Change Time-Zone in Ubuntu

ဒီနေ့ client က feedback ထဲမှာ status message က အချိန်တွေလွဲနေတယ်ဆိုလို့ ကြည့်စရာတောင် မလိုဘူး server time zone ပြဿနာပဲဆိုတာ တန်းသိတယ်။ (ကိုယ် setup လုပ်ထားတဲ့ server ပဲ ကိုယ်သိတာပေါ့။ အဲတုန်းက timezone ကိစ္စမေ့သွားတယ်)

$sudo dpkg-reconfigure tzdata

အဲဒါလေး ရိုက်ပြီး step by step သွားလိုက်ရင် ပြီးသွားတာပဲ။ မှတ်မိအောင် blog ထဲမှာ ရေးထားတာ။

Thnking about MZ 2.0

အခုတလော cassandra ကို ဖတ်ရင်းနဲ့ MZ ကို cassandra နဲ့ ရေးကြည့်ချင်လာတယ်။ cassandra နဲ့ project လေး တစ်ခုလောက် လုပ်ချင်တယ်။ ဒါပေမယ့် ဘာ project လုပ်ရမလဲ စဉ်းစားမရဖြစ်နေတာ။ MZ ကိုပဲလုပ်တော့မလား စဉ်းစားနေတာ။ Why MZ ! လို့ မေးလာရင်တော့ cassandra က သာမာန် project တွေ မလိုအပ်ဘူး။ တခြားမပြောနဲ့ mediawiki ကို သုံးထားတဲ့ wikipedia တောင် mysql ကို သုံးထားတာပဲ ကြည့်လေ။ mysql ကလွယ်တယ်။ နှစ်ကြာပြီဖြစ်တဲ့အတွက် community က ရှိပြီးသား။ user million နဲ့ ချီခဲ့မှသာ နည်းနည်းကြာတာ။ ဒါပေမယ့် mysql 5 မှာ partition နဲ့ fulltext search ကြောင့် million data ကိုတောင် ရှာနိုင်တယ်လို့ ပြောထားတာပဲ။ Continue reading

Opp! Cloud!

Cloud ဆိုတာကလည်း နာမည်ကြီးနေတာ တော်တော်လည်းကြာလာပါပြီ။ Cloud နဲ့ပတ်သတ်ပြီး လူသုံးများတာကတော့ SAAS ပါပဲ။ နောက်ပြီး Amazone, Rackspace တို့လို cloud server တွေပေါ့။ Cloud ကိုလည်း ရုံးမှာ အဓိက သုံးဖြစ်ပါတယ်။ Github , Google Docs , Protoshare , Clarizen , စတာတွေကို သုံးနေပါတယ်။ SAAS က အခုနောက်ပိုင်း တော်တော်လေး အသုံးများလာသလို online စျေးကွက်အသစ်လည်း ဖြစ်လာတယ်။ ကျွန်တော် လက်ရှိသုံးနေတာက Dropbox နဲ့ Evernote ပဲ။ free ရတာကြောင့်လည်း ပါတယ်။ သုံးရတာလည်း အဆင်ပြေတယ်။ သဘောအကျဆုံး အချက်က offline ရတာပဲ။ Github ကလည်း offline မလိုအပ်ပါဘူးလေ။ ဒါပေမယ့် Google Docs က offline ရရင် အဆင်ပြေတာပေါ့။ ဒါပေမယ့် သူက screen shoort တွေအတွက် အဆင်မပြေဘူး။ Google ကလည်း Gear ကို မသုံးတော့ပဲ နောက်ပိုင်း HTML 5 က offline cache ကို အသုံးပြုတော့မယ်လို့ ပြောတာပဲ။ ကျွန်တော် အခုတလော မျက်စိကျပြီး သုံးချင်နေတာက 37single က project တွေပဲ။ ROR နဲ့လည်း တဖြည်းဖြည်း opensource တွေ များလာပြီ။ Github ကို သဘောကျလို့ မနေ့ညက gitorious ကို စမ်းပြီး တင်သေးတယ်။ localhost မှာတော့ သိပ်အဆင်မပြေဘူးရယ်။ နည်းနည်းတော့ စမ်းကြည့်ရအုံးမယ်။ redmine လည်း စမ်းကြည့်ဖို့ စဉ်းစားထားတယ်။ အဲ.. cloud အကြောင်းပြောတာနဲ့ အခြားကိစ္စတွေ ရောက်ကုန်ပြီ။ SAAS အကြောင်းလေး ဆက်ရအောင်။

Continue reading

Editor ရွေးချယ်.. တဝဲဝဲလည်

Windows မှာတုန်းကတော့ ပြတ်တယ်။ ရွေးချယ်စရာ editor က များများစားစားမရှိဘူး။ Notepad++ နဲ့ဆို ပြီးတယ်။ ကျွန်တော်က CI ကို အဓိကသုံးတယ်ဆိုတော့ CI syntax highlighting လေးပါမှ သုံးချင်တာ။ Notepad++ က CI အတွက်မရဘူး။ အခြား IDE တွေတော့ မသုံးဖြစ်ဘူး။ လေးလွန်းလို့။ အခုနောက်ပိုင်း Mac သုံးတော့ ရွေးချယ်စရာ IDE တွေ ရှိလာတယ်။ လက်ရှိ နာမည်ကြီး IDE တွေက TextMate, Coda, Espresso , BBEdit တို့တွေပဲ။ Continue reading

Happy Birthday MZ

ဘာလိုလိုနဲ့ ပြီးခဲ့တဲ့ April 1 ရက်နေ့က MYSTERY ZILLION ၃ နှစ်တောင် ပြည့်ခဲ့ပြီ။ ဒီနှစ် Anniversary ကိုတော့ ၂၅ ရက်နေ့မှ လုပ်ဖြစ်တယ်။ နှစ်ပတ်လည်နေ့နဲ့ တော်တော်ကွာသွားပေမယ့် အားလုံး အဆင်ပြေဆုံးနေ့ဖြစ်တာကြောင့် အဲနေ့ကို ရွေးဖြစ်ခဲ့တာလည်း ပါတယ်။ ဒီနှစ်မှာတော့ လူငယ်တွေကို အဓိကရည်ရွယ်ပြီး ပွဲလုပ်မယ်လို့ ဆုံးဖြတ်ထားတယ်။ MZ မှာ exiter ရေးထားတာကိုပဲ ပြန်ဖော်ပြလိုက်ပါတယ်။ Continue reading

No Git , No SVN

ရန်ကုန်ပြန်ရောက်တော့ ဆိုးဆိုးရွားရွား ခံစားရခက်တာက မီးပြတ်တာတွေ အင်တာနက်မရတာတွေ မဟုတ်ဘူး။ တကယ်ခံစားရခက်ခဲ့တာက git မရတာပဲ။ ရန်ကုန်ရောက်တော့ လူကလည်း အားတာနဲ့ ornagai ကို တော်တော်လေး ရေးဖြစ်တယ်။ နောက်ပြီး ကိုယ့် framework လေးကိုလည်း ရေးဖြစ်တယ်။ git မရတာတော့ တော်တော်ဆိုးတယ်။ လူက အကျင့်ပါနေတာလားတော့ မသိဘူး။ နည်းနည်းလေး ပြင်ပြီးရင် git ပေါ်တင်လိုက်ရမှ။ ဘာဖြစ်လို့လည်းဆိုတော့ ဘယ်အချက်တွေ အသစ်ပြင်ထားတယ်။ ဘယ်အချက်တွေက ဘာတွေလည်း ဆိုတာ သိရအောင်ပေါ့။ အခု ornagai မှာ ပြင်လိုက်တာ အများကြီးပဲ။ apiwork ကိုလည်း databae ပိုင်းကို ပြင်ချထားတွေအပြင် အခြား class အသစ် ထပ်ဖြည့်တာတွေ ရှိတယ်။ အမှန်တိုင်းဆိုရင် တစ်ဆင့်ပြင်ပြီးတိုင်း git ပေါ်တင်ဖြစ်ရင် ဘယ်အဆင့်တွေ ဘယ်လောက်ပြီးနေပြီလဲဆိုတာ ကိုယ့်ဘာသာကိုယ် သိနိုင်သလို အခြားသူတွေလည်း သိနိုင်တယ်။ အခုတော့…. port 22 ကို ပိတ်ထားတာကြောင့် တင်မရခဲ့ဘူး။ ဒါနဲ့ SVN လေးရမလားဆိုပြီး wp plugin လေး update လုပ်ဖြစ်တာနဲ့ တင်မလို့ပဲ ဒါပေမယ့် မရပါ။ ဒါနဲ့ SSH ကိုစမ်းတော့လည်း မရပြန်။ port 22 ကို ပိတ်ထားလို့ ဖြစ်မရတာနဲ့ တူတယ်။ ftp port 21 ကိုတော့ ဖွင့်ပေးလိုက်ပြီ။ ရန်ကုန်မှာ FTP တော့ သုံးလို့ရပေမယ့် SSH ကိုတော့ သုံးလို့မရတော့ဘူး။ နောက်ပြီး ရုံးအလုပ်တွေ ရန်ကုန်မှာ လုပ်ဖို့ သိပ်မလွယ်ဘူး။ ရုံးက server တွေအားလုံးက port 222 ကိုပဲ အဓိက သုံးကြတာ။

အမှန်တိုင်းဆိုရင် port တွေကို ဖွင့်ပေးထားရင် ကောင်းမယ်လို့ ထင်တာပဲ။ နိုင်ငံခြား company တွေလည်း ရင်းနှီးမြုပ်နှံ့ဖို့ အခွင့်အလမ်းတွေ ပွင့်လာတာပေါ့။ အခုတော့ SFTP လည်းမရ SSH လည်း မရ git လည်း မထူး SVN လည်းသွား ဆိုတော့…….. freedom နဲ့သုံးရင်ရပေမယ့် freedom က mac မှာ မရှိတာရယ် နောက်ပြီး jap ကနှေးတာရယ်ကြောင့် နောက်ဆုံး မသုံးဖြစ်ခဲ့ပါဘူးဗျာ။

ကျောင်းတော်သို့ ရောက်ခဲ့ပြန်တယ်

ဒီတစ်ခေါက် ရန်ကုန်ပြန်တာ ခဏလေးဖြစ်ပေမယ့် လူကြုံပေးစရာရှိတာရယ် အမှတ်စာရင်း ကိစ္စရယ်ကြောင့် ကျောင်းကိုတော့ ရောက်ဖြစ်ခဲ့သေးတယ်။ စာမေးပွဲ ဖြေချိန်မို့နဲ့တူတယ် ဂိတ်ပေါက်ကလည်း အေးဆေးပဲ။ စကားတွေ အများကြီးလည်း ပြောစရာမလို။ ကားနံပတ်နဲ့ လာရင်းကိစ္စလေးဖြည့်ပေးလိုက်ရုံပဲ။ ကျောင်းထဲရောက်တော့ လန့်သွားတာပဲ။ သံစကာတွေ အပြည့်ဖြစ်နေလို့ဗျာ။ လူက အစက နည်းနည်းကြောင်သွားသေးတယ်။ ငါနေရာများ မှားနေပြီလားလို့ပေါ့။ တော်သေးတာပေါ့ ဝင်ပေါက်နေရာတွေမှာတော့ တံခါးလို လုပ်ထားလို့ပါ။ ကားရပ်ကွင်းကတော့ အရင်အတိုင်းပါပဲ။ မညီမညာ မြေပြင်မှာ သဲတထပ်ထပ်နဲ့ ပူထူထူဖြစ်နေဆဲပဲ။ ကျောင်းရဲ့ မြင်ကွင်းတွေက ဘာမှမပြောင်းလဲပေမယ့် ပြောင်းလဲသွားတာကတော့ သံတိုင်တွေပါပဲ။ လူကလည်း အားအားယားယား စဉ်းစားမိသေးတယ်။ ဘာလို့ ဒီလို လုပ်ရတာလဲပေါ့။ ဖြစ်နိုင်တာ ၂ ခု သွားစဉ်းစားမိတယ်။ ၁ ခုက လုံခြုံရေးအရ တစ်ခုခုဖြစ်ရင် တံခါးတွေအကုန် သော့ခတ်လို့ရအောင်လားပေါ့။ အဲဒါကတော့ မဖြစ်နိုင်ဘူး။ တံတိုင်တွေက အဲလောက် မခိုင်ဘူးဗျ။ ၃ ချက် ၄ ချက်လောက် လူ အင်အားနဲ့ ဖြိုလို့ရပါတယ်။ ဒါကြောင့် မဖြစ်နိုင်ဘူး။ နောက်တချက်က ဘောင်တွေပေါ်မှာ မထိုင်ချင်လို့လားပေါ့။ အဲဒါကတော့ ဖြစ်နိုင်ခြေရှိတယ်။ Continue reading