Nook color is best for End User

စာဖတ်ဖို့အတွက် Android Tablet ရွေးမလား Nook Color ရွေးမလားဆိုရင်တော့ Nook Color ကို recommend လုပ်ပါတယ်။ Android ဆိုတာက Geek တွေအတွက်ကတော့ ထမင်းစားရေသောက် လုပ်ချင်တာ လုပ်ဖြစ်ပေမယ့် End user တွေအတွက် တော်တော် အလုပ်ရှုပ်မယ့် ကိစ္စတွေရှိပါတယ်။ စာဖတ်ဖို့အတွက် App ထပ်သွင်းရတာ ရှိမယ်။ Epub , PDF , docx , doc စတဲ့ format တွေ ဖတ်ဖို့အတွက် App ထပ်သွင်းရပါမယ်။ Market ထဲကို ဝင်ပြီး ရှာရမယ်။ ပြီးရင် App ကို ဖွင့်ပြီး SD card ကနေ စာအုပ်ဖွင့်ရမယ်။ အဲဒီအတွက် Computer နဲ့ ချိတ် စာအုပ်တွေ ထည့်။ ပြီးရင် App သွားပြီး file တွေ ရွေးပေးရပါအုံးမယ်။  Nook color  ဆိုရင်တော့ Computer နဲ့ Nook Color ကို USB နဲ့ ချိတ်။ ပြီးရင် file ကူး။ ဒါဆိုရင် ဖတ်လို့ရပြီ။ ဘာ အဆင့်မှ မလိုပါဘူး။ စာအုပ်ဖတ်ဖို့အတွက် သီးသန့်ပါ။ အခြား Game ပါဆော့ချင်ရင်တော့ Android Tablet ဖြစ်ဖြစ် iPad ဖြစ်ဖြစ် ဝယ်ပေါ့ဗျာ။
Continue reading

Nook Color Unpacking

၁၆ ရက်နေ့ညကတည်း ဝယ်လိုက်တာ ၂၃ ရက်နေ့မနက်မှပဲ လက်ထဲကို ရောက်တော့တယ်။ Nook ဝယ်ဖို့ barnes and noble ကနေ vpost us address. အဲလိုပို့တာ ၃ ရက်ကြာတယ်။ Vpost US Address ကိုရောက်တော့ shipping charges ချေရတယ်။ စလုံးရောက်ဖို့ကတော့ ၄ ရက်ကြာတယ်။ စလုံး ရောက်ပြီးနောက်နေ့ပဲ ချက်ခြင်း ရောက်လာပါတယ်။ စျေးကတော့ shipping charges အပါဝင် S$356.14 ကျပါတယ်။ ကျွန်တော် သုံးဖို့အတွက်တော့ မဟုတ်ပါ။ အစ်မအတွက် မှာပေးထားတာပါ။ ၁ ရက်လောက် စမ်းသုံးကြည့်တော့ iPad ကိုပဲ သဘောကျသွားတယ်။ အရွယ်အစားကတော့ iPad ထက်စာရင် ပိုကောင်းတယ်။ စာဖတ်ဖို့အတွက်ပဲ အသုံးဝင်ပါတယ်။ တခြားဟာတွေအတွက်ကတော့ အသုံးမဝင်ပါ။

Creative Ziio

Creative ကလည်း Android Tablet ကို ထုတ်လိုက်ပါပြီ။ ထုတ်လိုက်တာကတော့ မကြာသေးပါဘူး။ Creative ဆိုတာကတော့ စကာင်္ပူရဲ့ အထင်ကရ company တစ်ခု ဆိုလည်း မမှားပါဘူး။ အထူးသဖြင့် speaker တွေနဲ့ ပတ်သက်ပြီး နာမည်ရှိတဲ့ Brand လို့ဆိုနိုင်ပါတယ်။ ကျွန်တော် Nook Color ကို order မှာပြီး ၃ ရက်အကြာလောက်ထင်တယ်။ တော်တော်လေး မကျေမနပ်ဖြစ်သွားရတဲ့ Product လို့ဆိုရမယ်။ စျေးနှုန်းကလည်း 8 GB ကို S$360 ပဲ ပေးရတယ်။ အခု အချိန် မြန်မာငွေ ပေါက်စျေးနဲ့ဆိုရင်တော့ ၂ သိန်းခွဲလောက်ပဲ ရှိပါတယ်။ ၇ လက်မ ဖြစ်တဲ့အတွက် စာဖတ်လို့လည်း အဆင်ပြေပါလိမ့်မယ်။ 16 GB ကိုတော့ S$390 ပေးရပါတယ်။ တကယ်လို့ ၇ လက်မ သေးလို့ ၁၀ လက်မ လည်းရှိပါသေးတယ်။

Continue reading

Singapore Post Collection

အခုတလော blog ရေးတာကို ပေးမယ့် အချိန်အစား CSS စာအုပ်ပြီးအောင် ရေးဖို့ အချိန်ပေးမယ်လို့ ဆုံးဖြတ်ထားပြီး CSS စာအုပ်ပဲ ရေးဖြစ်နေတယ်။ blog post တွေမှာ ရေးချင်တာရှိသေးတယ်။ သို့ပေမယ့် CSS စာအုပ်က နှစ်ပေါက်နေပြီ။ အဲဒီ အကြွေး အရင်ကျေအောင် ဆပ်မယ်ဆိုပြီး ရေးတော့ ရေးနေတာပဲ။ HTML စာအုပ်တုန်းက စာမျက်နှာ ၅၀ လောက်ပဲ ရှိပေမယ့် CSS စာအုပ်က အခုရေးနေတာ ၆၀ ရှိနေပြီ။ ဒါတောင် တဝက်ပဲ ရောက်သေးတယ်။ W3Cschool ကို reference လုပ်ပြီး ကျောရိုး ယူပြီး ရေးနေတာကြောင့် detail နည်းနည်းကျတာလဲ ပါတယ်။ CSS စာအုပ်ပြီးရင်တော့ Blog ပြန်ရေးပါ့မယ်။ ပြန်ရေးတဲ့ အချိန် ပထမဆုံး blog post ကလည်း CSS စာအုပ် ဖြစ်ပါစေလို့ မျှော်လင့်ရတာပဲ။ အခုတော့ စကာင်္ပူ က အလုပ်တွေနဲ့ ပတ်သက်ပြီး link တွေကို ပြန်စုစည်းပေးလိုက်ပါတယ်။ ကျွန်တော်လာတုန်းကတော့ post တွေက အရမ်းနည်းတယ်။ အခုတော့ မဆိုးဘူး လို့ဆိုရမယ်။ အရင်ကထက် စာရင် တော်တော်များလာပြီ။
Continue reading

တက္ကသိုလ် နေ့ရက်များ

Computer တက္ကသိုလ်ဆင်း တော်တော်များများဟာ ဗေဒင်နဲ့ မကင်းကြဘူးဗျ။ ( အချို့တွေကတော့ ကဒ်တွေနဲ့ မကင်းကြဘူးပေါ့ ) အခု နှစ်တွေတော့ မသိတော့ဘူး။ ကျွန်တော်တို့ နှစ်တုန်းကတော့ ဗေဒင် တက္ကသိုလ်လို့တောင် ဆိုရလောက်အောင် ကျောင်းသား ၊ကျောင်းသူတွေ ဗေဒင်ဟောတဲ့သူတွေ ဗေဒင်မေးတဲ့သူတွေကော စုံပေါ့ဗျာ။ တစ်ယောက်နဲ့ တစ်ယောက် ဟောပုံဟောနည်း မတူညီသလို ပညာဖလှယ်တာတွေလည်း ခဏခဏ ပေါ့ဗျာ။ ထမင်းစားချိန်ရောက်ရင် ဗေဒင်ဆရာတွေဆီမှာ ဗေဒင်ဟောတဲ့သူတွေ ရောက်လာတတ်သလို တစ်ခါတစ်ရံမှာလည်း ဗေဒင် ဆရာတွေ ဝိုင်းဖွဲ့ပြီး ဆွေးနွေးကြတာတွေလည်း ရှိသေးပါ့။

Continue reading

Is it worth ?

အခုတော့ infinity Blade ဆော့တာ အကုန်ပြီးပြီ။ Achievements ကတော့ ၃၈ ခု ပဲရှိသေးတယ်။ နောက်ထပ် ၄ ခုလောက် ရရင်တော့ ပြည့်ပြီ။ သို့ပေမယ့်လည်း မဆော့ချင်တော့ဘူး။ အခု All master ဖြစ်သွားတဲ့အတွက်ကြောင့် ထပ်ပြီး level တက်စရာ မရှိတော့သလို God King နဲ့ ချရင်လည်း လွယ်လင့် တကူနိုင်နေပြီ။ အဲ… အဆိပ်မမိသွားရင်ပေါ့။ God King နဲ့ ချတဲ့အခါမှာ ဓားစာ တချက်မိသွားရင် အဆိပ်မိသွားတတ်တယ်။ Heal ပြန်မလုပ်နိုင်ရင် သေပြီပဲ။ အဲဒါ တော်တော်ဆိုးတယ်။ တနည်းပြောရင် ညစ်ထားတာပေါ့ဗျာ။ ဆော့ရင်းနဲ့ ဂရုပြုမိလာတာက Infinity Blade company က တော်တော် ညစ်ထားတာပဲ။ God King ကိုလည်း ညစ်ထားတယ်။ အဲဒီ infinity Blade က magic ဓား မဟုတ်ဘူး။ ရိုးရိုးဓားပဲ။ Attack +200 ပေးထားတာပဲ ရှိတယ်။ God King မှာတော့ အဆိပ်ဓားဖြစ်နေတယ်။ ဒါကတော့ ညစ်တာ။ နောက်ပြီး level က ၄၀ ထိပဲ တက်လို့ရတယ်။ ဘယ်လိုမှ level 40 ထိ တက်လို့မရဘူး။ Game Center မှာ level 40 အထက် ရှိတဲ့သူတွေက အယောက် ၅၀ ကျော်တယ်။ ဒါက မဟုတ်ပဲနဲ့ ညစ်ထားတာတွေ။ Game Center ထိပ်ဆုံး အယောက် ၅၀ က အတုတွေ။ တကယ့်အစစ်တွေ မဟုတ်ပဲ ညစ်ထားတာ။ ဒါကြောင့် ဘယ်လောက်ဆော့ဆော့ top 50 ထဲ ကို မရောက်နိုင်ဘူး။
Continue reading

တစ်ပတ်စာ အကျဉ်းချုပ် – ၁

၁။ ရန်ကုန် ဘဆွေရဲ့ မြန်မာပြည်သား စာအုပ် ဖတ်ပြီးပြီ။ ရိုးရာဓလေ့ထက်စာရင် ဆင်ဖြူရှင်လက်ထပ် တိုင်းပြည်အခြေအနေ စစ်အခြေအနေတို့ကို ရေးထားတာကို သဘောကျတယ်။ ဇာတ်အိမ်ဖွဲ့ထားမှု ခိုင်ခံတယ်။ ဝမ်းနည်းတာက အဲလိုမျိုး ဝတ္ထုကောင်းကို မြန်မာတွေ ပြန်မရိုက်နိုင်ဘူး။ ရိုက်ရင်လည်း ကျန်စစ်မင်း ရုပ်ရှင်လို ဖြစ်သွားမှာ စိုးရတယ်။

၂။ Startup အကြောင်းရေးပေးပါဆိုပြီး ကိုပီဇီ ကပြောတာနဲ့ စာတွေ တော်တော်ပြန်ဖတ်လိုက်ရတယ်။ rework တောင် ပြန်မဖတ်ဖြစ်တော့ဘူး။ မှတ်မိသလောက်ထဲကနည်းနည်းနဲ့ အခုတလော ဖတ်ထားတဲ့ စာအုပ်တွေထဲက အကြောင်း နောက်ပြီး ကိုယ်မြင်ဖူး တွေ့ဖူးတာတွေကို ပေါင်းပြီး ရေးပေးလိုက်တယ်။ ခေါင်းစဉ်ကတော့ ကိုပီဇီ ပဲရွေးပေးလိုက်တာ။ Start-ups တွေ ဘာကြောင့် မအောင်မြင်ရတာလဲ ။ ဒုတိယ အပိုင်းကို ရေးတော့ ပိုသတိထားပြီး စဉ်းစားပြီးရေးရတယ်။ ပထမပိုင်းလောက် လက်မသွက်တော့ဘူး။ ကိုယ်ရေးထားတဲ့စာက အရေးကြီးတယ်လို့ ထင်လာတယ်။ မှားသွားရင် ဖတ်မိသူတွေအတွက် မကောင်းဘူးလို့ မြင်လာတယ်။ ဒါကြောင့် သေသေချာချာ စာဖတ်ပြီး ပြန်ရေးခဲ့ရတယ်။ အဲဒီအတွက် အချိန်တော်တော်ကုန်သွားတယ်။

၃။ ဒီနေ့ ရုံးမှာ Christmas အတွက် ပြင်တယ်။ Christmas Tree လည်း ပြင်လိုက်ရတယ်။ အရုပ်တွေလည်း အပြင်မှာ ဆွဲတာတွေ လုပ်လိုက်ရတယ်။ ပထမဆုံး အကြိမ် လုပ်ဖူးခြင်းပဲ။ ရုံးမှာ အလုပ်ဒီနေ့ သိပ်မလုပ်ဖြစ်ဘူး။ သို့ပေမယ့် တော်တော်ပျော်ဖို့ကောင်းတယ်။


Continue reading

You And I

U နဲ့ I နဲ့ က အနီးဆုံး ဖြစ်ပေမယ့် …
တစ်ခါတစ်လေမှာ…
ဘေးချင်းကပ်နေတယ်ဆိုတာကို …
မေ့နေကြတယ်..

U နဲ့ I နဲ့ က အနီးဆုံး ဖြစ်ပေမယ့် …
တစ်ခါတစ်လေမှာ…
အနားမှာဆိုတာကို…
မေ့တတ်ကြတယ်…

ဘာရယ်မဟုတ်ဘူး။ ရုံးမှာ ခေါင်းစားတာနဲ့ တွေ့တာလေးကို ရိုက်ထားလိုက်တာ။