Ornagai Web App for iPhone

အခု ornagai website မှာ iPhone, Android တို့ကို support လိုက်ပါပြီ။ ထို့အပြင် iPhone တွင် Web App အနေနဲ့ပါ အသုံးပြုနိုင်အောင် ဖန်တီးပေးထားပါတယ်။ မြန်မာစာ font မသွင်းလည်း မြန်မာစာကို မြင်ရအောင် ဖန်တီးပေးထားပါတယ်။ Add Home Screen ကနေ တဆင့် iPhone Web App အနေနဲ့ အသုံးပြုနိုင်ပါတယ်။ ဘယ်လို ပြုလုပ်ရမလဲဆိုတာ အောက်မှာ ပုံအဆင့်ဆင့်တို့နှင့် ပြသထားပါတယ်။ Zawgyi keyboard ရှိတဲ့ iPhone, iPodTouch များ မြန်မာလို ရှာဖွေနိုင်ပါတယ်။

more

Wow… MVC

ဒီနေ့ Ornagai ကို iphone,android support လုပ်အောင် ဆွဲတော့မှ MVC ဘာကြောင့်ကြိုက်လဲ သဘောပေါက်တော့တယ်။ ဘာဆိုဘာမှ မလိုဘူး။ Controller ကလည်း အရင်အတိုင်း ပို့တာပဲ။ Model ကနေ အရင်လိုပဲ Function ခေါ်ပြီး သုံး။ လိုအပ်တာကို view ကို ပို့ပေးလိုက်တာ။ Model ကလည်း အသစ်ပြန်ရေးစရာမလိုသလို Controller ကလည်း နာမည်လေးပဲ ပြောင်းသွားတာရှိတယ်။ များများ စားစား အသစ်ပြန်ရေးစရာ ရှိကို မရှိတာ။ View မှာ design လေး ပြင်လိုက်ရုံပဲ။ ၁ ရက်ထဲနဲ့ ပြီးသွားတယ်။ အရင်တုန်းကဆိုရင် Design ပြောင်းပြီဆိုရင် စိတ်ပျက်ဖို့ကောင်းတယ်။ အကုန်လုံးကို ပြန်ပြင်ရတာကို။ code တွေကလည်း design ထဲမှာရောနေတော့ မနည်းလိုက်ပြင်ရတယ်။ page တစ်ခုထဲမှာတင် design နဲ့ code တွေနဲ့ ပေါင်းလိုက်ရင် မနည်းဘူး။ မနည်းရှာဖတ်ပြီး အစအဆုံး နီးပါး ပြင်ရတာ။ code အသစ်မရေးရပေမယ့် တော်တော်လက်ပေါက်ကပ်တဲ့အလုပ်ဗျ။ အခုတော့ CI နဲ့ရေးထားတော့ ပြင်ရတာ တော်တော်လွယ်သွားတယ်။ ဘာမှလည်း လုပ်စရာမလိုဘူး။ Design လေးထည့်။ variable လေးထည့်လိုက်ရုံပဲ။ MVC ကိုတော့ ရေရေလည်လည်သဘောကျသွားပြီ။

Sharepoint ဆိုတာ

share point ဆိုတာက Microsoft က ထုတ်ထားတာပါ။ ပုံမှန်အားဖြင့် ရုံးတွေမှာ MS office နဲ့ တစ်ယောက်က ရိုက်ထားလိုက်။ အဲဒါကို နောက်တစ်ယောက်က ပြန်ပြင်လိုက်။ ပြန်ပြင်တဲ့အချိန်မှာလည်း အရင်တစ်ယောက်က ပြင်ပြီး ရိုက်နေ။နောက်ဆုံးတော့ ဘယ်ဟာကို သုံးလို့သုံးရမှန်းမသိ ဖြစ်တတ်ပါတယ်။ အဲလိုမျိုး Excel တွေမှာလည်း ရှုပ်နေတတ်ပါတယ်။ Share Point ကို အသုံးပြုပြီးတော့ တပေါင်းတစည်းထဲ အလုပ်လုပ်နိုင်ပါတယ်။ ဘယ်အချိန်မှာ ဘယ်သူပြင်သွားတယ်။ ဘယ်အချိန်မှာ ဘယ်သူ commit လုပ်လိုက်လဲဆိုတာကို သိနိုင်တယ်။ နောက်ပြီး file တွေကို group , member စတာတွေကို သီးသန့်ခွဲထုတ်ပြီး access ပေးလို့ရပါတယ်။ နောက်ပြီး document တွေအကုန်ပြန်ရှာလို့ရတယ်။ Wiki Page ကိုလည်း ထည့်သွင်းထားပေးတော့ ရုံးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ နောက်ပြီး လိုအပ်တာတွေကိုလည်း ရေးသားထားလို့ရတယ်။ နောက်ပြီး Blog feature လည်း ပါဝင်ပါသေးတယ်။ Share Point က web base သွားတာပါ။ Share Point ကို တင်ဖို့ဖို့အတွက် IIS နဲ့ SQL Server ကလိုအပ်ပါတယ်။ သူက file server တွေ အစားဝင်ရောက်လာတာလို့ ဆိုလို့ရပါတယ်။ share point ကို run ဖို့အတွက် share point server လိုအပ်ပါတယ်။ Sharepoint site ကို ကိုယ်လိုချင်တဲ့ ပုံစံ တည်ဆောက်ဖို့အတွက် Share Point Designer ကို တတ်ကျွမ်းရပါမယ်။ အခုကတော့ Share point Server 2008 ပဲရှိသေးတယ်ထင်တယ်။ နောက် version တွေမှာ ASP.NET နဲ့ တွဲသုံးလို့ရလာပါမယ်လို့ Microsoft ကပြေထားပါတယ်။ Share Point Server 2010 ကတော့ beta ထွက်နေပါပြီ။
Continue reading

Snippets

snippets ဆိုတာက code အတိုအထွာလေးတွေကိုပြောတာပေါ့။ တစ်ခါတစ်လေ code သေးသေးလေးတွေ ကျွန်တော်တို့တွေ တွေ့ထားတာလေးတွေ ရှိတယ်။ ဒါမှမဟုတ် ကိုယ့်ဘာသာကိုယ်ရေးဖြစ်တာလေးတွေ ရှိတတ်တယ်။ ဥပမာ။ jquery 1.4 အသစ်ထွက်တာလေးတွေ code လေးတွေ example လေးတွေနဲ့ ပြထားတယ်။ အဲလိုမျိုးလေးတွေက snippets လေးတွေပေါ့။ code အများကြီး မဟုတ်ဘူး။ သေးသေးလေးလေးတွေ။ Twitter နဲ့ PHP သုံးနည်း code လေးလိုမျိုးတွေပေါ့။ class တစ်ခုလုံးလည်း မဟုတ်သလို စာကြောင်းကလည်း ၁၀ ကြောင်းတောင် မပြည့်တဲ့ code လေးတွေပေါ့။ အဲဒီလိုမျိုး code တွေကို သိမ်းဖို့အတွက် Snippets Management တွေ ရှိလာပါတယ်။ နောက်ပြီး သူများရေးထားတဲ့ snippets လေးတွေ သူတို့မှတ်ထားတဲ့ snippets လေးတွေက တော်တော်အသုံးဝင်တာလေးတွေလည်း ရှိတယ်။ ဥပမာ။။ twitter အတွက် php နဲ့ ချိတ်ရေးတာကို google မှာရှာမယ့်အစား snippet site တစ်ခုမှာ ရှာလိုက်တာက ပိုအဆင်ပြေပြီး လိုချင်တာ တန်းထွက်တာမျိုးတွေရှိပါတယ်။
Continue reading

Web Designer should use Grid System

ရန်ကုန်မှာ အရင်တုန်းက Web Design ပိုင်းသင်တုန်းက PSD နဲ့ပုံတွေ ဆွဲပြီးတော့ HTML ပြန်ထုတ်ခိုင်းတာ မှတ်မိသေးတယ်။ တော်တော်လက်ဝင်တဲ့ အလုပ်ဗျာ။ နောက်ပြီး ပုံက ထွက်လာရင် skill နဲ့ က မကိုက်တာတွေ ဖြစ်လာပြန်ကော။ ဘာဖြစ်လို့ဆွဲခိုင်းတာလဲတော့ မသိ။ ကျွန်တော့်အတွက်တော့ အလကား အပိုအလုပ်ရယ်လို့တောင် မြင်လာသလိုပဲ။ Photoshop နဲ့ဆွဲတော့ HTML မထွက်ခင် design တော့ ကြိုမြင်ပါရဲ့။ ထွက်လာတဲ့ design နဲ့က HTML ထုတ်ရင် scale တွေက ဘယ်တူတော့မလဲလို့တောင် စဉ်းစားမိသေးတယ်။ အခုမှပဲ နားလည်တော့တယ်။ သင်တန်းတုန်းက grid system ကို မသင်ခဲ့ရတာကိုး။ ရုံးမှာ web designer က photoshop နဲ့ ဆွဲနေလို့ နောက်ကနေ သူဘာတွေသုံးလဲဆိုတာကို ရုံးရောက်ကာစ သွားစပ်စုကြည့်သေးတယ်။ သူလည်း phtoshop နဲ့ဆွဲတာပဲ။ ဒါပေမယ့် HTML ထုတ်တာ အရမ်းမြန်တယ်။ scale တွေလည်း မလွဲပါလားလို့။

Continue reading

CodeIgniter From Scratch

တော်တော်လေးကို ကောင်းတဲ့ tutorial လေးပါ။ video လည်း download ချလို့ရတယ်။ CI ကို စလေ့လာကစလူတွေအတွက် အသုံးဝင်တယ်။

http://net.tutsplus.com/videos/screencasts/codeigniter-from-scratch-day-8/

ကျွန်တော်လည်း ဒီနေ့မှ ကြည့်မိတယ်။ မဆိုးဘူးပဲ။ tutorial လုပ်တဲ့လူက CI ကို တော်တော် အတွေ့အကြုံရှိတဲ့ပုံပဲ။ တော်တောအတုယူဖို့ကောင်းတာတွေပါတယ်။ view ဆောက်ထားတာ စနစ်ကျတယ်။ ရှင်းပြတာတွေလည်း ကောင်းတယ်။ Day 1 ကနေ ပြန်ကြည့်လိုက်တော့မယ်။ အခု Day 8 ကို ကြည့်နေတာ။

Why blog ?

မနေ့တုန်း အစည်းအဝေးမှာ blog content တွေအကြောင်း ပြောတယ်။ company တစ်ခုရဲ့ blog content က အရေးပါသလို ငွေပေါင်းမြောက်မြားစွာ ရအောင်လည်း ဖန်တီးပေးနိုင်တယ်ဆိုတာလည်း သိလိုက်ရတယ်။ CMS နဲ့ blog က မတူပါဘူး။ ဆင်မယောင်နဲ့ ကွဲပြားပါတယ်။ CMS ဖြစ်တဲ့ joomla တို့ drupal တို့ နဲ့ blog engine ဖြစ်တဲ့ wordpress တို့နဲ့ ပုံစံ သွင်ပြင်ကွာပါတယ်။ အတော်များများက CMS နဲ့ blog မကွဲပြားကြဘူး။
Continue reading