးဝ အစ အတိုင်း ဖြစ်သွားမှာ ဖြစ်လို့ပါ။

Continue reading

OrnagaiMe Winner!

အခုတလော အလုပ်ကို လုံးဝ ကို မအားတာနဲ့ ဘာမှ မလုပ်ဖြစ်ဘူး။ ရုံးအလုပ်တစ်ခုတည်းပဲ အာရုံစိုက်ပြီး လုပ်နေတာကြောင့်လည်း ပါတာပေါ့။ facebook တောင် တခါတလေလောက်ပဲ ကြည့်ဖြစ်တယ်။ သတင်းတွေလည်း သိပ်မဖတ်ဖြစ်ဘူး။ ရုံးမှာ အလုပ်များနေတာနဲ့ OrnagaiMe မဲပေါက်တဲ့သူ စာရင်းကို အခုမှပဲ ကြေငြာဖြစ်တော့တယ်။ ကျွန်တော် အခု 30 free ပေးထားပါတယ်။ မဲပေါက်တဲ့သူတွေ email တွေမှာ စစ်ကြည့်လိုက်ပါခင်ဗျာ။ Promo code ဘယ်လို သုံးရမလဲ မသိသူတွေကတော့ ဒီမှာ ဖတ်ကြည့်ပါ။

Continue reading

Making Rest API – Part 2

Part 1 ကို အရင် ဖတ်ရန်

Ava framework ကို ဒီမှာ download ချလိုက်ပါ။ ရလာတဲ့ zip file ကို localhost အောက်မှာ testRest ဆိုပြီး ပေးထားပါတယ်။ zip file ထဲက file တွေအားလုံးကို testRest အောက်ကို ပို့လိုက်ပါတယ်။

ava

ပြီးရင် http://localhost/testRest ဆိုပြီး ခေါ်ကြည့်ရင် အောက်ကလို မြင်ရပါမယ်။

ကဲ .. ကျွန်တော်တို့တွေ စရေးလို့ရပါပြီ။

/system/application/controller အောက်က file တွေကို ဖျက်လိုက်ပါ။
/system/application/model အောက်က file နှင့် /system/application/view အောက်က file တွေပါ အပါအဝင်ပေါ့။

ပြီးရင် /system/config/development.php မှာ config လုပ်ရပါမယ်။

const base_url="http://localhost/testRest";
const home_controller = 'posts';

ပြီးရင် database config ကို ပြင်ပါမယ်။ ကျွန်တော်က rest ဆိုတဲ့ database မှာ posts table ကို ဆောက်ထားတာပါ။ ဒါကြောင့် ဒီလိုရေးထားပါတယ်။
Continue reading

Making Rest API – Part 1

ကျွန်တော် PHP နဲ့ REST API အကြောင်းကို တစ်ခေါက်ရေးဖူးပါတယ်။ အဲဒီမှာ CodeIgniter ပြဿနာကို ရေးခဲ့ဖူးပါတယ်။ Slim Framework အကြောင်းကိုလည်း ပြောခဲ့ပါတယ်။ သို့ပေမယ့် Slim Framework ပြဿနာက ကျွန်တော်တို့ routing ပတ်လမ်းကြောင်းတွေ အများကြီး ရေးနေရမှာပဲ။ file တွေ အများကြီးကို ခေါ်ပြီးတော့ run ရမှာဖြစ်တဲ့အတွက်ကြောင့် သဘောမကျလှဘူး။

ဒါနဲ့ CodeIgniter routing နဲ့ Sinatrarb routing ပေါင်းပြီးတော့ Ava framework မှာ ထည့်သွင်းလိုက်ပါတယ်။ ကျွန်တော်တို့ Rest API တစ်ခုကို ရေးကြည့်ရအောင်။ Example အနေနဲ့ blog API တစ်ခု တည်ဆောက်ပါမယ်။ GET , POST , PUT , DELETE တွေကို ကျွန်တော်တို့ အသုံးပြုပါမယ်။

GET ကတော့ ရဖို့အတွက်ပါ။ POST ကတော့ add လုပ်တဲ့ ကိစ္စတွေမှာ သုံးပါမယ်။ PUT ကိုတော့ edit လုပ်ဖို့မှာ အသုံးပြုပါမယ်။ DELETE ကိုတော့ ဖျက်တဲ့ နေရာမှာ အသုံးပြုပါမယ်။
Continue reading

Giveaway OrnagaiME

OrnagaiMe iOS app ကို blog ရေးတာ ၅ နှစ်ပြည့်တဲ့ အထိမ်းအမှတ်နဲ့ Promo Code ၁၀ ခု ပေးပါမယ်။ iPhone , iPodTouch , iPad ရှိတဲ့သူများ အောက်မှာ comment လေးပေးထားခဲ့ရင် ရပါပြီ။ နောက်အပတ် စနေနေ့မှာ မဲနှိုက်ပြီးတော့ ကြေငြာပေးပါ့မယ်။

* facebook comment တွင် မထည့်ခဲ့ပါနှင့်။ Blog comment တွင်သာ နာမည် , email တို့ကို ရေးခဲ့ပါ။