MZ Server will change soon

MZ server 18 ရက်နေ့ဆိုရင် expire ဖြစ်ပါပြီ။ Grid Server ($20/month) ကနေ VE server ($30/month) ကို ပြောင်းဖို့ အစီအစဉ်ရှိပါတယ်။ ဒါကြောင့် file တွေ backup လုပ်ရမှာရယ် နောက်ပြီး upload ပြန်တင်ရမှာတွေကြောင့် ၁ ရက် ၂ ရက်လောက်တော့ Ornagai , MZ စတာတွေ သုံးလို့ရမှာမဟုတ်ပါဘူး။ လက်ရှိ MZ server ပေါ်မှာ ရှိနေတဲ့ site တွေကတော့

http://blog.ornagai.com

http://code.mysteryzillion.org

http://edu.mysteryzillion.org

http://mysteryzillion.org

http://ornagai.com

http://wiki.mysteryzillion.org

အဲဒီ site တွေ ဝင်လို့ရမှာ မဟုတ်တော့ပါဘူး။ ပြောင်းမယ့် နေ့ရောက်ရင် ထပ်ကြေငြာပါ့မယ်။ သောကြာနေ့ ညလောက် ပြောင်းဖို့ အစီအစဉ် ရှိပါတယ်။ hosting အသစ်နဲ့ အတူ MZ 2.0 အတွက် ရေးထားတဲ့ user.mysteryzillion.org ပါလာမှာပါ။ လုံးဝ user တွေ သီးသန့်အတွက်ပါ။ ဥပမာ။။ jailbreak ဘယ်လိုလုပ်ရလဲ။ virus ထိနေလို့။ စတဲ့.. စတဲ့… လုံးဝ enduser တွေအတွက် သီးသန့် site လေးပါ။ Beta version တော့ ရေးပြီးပါပြီ။ MZ 2.0 မိတ်ဆက်ကအတိုင်းပေမယ့် feature တွေတော့ အကုန်မပါသေးပါဘူး။ အဲဒါလေးရအောင်ပါ ve server ပြောင်းလိုက်ရတာပါ။

Continue reading

Ornagai 1.4 uploaded

Ornagai 1.4 ကို upload တော့ လုပ်ပြီးပါပြီ။ Simulator မှာကတော့ font size က ကြီးပေမယ့် Device ပေါ်မှာ run လိုက်ရင် font size က အရမ်းသေးသွားတယ်။ Jailbreak လုပ်ထားလို့လားမသိ။ ရှာတာလည်း ရှာမတွေ့။ Zawgyi-one မဟုတ်ပဲ Arial ဆိုရင်တော့ font size က ချုံ့ချဲ့ လို့ရတယ်… အဲဒါလေး တချက်အဖြေရှာရအုံးမယ်။ အခု version မှာ ipad မှာပါ မြင်ကွင်းကျယ်နဲ့ မြင်ရအောင် ဖန်တီးပေးထားပါတယ်။ လက်ရှိ ဝယ်ထားတဲ့သူတွေ iPhone မှာပဲ သုံးသုံး iPad မှာပဲ သုံးသုံး သုံးလို့ရအောင် universal application လုပ်ထားတယ်။ iPad အတွက် သီးသန့်ကြီးအနေနဲ့တော့ မရေးရသေးဘူး။ နောက်များမှ ipad အတွက် သီးသန့် design နဲ့ ရေးပေးပါမယ်ဗျာ။ နောက်အပတ်လောက်ဆိုရင်တော့ version 1.4 update လုပ်လို့ရမယ်ထင်တာပဲ။

time to change ve ?

မနေ့က MZ 2.0 ကို server မှာ တင်တော့ view တွေ ပါနေတော့ မရဘူး ဖြစ်နေတယ်။ ဒါနဲ့ MT ကို မေးရတယ်။ ၁ ရက်ကျော်ကျော်လောက် စောင့်လိုက်မှပဲ ပြန်ဖြေတယ်။ gs က view ဆောက်ခွင့်မရှိဘူးတဲ့။ dv ဝယ်ပါတဲ့။ dv တော့ မဝယ်နိုင်သေးဘူး။ ve ဆို၇င်ကော ရမလား မေးထားအုံး။ eee…. server ဖိုးက ကုန်အုံးမယ်။ iPad ကြောင့် ပိုက်ပိုက် တွေ ခမ်းသွားတာ။ server ထပ်ဝယ်ရအုံးမယ်ဆိုရင်တော့ =( VE က စျေးများတယ်ဗျ။ တနှစ်ကို $300 တောင် ဆိုတော့ ကျွန်တော့်အတွက် နည်းတာမဟုတ်ဘူးလို့ ဆိုရမလိုပဲ။ ဟူး…. Django ပါရရင်တော့ VE ကို ပြောင်းဖို့ များပါတယ်။ ဒီလ တော့ MZ 2.0 တင်လို့တော့ မရလောက်သေးဘူး။ ပိုက်ပိုက်က လက်ထဲမှာ မရှိဘူး။

VE ပြောင်းမယ်ဆိုရင်လည်း file တွေ database တွေ ပြောင်းတာနဲ့ အချိန်လည်းကုန်အုံးမယ်။ ငွေကော အချိန်ကော ကုန်မှာဆိုတော့ ပြောင်းသင့်မပြောင်းသင့် စဉ်းစားရမယ်။ နောက်ပြီး VE နဲ့ အဆင်ပြေမလား မပြေဘူးလား။ အခုတော့ သေသေချာချာ မေးနေတုန်းပဲ။ $30 ဆိုတာကတော့ အများကြီးရယ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် မနည်းလည်း မနည်းဘူးဗျ။

အခု တလောအတွင်း MZ 2.0 ကို စမ်းလို့ရအောင် ကိုအောင်ကျော်ထက်ကို အကူအညီတောင်းပြီး MZ 2.0 test ဖို့ သူတို့ server မှာ ခဏလောက် run ကြည့်ရင် ကောင်းမလား မသိဘူး။ ………..

Ornagai 1.4

မနက်ဖြန် Data တွေ ပြန်စု စစ်ဆေးပြီး Apple ကို submit လုပ်ပါမယ်။ နောက်အပတ်လောက်ဆိုရင် လက်ရှိ ဝယ်ထားတဲ့သူတွေ upgrade လုပ်လို့ရမှာပါ။ iPad အတွက်ကတော့ နည်းနည်းတော့လိုအုံးမယ်။ မအားသေးလို့ iPad ဘက် မလှည့်အားဘူးဖြစ်နေတယ်။ ဒါပေမယ့် မနက်ဖြန် တင်ရင် iPad အတွက်ပါ ရအောင် ကြိုးစားကြည့်အုံးမယ်။ ရဖို့တော့ များပါတယ်။ Universal App က လုပ်ရတာ သိပ်မခက်ပါဘူး။

Zawgyi keyboard on Android

ကဲ.. ဇော်ဂျီ Android ပေါ်မှာ ရိုက်လို့ရပါပြီဗျာ… iPhone ပေါ်ပြန်လာဖို့ iKeyEx ကို စောင့်မျှော်နေရဆဲပဲ… အခု iPad ပေါ်မှာရေးရင် ရတော့ရတယ်။ သို့ပေမယ့် အဆင်မပြေဘူး။ ဥပမာ ။ A ကို ဖိထားလိုက်ရင် ေ | ဗ | –္ဗ ဆိုပြီး ပေါ်လာတယ်။ အဲလိုမျိုး စာရိုက်ဖို့က ရေရှည်အဆင်မပြေဘူးဗျ။ နေကောင်းလား ဆိုတာလေး ရိုက်ဖို့ တော်တော်ခက်တယ်။ ဒါကြောင့် iPad အတွက် ရေးလို့ရပေမယ့် iKeyEx စောင့်လိုက်အုံးမယ်ဗျာ။ Geek ကတော့ လန်းတယ်။ iKeyEx ကို သူတို့ဘာသာသူတို့ ပြန်ပြင်ပြီး ထုတ်တယ်။ အဲ.. keyboard ကို ရောင်းစားတယ်ပေါ့ဗျာ။ iKeyEx ကိုပဲ သုံးထားတာ။ သို့ပေမယ့် Free မဟုတ်ဘူး။ ဒါကြောင့် iKeyEx က ရလာနိုင်တယ်လို့ မျှော်မှန်းဆဲပဲ။ iPad ဝယ်လိုက်လို့ ပိုက်ပိုက်က မရှိတော့ဘူး။ နောက်မို့ဆို Geek keyboard ဝယ်ပြီး ကြည့်အုံးမယ်လို့ စဉ်းစားနေတာ…

ဇော်ဂျီ keyboard ကို အောက်မှာ သွားကြည့်လိုက်ဗျာ..

http://www.myanmartutorials.com/programming/mobile/android/myandroid-soft-keyboard-zawgyi-beta/

Yangon MobDev Conf 2010

Date : 14.8.2010
9 : 00 am – Starting Time
9 : 30 – 9 : 50 am – Mg Pyone ( Android 101 and Brief Dev Process )
9 : 50 – 10 : 00 am – FAQ about android
10 : 00 – 10 : 20 am – Ko Thet Lynn Han ( iPhone 101 and How’s to Develop )
10 : 20 – 10 : 30 am – FAQ about iPhone
10 : 30 – 10 : 50 am – Ko Htoo Myint Naung ( Nokia J2ME )
10 : 50 – 11 : 00 am – FAQ
====== break ======
11 : 30 – 11 : 50 am – Ko Htoo Tay Zar ( iPhone, Android Design )
11 : 50 – 12 : 00 am – FAQ
12 : 00 – 12 : 20 am – Ko Myint Kyaw Thu ( Mobile Game Development )
12 : 20 – 12 : 30 am – FAQ
1 : 30 – 1 : 00 am – Monetization of Mobile Apps (Domestic and International)

ပန်းပြားပင်

ရာဇသင်္ကြန် မဲဇာ ပို့ခံထိတဲ့ အကြောင်းကို ငယ်ငယ်တုန်းက ကျွန်တော်တို့တွေ သင်ခဲ့ရတယ်။ နရပတေ့ကို မင်းတင်ခဲ့ပြီး ချီးမြှင့်မြှောက်စားခြင်း မခံရတော့

“ပန်းပွတ်သည် သားမြေးတွေ ကောင်းစားနေသောကြောင့်”

ဆိုပြီး နရပတေ့ မင်း ကို ခနဲ့ ခဲ့တယ် ။ အဲဒါကြောင့်ပဲ မဲဇာ ပို့ခံထိတာပေါ့။ သို့ပေမယ့် မဲဇာရောက်တော့ ပန်းပြားပင်ကဲ့သို့ လေယူရာ မယိုင်းခဲ့လေခြင်း ဟု ဆိုခဲ့လေတယ်။
Continue reading