Want to do in Ornagai next version

နောက်ထပ် version ကို ကျွန်တော် ထုတ်ဖို့နည်းနည်းကြာမလား မသိသေးဘူး။ ဒါမှမဟုတ် 1.4.2 အနေနဲ့ပဲ ဒီလကုန်ရင် ထပ်ထုတ်ဖြစ်မယ်ထင်တယ်။ ကျွန်တော် 1.5 မှာ Web ပေါ်ကနေ sync လုပ်လို့ရအောင် ပါအောင် ရေးရမယ်။ အစက မြန်မာ – အင်္ဂလိပ် အဘိဓာန် ထည့်အုံးမလို့ပဲ။ မလွယ်ဘူးဗျ။ keyboard ပြဿနာ ဖြစ်နေတာကြောင့် keyboard ကို image တွေပဲ သုံးပြီး သီးသန့် ထုတ်မလား စဉ်းစားနေတယ်။ တော်တော်လေးကို ပြန်ပြင်ရေးရမှာကြောင့်လည်း ပါတာပေါ့။ နောက်ပြီး မြန်မာ English database ပါထည့်လိုက်ရင် search လုပ်တဲ့ အခါမှာ အရမ်းကြာသွားလိမ့်မယ်။ Application အတွက် သီးသန့် keyboard ရေးဖို့တော့ ဖတ်ကြည့်နေတာပဲ။ သိပ်တော့ အဆင်မပြေလှသေးဘူး။ နောက်ပြီး စိုင်း dictionary ဆီကနေ ဒီနေ့ reply ရပြီ။ သူက iPhone app လုပ်ခွင့်ပြုလိုက်တော့ မြန်မာ – အင်္ဂလိပ် စိုင်း version ကိုတော့ free ပေးနိုင်မယ်ထင်တယ်ဗျ။ အဲဒါလေးကို အရင်ပြီးအောင် ကြိုးစားကြည့်ရမယ်။ ပြီးမှ မြန်မာ – အင်္ဂလိပ် ornagai ပေါ့။ English – Myanmar ကိုလည်း စာလုံး စုံအောင်တော့ အမြဲတန်း ကြိုးစားနေပါတယ်ဗျာ။

Learn Objective C

Mobile tutplus က Learn Objective C series ဖတ်ရင်းနဲ့ မြန်မာလို ပြန်ရေးချင်လာတာနဲ့ MZ Blog မှာ Objective C အကြောင်း ပြန်ရေးထားတယ်။ အခုဟာက ဘာသာပြန်ရတာဆိုတော့ ကိုယ်တိုင်ရေးထက်စာရင် ပိုလွယ်တယ်။ ဒါကြောင့် ပုံမှန်ရေးဖြစ်မယ်လို့ မျှော်လင့်ရတာပဲလေ။ နားမလည်တာတွေကို အဲဒီမှာပဲ comment ထားလိုက်ပါ။ ကျွန်တော်လည်း နားလည် သလောက်ပြန်ဖြေပေးတာပေါ့။ ကျွန်တော်လည်း Objectieve C ကို အခုပြန်လေ့လာရင်းနဲ့ ရေးနေတာ။ သိပ်အသိကြီးတော့ မဟုတ်ဘူး။ Ornagai ကို လုပ်ချင်လွန်းလို့ iPhone SDK ကို ကြော် .. လိုတာတွေပဲ လေ့လာပြီး ထုတ်ခဲ့တာ။ အခုမှ အခြေခံကစပြီး ကျွန်တော်လည်း ပြန်လေ့လာနေရတယ်။ အဲ.. Mac OS X ရှိဖို့တော့ လိုမယ်နော်။ Mac OSX ရှိပြီး iPhone SDK သွင်းထားမှသာ ဖတ်လို့ အဆင်ပြေပါလိမ့်မယ်။

WordPress look like framework

wordpress ကို သာမာန်တော်တော်များများက blog လိုပဲ အသုံးပြုနေပါတယ်။ လက်ရှိ အလုပ်က wordpress ကို အဓိက ထားပြီး website တွေ ဆောက်တော့ wordpress ဘယ်လောက်ထိ လုပ်နိုင်သလဲဆိုတာကို သိလာပါတယ်။ တကယ်တော့ wordpress က framework လို အသုံးပြုရင်တောင် ရတယ်။ admin panel ready framework ပေါ့ဗျာ။ admin panel သီးသန့် ထပ်ရေးစရာမလိုပဲ web application တွေ ရေးလို့ ရလာတယ်ဆိုတာကို သိလာတယ်။ ဥပမာ။။ question & answer system ဆိုပါဆို့။ ကျွန်တော် အခု MZ user ကို ကိုယ်ပိုင် framework နဲ့ ဆောက်နေတုန်း တစ်ခု စဉ်းစားမိတယ်။ wordpress နဲ့Q&A site ဆောက်လို့ မရဘူးလား။ ရတာပေါ့။ တကယ်ရပါတယ်။ Question & Answer system မှာ Question ကို Post လို့ သတ်မှတ်ပြီး Answer တွေကို comment လို့ သတ်မှတ်လိုက်လို့ရတယ်။ Question အတွက် comment အတွက်တော့ comment system တစ်ခု နည်းနည်း ပြန်ပြင်ရေးရမယ်။ သိပ်မခက်ပါဘူး။ Answer အတွက် comment ကတော့ ပြန်ရေးစရာမလိုဘူး။ wordpress ရဲ့ comment က thread system ပါပြီးသားပဲ။  နောက်ပြီးတော့ reputation အတွက် ပြန်ပြင်ရေးဖို့ပဲ လိုတယ်။ ဒါပဲ ရှိတယ်။ သိပ်အများကြီးတောင် မလိုပဲ အကုန်ပြီးသွားလောက်ပါတယ်။

Continue reading

API ကို ဘယ်မှာလေ့လာရမလဲ

Application programming interface (API) ဆိုတာ ဘာကြီးတုန်း။ အခုခေတ်က API တွေ သုံးတတ်ရမယ်ဆို။ API ကို ဘယ်မှာ လေ့လာရမှာလဲ။ အဲလိုမေးခွန်းတွေမှာ API ကို ဘယ်မှာ လေ့လာရမလဲဆိုတဲ့ မေးခွန်းကို ဘာပြန်ပြောရမှန်းမသိဘူး ဖြစ်လောက်အောင်ပဲ။ API ကို ဘယ်မှာ လေ့လာရမလဲဆိုတဲ့ မေးခွန်းမေးတဲ့ သူဟာ API ဆိုတာ အခုမှ ကြားဖူးနားဝ ရှိဘူးပြီးတဲ့ ပုံပေါ်ပါတယ်။ ဘာပဲ ပြောပြော လေ့လာချင်စိတ် ရှိတဲ့အတွက်တော့ သိလာနိုင်ပါတယ်။

Continue reading

Android Universal Root

Android ကို ဘယ်လို root ရမလဲလို့ mail နဲ့ ကော comment မှာကော မေးနေသူများ အောက်က link မှာ သွားဖတ်နိုင်ပါတယ်။

http://www.mysteryzillion.org/forums/showthread.php/8877-One-Key-Root-for-Android-most-model-(REALLY-ONE-KEY!!!)

မလုပ်ဖြစ်ခြင်းများ

လုပ်မယ် လုပ်မယ် လို့ ကိုယ့်ဘာသာကိုယ် ကတိပေးထားပြီး မလုပ်ဖြစ်တာတွေက

  • jquery ကို ပြီးအောင်ရေးပေးမယ်ဆိုပြီး တိုးလို့တန်းလန်း
  • css ရေးပေးမယ်လို့ကိုကိုရဲ ကို ကတိပေးထားပြီး အခုထက်ထိ ပြန်မရေးဖြစ်သေး
  • Ornagai Lite version ထုတ်ပေးမယ်ဆိုပြီး အခုထက်ထိ lite အတွက် သီးသန့် မလုပ်ဖြစ်သေး
  • edu နဲ့ mz code ကိုတောင် ပေါင်းပြီး MZ blog လုပ်မယ်ဆိုပြီး အခုထက်ထိ မတင်ဖြစ်သေး
  • zawgyi js font embed ထုတ်ပေးမယ်ဆိုပြီး မလုပ်ဖြစ်သေး
  • wordpress zawgyi embed fix လုပ်မယ်ဆိုပြီး အခုထက်ထိ မလုပ်ဖြစ်

လုပ်မယ် လုပ်မယ်နဲ့ မလုပ်ဖြစ်တာတွေ တော်တော်များနေပြီပဲ။ Continue reading

Chrome Extension for Web Developer

Aug 18 ထုတ်တဲ့ chromium မှာ မြန်မာစာ ပြဿနာ fix လုပ်ပေးပြီးသွားပြီ ဖြစ်လို့ Safari 5 ကနေ Chromium ကို ပြောင်းသုံးနေတယ်။ အရင်တုန်းက Chromium ကို သုံးရင်း extension အတွက် enable လုပ်ပေးရပေမယ့် အခု version မှာ မလိုတော့ဘူးလေ။ Extension တွေကို တိုက်ရိုက် သွင်းလို့ရတဲ့အတွက်ကြောင့် ပိုအဆင်ပြေပြီး သုံးဖြစ်နေတယ်။ ကျွန်တော်လက်ရှိ သုံးနေတဲ့ Extension တွေကတော့

Chrome SEO

လက်ရှိ site မှာ Google Index လုပ်ထားတာ ဘယ်လောက်လဲ။ ဘယ် search engine တွေက ကိုယ့် sites ကို ဘယ်လောက် Index လုပ်ထားလဲ။ Back link တွေက ဘယ်လောက်ရှိလဲ။ Domain Detail စတာ စတာတွေ အတွက် သွင်းထားသင့်တဲ့ Extension ပါ။ Web Development လုပ်ရင် SEO ကလည်း အရေးပါပါတယ်။ Continue reading

Chaos Ring (iPad Game)

Chaos Ring ကို ကစားပြီး မဆိုးဘူးလို့ ဆိုရမယ့် game ပဲ။ Planet vs Zombia ကတော့ ကျွန်တော့်အတွက် မကောင်းဘူးဗျ။ ကလေးတွေ မိန်းကလေးတွေ အကြိုက် game လိုမျိုးပဲ။ တနည်းပြောရင် စိတ်မရှည်ဘူး။ Chaos Ring ကတော့ ကျွန်တော်ကြိုက်တဲ့ Game ထဲမှာ ပါတယ်လို့ ဆိုလို့ရမယ်။

Review ကိုတော့ mmgamer မှာပဲ ရေးထားပါတယ်။