VPS and Domain

ဟိုနေ့က VPS မှာ symfony setup လုပ်ရတယ်။ symfony ကို hosting တစ်ခုကိုပေးပြီး setup လုပ်ခိုင်းတာ ဘယ်လိုမှ မလုပ်တတ်တာနဲ့ နောက်ဆုံး VPS တစ်လုံး ဝယ်လိုက်ရတယ်။ ရုံးမှာကလည်း Linux သမားဆိုလို့ အခုချိန်မှာ ကျွန်တော်ရယ် Boss ရယ်ပဲရှိတော့တယ်။ ကျန်တဲ့သူတွေက Linux မသုံးတတ်။ အကုန် Windows က လာတာကြီးပဲ။ နောက်ပြီး symfony ကို setup မလုပ်တတ်တာနဲ့ ကိုယ်ကပဲ လုပ်ရတာပေါ့။ VPS အတွက် OS ကိုမေးတော့ ထုံးစံအတိုင်း Ubuntu ပဲပေါ့။ အဲမှာ ကျွန်တော်က ကြောင်တောင်တောင်နဲ့ သွားမေးတာရှိသေးတယ်။ NS1 နဲ့ NS2 သွားတောင်းတာလေ။ ဟိုဘက် Comapny က ရန်ဘင်း ဆိုတဲ့လူက ကြောင်တောင်တောင်ဖြစ်သွားပုံရတယ်။ နောက်မှ email ပို့ပေးမယ်လို့ပြောတော့ အင်းပေါ့။ အဲတုန်းကတော့ မသိဘူး။ domain setup ဆိုရင် NS1, NS2 ပဲထည့်ရမယ်ထင်နေတာ။ VPS ကလည်း မသုံးဖူးတာပါတာပေါ့။
Continue reading

MZ Third Anniversary

လာမယ့်သူများ အောက်က form တွင်ဖြည့်ပေးစေလိုပါသည်။ form မဖြည့်ပဲနှင့်လည်း တက်ရောက်နိုင်ပါသည်။ form ဖြည့်ခိုင်းရခြင်းမှာ လက်ဆောင်များပေးရန်အတွက် ရည်ရွည်ပါသည်။ နေရာနှင့်အချိန်ကို သေချာလျှင် ပြန်ကြေငြာပါမည်။ ဒီနှစ် အခြား နှစ်တွေလို မဟုတ်ပဲ beginner နဲ့ Professional တွေကြားမှာ medium သဘောမျိုးအနေနဲ့ ဆောင်ရွက်ချင်ပါတယ်။ လူငယ်တွေ ဘာသိချင်လဲ။ ဘာဖြစ်ချင်လဲ။ ဘာလို့ beginner ကနေ တက်ရတာ ခက်နေတာလဲ။ ဘာတွေ လိုအပ်လဲ။ ကိုယ်ဖြစ်ချင်တာတွေ ဖြစ်ဖို့ ကိုယ်လိုချင်တဲ့ အလုပ်အကိုင်တွေ ရဖို့ ဘာတွေ ပြင်ဆင်ထားရမလဲ။ အဓိက ဆွေးနွေးတဲ့သဘောမျိုးနဲ့ သွားမှာပါ။ ကျွန်တော်တို့ MZ အနေနဲ့လည်း လက်ရှိ အောင်မြင်နေတဲ့ geek တွေကို ကြိုးစားဖိတ်ပေးပြီး လူငယ်တွေရဲ့ အမေးတွေကို ဖြေကြားပေးနိုင်အောင် ကြိုးစားပေးပါမယ်။ ဒီနှစ်ပွဲကိုတော့ exiter က ဦးဆောင်ပြီး ဆောင်ရွက်သွားမှာပါ။

http://spreadsheets.google.com/viewform?formkey=dGI0MWxwcFV4eUV3azJBZzFYYVo4VEE6MA

ကျွန်တော့် ဝါသနာ

ဒီနေ့ ရုံးမှာ အလုပ်အတူတူလုပ်တဲ့ အစ်မက မေးတယ်။ Programming ကို ဝါသနာပါတာမဟုတ်ဘူးလားတဲ့။ အဖြေကတော့ မဟုတ်ပါ။ လူအများစုကလည်း ကျွန်တော် programming ပိုင်း ဝါသနာ ပါတယ်လို့ ထင်ရင် ထင်စရာပါပဲ။ ကျွန်တော့် ဝါသနာဟာ ဘာလဲလို့ ကိုယ့်ဘာသာကိုယ် စဉ်းစားမလို့ ကြံတုန်း ခေါင်းထဲမှာ စဉ်းစားဖို့တောင် မလိုပဲ ဝင်လာပါတော့တယ်။

Continue reading

How to make MVC framework

ဒီနေ့တော့ ရေးတာ ပြီးသွားပါပြီ။ အရင်တုန်းက ရေးထားတဲ့ library လေး ကောက်ထည့်ပြီးရင် ကျွန်တော် အရင်ကရေးထားတဲ့ framework က MVC ဖြစ်သွားပြီ။ MVC ရေးရတာ မခက်ပါဘူး။ OOP နားလည်ရင်ရပါပြီ။ ကျွန်တော် သုံးထားတဲ့ File Structure လေး ကြည့်ကြည့်ပါ။

Continue reading

#MEMO Load Model

Abstract class Controller extends Loader {

public $load;

function Controller()
{
	$this->load=$this;
}

abstract function index();

}

So, I can call like this

class IndexController extends Controller {

    function IndexController()
    {
        parent::Controller();
    }

	function index()
	{
		$this->load->model("simple");
		print_r($this->simple);
	}
}

This is my first time setting look like this and I never thinking before

$this->load=$this ;

In the old, I calling like this

$this->load->simple->function();

hmm… How stupid it!!!

Cheer!!!!
Saturngod

ရောက်တက်ရာရာ

ဒီနေ့ emo လေး နဲ့ facebook မှာ စကားပြောတော့ Concept ကို ဘယ်မှာ သွားသင်ရမလဲလို့ မေးတယ်။ သူ ဝါသနာပါတာက Designer။ PHP လေ့လာဖို့လိုလားလို့ မေးတော့ ကျွန်တော်ကလည်း ပြောပါတယ်။ သိရုံလောက်ပဲ လုံလောက်တယ်။ တေဇာ အဖြေက ပိုရှင်းတယ်။ SmashingMag မှာ Programming Language အကြောင်းပါလားလို့ မေးလိုက်တော့ အဖြေက ရှင်းသွားတာပဲ။
Continue reading

Cheer!!! လင်းနစ်

အခု mail ထဲကို ရောက်လာလို့ ဝမ်းသာသွားတယ်။ လင်းနစ် အဲဒီ အခွေကို လုပ်နေတာ တော်တော်ကြာပြီ။ ရန်ကုန်မှာတုန်းက လက်ဖက်ရည်ဆိုင် ဂီတာတီးပြီး ကျွန်တော်တို့ကို သီချင်းဆိုပြတဲ့အချိန်တွေကို သတိရမိတယ်ဗျာ။ သူ ဒီအခွေကို အရမ်းအပင်ပန်းခံပြီး လုပ်ခဲ့ရတာ။ Producer အဆင်မပြေတာနဲ့ နောက်ပြီး ဆိုချင်တဲ့ သီချင်းက သီချင်းရေးဆရာ သေသွားလို့ ဇာတ်လမ်းရှုပ်မှာစိုးလို့ ဆိုပြီး မထည့်လိုက်ရတဲ့ သီချင်းနဲ့ တော်တော်လေးကို အပင်ပန်းခံပြီး လုပ်ခဲ့ရတာ။ ဒီ Album လေးက ကျွန်တော် ဒီကို မရောက်ခင်ကတည်းက သူလုပ်နေတာ။ တော်တော်လေးတော့ ကြာနေပါပြီ။ ဘာပဲ ပြောပြော ကိုလင်းနစ်ရေ… Cheer!! ဗျာ… ကျွန်တော် အမှန်အကန် အခွေ ဝယ်ပြီး အားပေးမယ်ဗျာ… ရန်ကုန်က ကိုကိုရဲ ကို အခွေဝယ်ခိုင်းထားပြီး လက်မှတ်ထိုးခိုင်းထားလိုက်မယ်.. :)
Continue reading