Chaos Ring (iPad Game)

Chaos Ring ကို ကစားပြီး မဆိုးဘူးလို့ ဆိုရမယ့် game ပဲ။ Planet vs Zombia ကတော့ ကျွန်တော့်အတွက် မကောင်းဘူးဗျ။ ကလေးတွေ မိန်းကလေးတွေ အကြိုက် game လိုမျိုးပဲ။ တနည်းပြောရင် စိတ်မရှည်ဘူး။ Chaos Ring ကတော့ ကျွန်တော်ကြိုက်တဲ့ Game ထဲမှာ ပါတယ်လို့ ဆိုလို့ရမယ်။

Review ကိုတော့ mmgamer မှာပဲ ရေးထားပါတယ်။

MZ User for End User

MZ 2.0 ကို ရေးတာ တော်တော်ကြာသွားပြီ။ Git repo မှာ စတင်တဲ့ နေ့က APRIL 13, 2010 က စတယ်။ အခုလပါ အပါအဝင် ၅ လ ကျော်သွားပြီလို့ ဆိုလို့ရမယ်။ တကယ်တန်းတော့ အချိန်ပြည့်ရေးရင် ၁ လ တည်းနဲ့ အကုန်ပြီးပါပြီ။ သိပ်အများကြီးမဟုတ်ဘူး။ အခုက အားတဲ့ အချိန်လေးတွေ မှာ ရေးရေးနေရလို့ အဲလောက်ထိ ကြာသွားတာ။ နောက်ပြီး ကိုယ်ပိုင် framework APIwork ကို သုံးလိုက်တာကြောင့် ကြာသွားတာလည်း ပါတယ်။ April လတုန်းက framework က စလုံးရေစပဲ။ အခုလောက် stable မဖြစ်သေးဘူး။ MZ 2.0 ကို ရေးရင်းနဲ့ လိုတာတွေ ဖြည့်ရင်း အခုတော့ တော်တော် stable ဖြစ်သွားပြီ။ MZ User site ကို ကိုယ်ပိုင် Framework နဲ့ အစအဆုံး ရေးလိုက်တော့ ကြာသင့်တာထက် ပိုကြာသွားတယ်။ CI ကို သုံးလိုက်ရင် ပိုမြန်ကောင်းမြန်နိုင်ပေမယ့် ကိုယ့် framework ကိုလည်း stable ဖြစ်အောင် လုပ်ချင်တာနဲ့ APIwork ကိုပဲ သုံးဖြစ်လိုက်တာ။

MZ User က လုံးဝ End User တွေကို ရည်ရွယ်ထားပါတယ်။ End User ဆိုတာက Developer လည်း မဟုတ်ပါ။ သာမာန် သုံးစွဲသူများသာ ရည်ရွယ်ထားပါတယ်။ လက်ရှိ computer နဲ့ ဆိုင်တဲ့

  • Computer က တီတီပဲ မြည်နေတယ်
  • Zawgyi Font သွင်းလို့မရဘူး
  • Jailbreak ဘယ်လိုလုပ်ရသလဲ
  • Windows အတွက် Dictionary ဘယ်ဟာ ကောင်းလဲ
  • Nokia ဖုန်းမှာ Dictionary ဘယ်လိုသွင်းလဲ

စသည် စသည် End User မေးခွန်းများအတွက် ရည်ရွယ်ပါတယ်။ အခု ကျွန်တော်က DB Engine ကို InnoDB သုံးထားလိုက်တော့ အရမ်းလေးသွားတယ်။ နောက်ထပ် version တွေမှာ MyISAM ကို ပြန်ပြောင်းသုံးဖို့ စဉ်းစားထားတယ်။ လိုအပ်တာတွေကတော့ အများကြီးပဲ။ Reputation point အတွက် Rule တွေလည်း မပြီးသေးဘူး။ အများကြီး လုပ်စရာ ကျန်သေးတယ်။ အခုက စလုံးရေ စဆိုတဲ့ အဆင့်ပြီးသွားတာပဲ ရှိပါသေးတယ်။ Login မဝင်ခင် အရင်ဆုံး FAQ လေးကိုတော့ သေချာဖတ်ချင်ပါတယ်။

CSS နဲ့ javascript ကို compress လုပ်ရအုံးမယ်။ အခု online ပေါ်တင်လိုက်တော့ ထင်တာထက် လေးနေတယ်။ နောက်ပိုင်းတော့ ဒီထက် မြန်လာအောင် ကြိုးစားပေးပါ့မယ်။ အခုတော့ ခုနက ပြောသလို စလုံး ရေ စပါ။ အများကြီး update လုပ်ဖို့ ကျန်နေသေးတယ်။

Do not upgrade Ornagai 1.4

Ornagai 1.4 ကို upgrade မလုပ်နဲ့အုံးဗျ။ ကျွန်တော် iPodTouch ကို jailbreak လုပ်လိုက်တာ မှားသွားတယ်ဗျာ။ မြန်မာ font embed ကို စမ်းမရပဲ simulator မှာ ပေါ်တာနဲ့ တင်လိုက်တာ။ အခု jailbreak မဟုတ်တဲ့  device တွေမှာ မပေါ်ဘူးဆိုလို့ ပြန်စမ်းကြည့်မှ error တွေ့တယ်။ sorry ဗျာ။ ဒီည Ornagai 1.4.1 ကို တင်ပေးပါ့မယ်။ အခုတော့ ကျွန်တော့် device ကို restore လုပ်ထားတယ်။ iPhone simulator က မယုံရတော့ဘူး =(

Before you start your own framework

အခုတလော ရုံးမှာ framework ပြဿနာ တော်တော်လေး ရှုပ်သွားတယ်။ အဲဒီတော့ ကိုယ်ပိုင် framework တစ်ခု တည်ဆောက်ခြင်းရဲ့ ကောင်းခြင်း မကောင်းခြင်းတွေတော့ သဘောပေါက်သွားတာပေါ့။ framework တစ်ခု တည်ဆောက်တော့မယ်ဆိုရင် အခုနောက်ပိုင်းကတော့ MVC pattern နဲ့ ပဲ တည်ဆောက်ကြပါတယ်။ MVC Pattern အတွက် တစ်ယောက်နဲ့ တစ်ယောက် approve မတူကြဘူးဗျ။ ကျွန်တော်ကတော့ Symfony နဲ့ CI ပဲ သုံးဖူးတော့ သူတို့ ၂ ခု မတူညီတာကို သိတယ်။ ROR ကတော့ မေ့သွားပြီလို့ ဆိုလို့ရမယ်။ ROR ကို ခဏလောက်ပဲ လုပ်ဖူးတယ်။ နောက်ပိုင်း စာအုပ်က version နဲ့ ထွက်တဲ့ version မတူတာနဲ့ ရှေ့မဆက်ဖြစ်တော့တာ အခုထက်ထိပဲ။ အဲ… လွဲကုန်အုံးမယ်

Continue reading

What is Domain Name ?

Domain အကြောင်း မပြောခင် Network အကြောင်းလေး အရင် ပြောရအောင်။

Network တွေမှာ Computer တစ်ခုနဲ့ တစ်ခု ချိတ်ဆက်တဲ့အခါမှာ IP Address တွေ လိုအပ်ပါတယ်။ ဥပမာ။။ 192.168.0.1 လိုမျိုးပေါ့။ အဲဒီလို IP တွေရှိမှသာ computer တစ်ခုနဲ့ တစ်ခု ချိတ်ဆက်လို့ရပြီး Data တွေ Transfer လုပ်လို့ရမှာပါ။ ဘာနဲ့ တူသလဲဆိုတော့ အိမ်လိပ်စာတို့ ဖုန်းနံပတ်တို့လိုပေါ့။ အိမ်လိပ်စာရှိမှပဲ စာတွေ ပို့လို့ရမယ်။ ပစ္စည်းပို့ထားတာတွေ လက်ခံလို့ရမယ်။ အဲလိုပဲ။ IP address နဲ့ Network ပေါ်မှာ Computer တွေ အလုပ်လုပ်ကြပါတယ်။ Continue reading

Ornagai iPhone app 1.5 idea

Ornagai iPhone app မှာ data တွေ update ထည့်ဖို့အတွက် app ကို ၁ လ ၁ ခါ update လုပ်နေရတယ်။ တကယ်လို့ bug fix လုပ်ထားတဲ့ app မဟုတ်ခဲ့ရင် Data အတွက် သီးသန့် Update လုပ်နေရမှာပေါ့။ နောက်ပြီး web ပေါ်မှာလို နောက်ဆုံး Data ကို ဘယ်လိုလုပ်ရနိုင်မလဲ။ အခုခေတ်ဟာ Cloud ခေတ်ကို ရောက်နေပြီ။ Ornagai app ဟာ ဘာလို့ Web ပေါ်ကနဲ့ sync လုပ်လို့မရမှာလဲ။

Continue reading

Changing Server

သောကြာနေ့ည က server စပြောင်းပါတယ်။ MZ ကို file တွေကြီးပဲ backup လုပ်လိုက်တာ 1GB ဖြစ်နေလို့ data တွေကို ပြန်စစ်ပြီး duplicate folder တွေကို ဖျက် မလိုအပ်တာတွေကို ဖျက်နေတာနဲ့ တော်တော်အချိန်ကြာသွားတယ်။ အခုထပ်ပြီး zip ပြန်လုပ်လိုက်တာ 510 MB ဖြစ်သွားတယ်။ အခုတော့ download ချဆဲ။ပြီးရင် upload တင်ရအုံးမယ်။ မနက်ဖြန်မှာ ပြီးအောင်တော့ ကြိုးစားဆဲပါ။ Dreamhost ကိုပဲပြောင်းဖြစ်သွားတယ်။ VE ထက်စာရင် dreamhost က ပိုကောင်းမယ်ထင်တာကြောင့်လည်း ပါတယ်။ လိုအပ်ရင် memory ထပ်တိုးလိုက်ရုံပဲလေ။ သိပ်လည်း များများစားစားမကုန်တော့ဘူးပေါ့။

Just for personal (iPad ZGKB)

ဘာမှ မဟုတ်… ကလိထားတာ… public ပေးဖို့လည်း အစီအစဉ်မရှိ… :P ကိုယ့်ဘာသာကိုယ် မြန်မာလို ရိုက်လို့ရအောင်.. Keyboard-en_US.plist ကို ပြင်လိုက်တာ… အဲဒီ နည်းက ရိုက်ရတာ အသေကြာတယ်.. press လုပ်ထားတာ ချက်ခြင်း မတက်တော့ ကြာတာပေါ့.. စာတစ်ကြောင်း ရိုက်ဖို့ တော်တော်ကြာတာတော့ အမှန်ပဲ..

စမ်းချင်သပ ဆိုသူတွေ ဒီမှာ download ချလို့ရတယ်။
/System/Library/Frameworks/UIKit.framework/Keyboard-en_US.plist အဲဒါကို overwrite လုပ်ရမယ်။ overwrite လုပ်ပြီး restart ချလိုက်ရင်ရပြီ။ key ကို press လုပ်ထားရင် မြန်မာလိုလေး ပေါ်လာမယ်။

ဘာ support မှ မရှိပါ။ ဘာမှလည်း reply ပြန်မည် မဟုတ်။ ကိုယ့်ဘာသာကိုယ် personal အတွက် ကလိ ထားခြင်းသာ ဖြစ်သည်။ ရိုက်လို့လည်း မကောင်းပါ။ အဖြစ်သာ ဖြစ်သည်။