Doctype in HTML

HTML မှာ ဘာလို့ doctype ထည့်ရတာလဲ နောက်ပြီးတော့ valide စစ်တာ valide မဖြစ်ဘူးဆိုပြီး mail ရောက်လာပါတယ်။ အဲဒီ mail ကို reply ပြန်ဖို့ မအားတာနဲ့ မပြန်ဖြစ်ဘူး။ အဲဒီအကြောင်းကို ဒီနေ့ MZ မှာ ဝင်းလွင် ဆိုတဲ့ တစ်ယောက်က ပြည့်ပြည့်စုံစုံနဲ့ ပြန်ရှင်းပြထားတာကို တွေ့လို့ သွားဖတ်လိုက်ပါလို့ပဲ ဒီကနေ reply ပြန်လိုက်ပါတယ်။ နောက်ပြီးတော့ အချို့email တွေက mail အမှားတွေနဲ့ ဝင်လာတော့ reply ပြန်လို့ မရတဲ့ mail တွေလည်း ရှိပါတယ်။ အဲဒီလို mail တွေကိုတော့ ကျွန်တော် reply ပြန်ဖြစ်မှာမဟုတ်ပါဘူး။

http://www.mysteryzillion.org/forums/showthread.php/8332-lt-!DOCTYPE-in-HTML-gt?p=75950

NTU သို့တစ်ခေါက်

ဒီမြို့ကို ရောက်ကတည်းက ပြောရမလား… ဒီနိုင်ငံကို ရောက်ကတည်းက ပြောရမလားတောင် မသိတော့ဘူး… ဒီကို ရောက်ကတည်းကဆို ပိုမှန်မယ်ထင်တယ်။ အလုပ်စဝင်ကတည်းက NUS ကျောင်းထဲမှာ ဆိုတော့ NUS ကို နေ့တိုင်း နီးပါးရောက်ဖြစ်တယ်။ Prince George Park ထဲမှာရှိတော့ နေ့တိုင်း NUS Business School ဘက်ကိုရောက်ဖြစ်နေကြ။ နောက်ပြီး MRT စီးဖြစ်တဲ့အခါမှာ SOC ဘက်တွေကို ဖြတ်ပြီး Bus စီးနေကြဆိုတော့ NUS ကျောင်း ဘယ်လောက်ကြီးတယ်ဆိုတာကို သိပြီးပါပြီ။ ဒါပေမယ့်လည်း မနက် ရုံးတက် ၉ နာရီခွဲ ၁၀ နာရီ အရောက်သွား ၊အိမ်ပြန်တော့ ၇ ခွဲ ၈ နာရီ လောက်ဖြစ်နေပြီဆိုတော့ ဘာကို မှ မယ်မယ်ရရ ပတ်ပြီး မကြည့်ဖူးဘူး။ နောက်တော့ အလုပ်က NUS ကနေ Office အသစ်ကို ရွေ့သွားတယ်။ ဒါနဲ့ NUS ကို ကျွန်တော်လည်း ထပ်မရောက်ဖြစ်တော့ဘူး။

Continue reading

WordPress 3.0

ဒီနေ့ WordPress 3.0 ထွက်ပါပြီ။ WordPress 3 မှာ ဘာတွေ ပါလဲပြောဖို့အတွက် အပိုင်း ၂ ပိုင်းရှိပါတယ်။ User ပိုင်းနဲ့ Developer ပိုင်းဆိုပြီး ၂ ပိုင်းပါပါတယ်။ ကဲ.. User တွေ ဘာတွေ လုပ်လို့ရမလဲဆိုတာ အောက်က video လေးကို ကြည့်လိုက်ပါ။


Continue reading

WordPress 3.0 ထွက်ပြီ

ဒီနေ့ မနက် blog ကို ဖွင့်လိုက်တာနဲ့ wordpress 3.0 upgrade လုပ်လို့ရပြီဆိုတာနဲ့ တစ်ခါတည်း လုပ်ပလိုက်တယ်။ ညရောက်မှပဲ wordpress 3.0 မှာ ပါလာတဲ့ feature အသစ်တွေ ရေးတော့မယ်။ သာမာန် user တွေအတွက် သိသိသာသာ မရှိပေမယ့် Developer တွေအတွက်တော့ အရမ်းကောင်းတဲ့ API တွေ ထပ်ပါလာတာပဲ။

Drag & Drop will replace programming ? I say, NO

မနေ့တုန်းက ရုံးမှာ PM က ပြောတယ်။ နောက်တချိန်မှာ Programming မှာ code တွေ ရေးတာ လျော့ကျလာပြီးတော့ Drag & Drop လုပ်ပြီး လိုအပ်တာလေးတွေကို library ခေါ်သုံးဖို့ ဖြစ်လာလိမ့်မယ်တဲ့။ အဲ… အဲဒါက ဘာလို့ပြောလဲဆိုတော့ ရုံးမှာက Google Enterprise Partner တစ်ခုဖြစ်တဲ့ Application ကို ရုံးမှာ ပြောင်းသုံးဖို့ပြင်နေတာကို။ ရုံးက Developer တွေက သိပ်ပြီး စိတ်ဝင်စားမှု မရှိဘူးဗျ။ ကျွန်တော်ကတော့ အဆိုးတကာ့အဆိုးဆုံးထဲမှာ ပါတယ်။ လုံးလုံးကို စိတ်မဝင်စားတာ။ ရုံးကလည်း အဲဒီ Company နဲ့ Parterner ဆိုတော့ ရုံးက project အချို့ကို အဲဒီ program နဲ့ run ချင်တာပေါ့ဗျာ။ သူက Drag & Drop တွေသုံးပြီး form ဆောက်။ နောက်ပြီးတော့ အရန်သင့် library တွေ ခေါ်သုံးလို့ရတယ်။ နောက်ပြီး webservice တွေ ရေးလို့ရတယ်။ PHP နဲ့ပြန်ချိတ်ချင်ရင် webservice သုံးပြီး ချိတ်ရမှာပေါ့။

Continue reading

iPhone Development Intro

အစတုန်းက blog မှာ post တစ်ခုရေးဖို့ရှိတယ်။ ဒါပေမယ့်လည်း iPhone Development Intro က မပြီးသေးတာနဲ့လက်စ သတ်ချင်တာ ရေးချလိုက်တာ ၁ နာရီတောင် ကြာသွားတယ်။ အချောသတ်လိုက်တော့  ည ၁၀ နာရီ ၄၅ ရှိနေပြီ။ ဒါနဲ့ပဲ ရေးမယ်လို့စဉ်းစားထားတဲ့ drag & drop is futrue programming ? I say “NO” ဆိုတာကို မရေးဖြစ်တော့ဘူး။ အဲဒါထက်စာရင် iPhone Development အကြောင်းလေး ပိုစိတ်ဝင်စားမယ်လို့ထင်ပါတယ်။

http://edu.mysteryzillion.org/iphone-development-intro-2

အဲမှာ ဖတ်လို့ရပါပြီ။

iPhone Development Intro – 1

iPhone application တစ်ခု ရေးသားဖို့ရာ နည်းလမ်း ၂ ခု ရှိပါတယ်။ HTML5 Web Application နဲ့ iPhone Application တို့ပါပဲ။ HTML5 Web application ဆိုတာက သမာရိုးကျ website ကို iPhone Safari နဲ့ အဆင်ပြေအောင် ပြောင်းလဲရေးသားရတာပါ။ HTML5 ဖြစ်တဲ့အတွက်ကြောင့် Video တွေ Sound တွေ ထည့်သွင်းလာနိုင်ပါတယ်။ အဲဒီလိုမျိုး HTML5 တွေကို စမ်းသပ်ချင်တယ်ဆိုရင်တော့ http://www.apple.com/html5 မှာ လေ့လာနိုင်ပါတယ်။ ပုံမှန် Web Development နဲ့ အတူတူပါပဲ။ ဘာမှ ကွာခြားမှုမရှိပါဘူး။ ထူးခြားတာကတော့ safari webkit css တွေ ခေါ်ယူသုံးစွဲလို့ရတာပါပဲ။

more…

Ornagai on app store

Ornagai iPhone app ကို apple app store မှာ ဝယ်လို့ရပါပြီ။ English To Myanmar Dictionary ဖြစ်ပြီး မြန်မာစာ အတွက် jailbreak လုပ်ဖို့မလိုပါ။ နောက်ပြီး ၁ လ ၁ ကြိမ် data update များ လုပ်သွားမှာ ဖြစ်ပြီး feature အသစ်များ ထပ်ဖြည့်သွားမှာပါ။ Lite version ကို free ပေးဖို့အတွက်လည်း ကြိုးစားနေပါတယ်။ မကြာခင်မှာ free ရတဲ့ Lite version ပါ app store မှာ တင်နိုင်အောင် ကြိုးစားနေပါတယ်။

Ornagai Project မှာ $1 ပါဝင် ကူညီတဲ့အနေနဲ့ iPhone app ကို ဖြစ်နိုင်ရင် ဝယ်ယူပေးကြပါ။ ( $1 လို့ ဆိုပေမယ့် $0.70 ပဲ ရပါတယ်။ 30% က apple store ကို ပေးရပါတယ်။ )

http://itunes.apple.com/us/app/ornagai/id376579933?mt=8