အခု blog မှာ font embed ထည့်ထားပြီးပြီ ဖြစ်တဲ့အတွက် font မရိှတဲ့ သူများလည်း မြင်ရပါလိမ့်မယ်။ RSS မှာလည်း မကြာခင် ထည့်ပေးပါမယ်။ ဒါဆိုရင် RSS မှာ font မရိှတဲ့သူများလည်း မြင်ရမယ်လည်း ထင်တာပဲ။ RSS ကိုတော့ စမ်းရအုံးမယ်။ iOS မှာလည်း မြင်ရအောင် ဖန်တီးပေးထားတယ်။ ဘယ် Mac မှာလည်း မြင်ရအောင်တော့ font embed ထည့်ထားပါတယ်။ အကုန်လုံး အဆင်ပြေအောင် ဖန်တီးပေးရင်တော့ wordpress အတွက် plugin ထုတ်ပေးပါမယ်။ နောက်ပြီး အခြား website တွေအတွက် javascript ထုတ်ပေးပါမယ်။ အခု စမ်းသပ်ဆဲမုိ့ပါ။
ရေးဖြစ်တဲ့စာ
မနေ့က MZ Blog မှာ ချဉ်းကပ်ခြင်း ဆိုတဲ့ Post တစ်ခု တင်ထားတယ်။ ကိုမြင့်ကျော်သူ ပြောတဲ့ comment နဲ့ ကိုအောင်စည်သူကျော်ပြောထားတဲ့ comment ၂ ခုကတော့ စိတ်ဝင်စားဖို့ ကောင်းတယ်။ ကျွန်တော် ဘယ်လို reply ပြန်ရမလဲ။ ကျွန်တော့် အယူအဆက ကော ဘယ်လိုလဲဆိုတာကို ကိုယ့်ဘာသာကိုယ် စဉ်းစားနေဆဲ။ Basic education က အရေးပါသလို ကျွန်တော် ပြောနေကြ စကားလုံးဖြစ်တဲ့ ရှုးသွပ်ခြင်းကလည်း အရေးပါပြန်တယ်။ ရှုးသွပ်ခြင်းဆိုတာက လူတိုင်းမှာ မရိှတဲ့ အရာတစ်ခုပါ။ ရှုးသွပ်ခုံမင်ခြင်း ဆိုတဲ့ အရသာကို သာမာန်လူတွေ မခံစားနိုင်တဲ့ အရာလို့ပဲ ဆိုရမလားပဲ။ ဒီ ပေါ်မှာ ရှုးသွပ်ခုံမင်ဖို့အတွက် အကြောင်းတွေတော့ ရိှဖို့လိုမှာပေါ့။ ဒါမှသာ ရှုးသွပ်ခုံမင်ခြင်းဆိုတဲ့ အကျုိးဖြစ်လာမှာ။ အခုခေတ်လူငယ်တွေမှာ ပညာတတ် ဘွဲ့ရတွေ များလာပေမယ့် ရှုးသွပ်ခုံမင်ခြင်း ဆိုတဲ့ စိတ်တွေ ကျဆင်းလာတယ်။ ဘဝကို စိတ်ပျက်လာတယ်။ ဒါတွေကြောင့်လား စဉ်းစားမိသေးတယ်။ ဘာပဲပြောပြော ချဉ်းကပ်ခြင်း ဆိုတဲ့ Post လေးကို ရေးလိုက်ရတာ တော်တော်နေသာထိုင်သာရှိသွားတယ်။ ပြောချင်တာတွေ ရေးချလိုက်ရတာကြောင့် လက်ရိှ သင်ကြားပုံတွေရဲ့ တစ်စိတ်တစ်ပိုင်းလောက် ပြောင်းလဲလာနိုင်တယ် လက်ရိှ လေ့လာနေတဲ့သူတွေအနေနဲ့ အားတက်လာမယ်ဆိုရင် ရေးရတာ တန်သွားပြီလို့ ဆိုရမယ်။
Happy New Year !!!
Happy New Year !!! Now … Today is 1.1.11. All are the one. The great number for all of us.
In 2011, I need to do many things. For my blog ,
I need to rewrite plugin for combo box. I dont’ like current unicode, zawgyi combo box. I want to change UI and some code. Many things we need to do in 2011.
For my life 2010 have many changes for my life.
- I change to iOS developer from web developer. But I still working Web Development for my own project.
- I changed Zawgyi to Unicode at 31 Dec 2010.
- I wrote many opensource in 2010 and use github and bitbucket repo.
- I used iPad and iPhone in 2010.
- I published ornagai iphone app.
- I used mac mini in 2010.
- My default browser is RockMelt in 2010.
- I read many book in 2010 and I love မြန်မာပြည်သား that is written by Yangon Ba Swe.
We depress , We surprise , We happy , We share , We lost , We got many things happend in 2010. Now arrive 2011 and we will meet many good things and bad things. But we are ready for 2011.
Happy New Year!!!
Unicode , Zawgyi And Me
အခုကေတာ့ Blog ကို ဇော်ဂျီကနေ Unicode ကို ပြောင်းလိုက်ပြီ။ Converter ကတော့ ကိုယ့်ဘာသာကိုယ် PHP နဲ့ ရေးလိုက်တာပဲ။ ကိုယ့်ဘာသာကိုယ် ရေးထားတာဖြစ်လို့ 100% တော့ မမှန်ဘူးဖြစ်နေတယ်။ ကိစ္စမရှိ။ စာဖတ်သူတွေ ဖြည့်ပြီး နားလည်ပေးမယ်လို့ ထင်ပါတယ်။ Unicode 5.2 stable ဖြစ်သွားပြီလို့ ဆိုတာကြောင့် Unicode ကို ပြောင်းဖို့ ဆုံးဖြတ်လိုက်တာပါ။
Unicode နှင့် ကျွန်တော်
Unicode ကို ဘယ်တုန်းက စသိသလဲဆိုတော့ မြန်မာ 1 ကတည်းက စသိတယ်ဆိုရမယ်။ အဲတုန်းက ကြားဖူးတာပဲရှိတာ။ Unicode ဆိုတာ ဘာမှန်းမသိ။ နောက်တော့ မြန်မာ 2 ပေါ်လာတာတော့ ကျွန်တော် စသုံးတယ်။ အဲတုန်းက ဇော်ဂျီ ပေါ်ပြီလား မပေါ်သေးဘူးလားမသိဘူး။ သုံးရတာ လုံးဝ အဆင်မပြေ။ ရိုက်ရတာလည်း အဆင်မပြေ။ အချို့ စာလုံးတွေ ရိုက်လို့မရ။ ဒါကြောင့် မြန်မာစာ ရိုက်ဖို့ ဝင်း ကိုပဲ သုံးတော့တယ်။ နောက်တော့ Planet မှာ ဇော်ဂျီ ပြောင်းသုံးပြီဆိုတာနဲ့ font ကို download ချ။ keyboard ကို download ချပြီး သုံးကြည့်တယ်။ ၂၀၀၅ ခုနှစ် နှစ်ကုန်လောက် တုန်းက ထင်တယ်။ အဲတုန်းက forum မှာ တော်တော် အချိန်ကုန်ခဲ့တာ။ ဝင်း နဲ့ အစက ရိုက်နေတာကနေ မြန်မာ English ၂ မျိုး ရိုက်လို့ရတယ်။ ကိုယ် ရိုက်ချင်တဲ့ စာ တော်တော်များများ အေးအေးဆေးဆေး လွယ်လွယ်ကူကူ ရိုက်လို့ရတယ်။ မြန်မာ ၂ ကို ကျွန်တော်အဲတုန်းက နည်းနည်း သုံးသေးတယ်။ ကိုယ့်ဘာသာကိုယ် စာရေးဖို့အတွက် ဟိုစမ်းဒီစမ်း ထင်တယ်။ ၂၀၀၆ ခုနှစ် နိုဝင်ဘာလမှာ ကျွန်တော် blog ကို စရေးဖြစ်တာ။ အဲဒီ မတိုင်ခင်က မိုင်မြန်မာလည်း ထွက်ပြီထင်တယ်။ unicode 4.0 ကို အခြေခံထားတာ။ ဇော်ဂျီကတော့ unicode 4.0 နဲ့တော့ တူပေမယ့် လိုနေတာတွေ အကုန်အဆင်ပြေအောင် ထပ်ဖြည့်ထားတာပေါ့။ ဘယ်သူကမှလည်း သုံးပါ ဆိုပြီး အတင်းအကျပ် မခိုင်းပါဘူး။ အဲတုန်းကတော့ Unicode သွင်းပြီး rendering အတွက် တော်တော်လေးကို ခက်ခဲတာ။ တော်တော်လေးဆိုတာ ကျွန်တော် ပြောတဲ့ တော်တော်လေးက ခက်တယ်။ XP မှာ unicode ထည့်ဖို့ သာမာန် End User အနေနဲ့ မလွယ်ပါဘူး။ နောက်ပြီး unicode သွင်းဖို့အတွက် XP windows အခွေလိုတဲ့ အတွက် End User တွေအတွက် မလွယ်လှပါ။ End User တော်တော်များများမှာ Windows ခွေ ကိုယ်ပိုင် မရှိသလို သူတို့အတွက်လည်း လိုတဲ့ အရာလို့ မမြင်ဘူးလေ။
Continue reading
Parallel Universe
Parallel Universe is a javascript that written by Mad Computerist. It can detect zawgyi or unicode. It will force to change css font. So, user can see zawgyi and unicode at the same time. I installed unicode and can’t see all of the zawgyi font in facebook. But I don’t want to force font on browser. Ko Nyein Chan Htwe ( ODF ) told me, why we can’t live in two universe. Why we can’t run parallel universe.
Continue reading
MM Bookmarklet short link
dropbox မှာ တင်ထားတဲ့ bookmarklet link ကို သွားရခက်နေသူများအတွက်
http://bookmarklet.saturngod.net
Unicode Zawgyi Combobox
Unicode , Zawgyi combobox wordpress မှာ ဘယ်လိုထည့်ရမလဲမေးနေသူများအတွက် plugin လေးရေးပြီး တင်ထားလိုက်ပါတယ်။ ဘာ code မှ ပြင်စရာမလိုပဲ plugin လေး သွင်းလိုက်ရင်ရပါပြီ။
http://wordpress.org/extend/plugins/unicode-zawgyi-combobox/
Nook color is best for End User
စာဖတ်ဖို့အတွက် Android Tablet ရွေးမလား Nook Color ရွေးမလားဆိုရင်တော့ Nook Color ကို recommend လုပ်ပါတယ်။ Android ဆိုတာက Geek တွေအတွက်ကတော့ ထမင်းစားရေသောက် လုပ်ချင်တာ လုပ်ဖြစ်ပေမယ့် End user တွေအတွက် တော်တော် အလုပ်ရှုပ်မယ့် ကိစ္စတွေရှိပါတယ်။ စာဖတ်ဖို့အတွက် App ထပ်သွင်းရတာ ရှိမယ်။ Epub , PDF , docx , doc စတဲ့ format တွေ ဖတ်ဖို့အတွက် App ထပ်သွင်းရပါမယ်။ Market ထဲကို ဝင်ပြီး ရှာရမယ်။ ပြီးရင် App ကို ဖွင့်ပြီး SD card ကနေ စာအုပ်ဖွင့်ရမယ်။ အဲဒီအတွက် Computer နဲ့ ချိတ် စာအုပ်တွေ ထည့်။ ပြီးရင် App သွားပြီး file တွေ ရွေးပေးရပါအုံးမယ်။ Nook color ဆိုရင်တော့ Computer နဲ့ Nook Color ကို USB နဲ့ ချိတ်။ ပြီးရင် file ကူး။ ဒါဆိုရင် ဖတ်လို့ရပြီ။ ဘာ အဆင့်မှ မလိုပါဘူး။ စာအုပ်ဖတ်ဖို့အတွက် သီးသန့်ပါ။ အခြား Game ပါဆော့ချင်ရင်တော့ Android Tablet ဖြစ်ဖြစ် iPad ဖြစ်ဖြစ် ဝယ်ပေါ့ဗျာ။
Continue reading