iStardict with ornagai

ဘယ်လို သွင်းရမလဲဆိုတာကိုတော့

http://www.macforus.com/lang/my-my/istardict

အဲမှာ ရေးထားတယ်။

ornagai အတွက် stardict dictionary ကိုတော့

http://github.com/saturngod/ornagai-V2/downloads

အဲကနေ download ယူလို့ရပါတယ်။ en-mm ကော mm-en ပါရှိပါတယ်။

ရေနံကုလားတွေ ငတ်ကိန်းလား

http://www.myanmar.mmtimes.com/2010/upper/454/upper01.html

ဖတ်ကြည့်လိုက်တော့ အံသြလို့မဆုံးနိုင်အောင်ပဲ။ ငယ်ငယ်က သင်ဖူးတဲ့စာကို ချိုးဖောက်ပြီး လုပ်ထားတယ်ဆိုတော့ အားပါးပါး တကယ်ကော ဟုတ်စလို့တောင် ထင်မိသေးတယ်။ တကယ်ဆိုရင်တော့ လက်ဖျားခါရုံတင်မဟုတ်ဘူး… ရေနံကုလားတွေ ကျိန်ဆဲမယ့်ဖြစ်ချင်း။ ကိုယ်ကလည်း နိုဘယ်ဆုအတွက် မကူညီနိုင်သလို နိုင်ငံတကာမှာ မှတ်ပုံတင်ဖို့ကလည်း ဘာမှမကူညီနိုင်။ မြန်မာတစ်ယောက်က ဒီလိုလုပ်တယ်ဆိုတာကို သိအောင် ပဲ blog ပေါ်မှာ ဖွတာလောက်ပဲကူညီနိုင်တော့ ဒါလေးပဲ ကူညီရတာပေါ့။

နောက်ပြီး အဲဒီအတွက် English လို ရေးထားတာလေးတွေ ရှိရင်ကောင်းမယ်။ အခြားသူတွေကိုလည်း ပြရတာပေါ့။ ဟုတ်မဟုတ်တော့ မသိသေး။ ဒေါက်တာ စိန်မြင့် နာမည်ပါလာတော့ အစက ၄၀% လောက်ပဲယုံရင်တောင် လူက ၆၀% တော့ ယုံသွားတယ်။ ကျန်တဲ့ ၄၀% က ကမ္ထာက အသိအမှတ်ပြုပြီးမှ ယုံတော့မယ်။ ဘာပဲပြောပြော မြန်မာနိုင်ငံကြီး မီး ၂၄ နာရီလာဖို့အိမ်မက်ကြီး ထပ်မက်နိုင်ပြီပေါ့။ ကြည့်ရတာ အဲဒီ နည်းပညာက တကယ်အလုပ်ဖြစ်မယ်။ ကုန်ကျစရိတ်လည်း သက်သာမယ်ဆိုရင် ရေနံကုလားကြီးတွေ အဲလူကို လူငှားပြီး သတ်ခိုင်းမလားတောင် မသိဘူး။ အိုးဘာမားကြီး ဘီလံချီတဲ့ project ကြီးလည်း ရပ်ဆိုင်းလိုက်ရတော့မလားလို့တောင် ပေါက်ကရ တွေးမိနေလေတော့သည်။

Wow… JSON

JSON ကို ကျွန်တော်တို့တွေ နေရာစုံမှာ အသုံးပြုကြပါတယ်။ အရင်တုန်းကတော့ ကျွန်တော်သိတာက JSON ကို web service တွေမှာ အဓိက သုံးတယ်ပေါ့။  တကယ်တန်းတော့ မဟုတ်ပါ။ နေရာစုံမှာ သုံးနိုင်တယ်။ လိုအပ်သလို သုံးနိုင်တယ်။ အမြဲတန်းသုံးရမယ်မဟုတ်ဘူး။ ကျွန်တော်တို့ ကျောင်းမှာ သင်ခဲ့တုန်းက Database Design ရေးဆွဲတဲ့အခါမှာ 1NF , 2NF , 3NF ထိ သင်ဖူးပါတယ်။ သိပ်တော့ မမှတ်မိတော့ဘူး။ 3NF ထိလို့ထင်တာပဲ။ တကယ်တန်းတော့ 6NF ထိရှိပါတယ်။ သို့ပေမယ့် အဲလောက်ထိ မသုံးကြဘူး။ 3NF လောက်ထိ သိရင် အလုပ်ဖြစ်တယ်။ ဒါပေမယ့် JSON ကို သုံးပြီး Table တွေ လျော့ချဖို့ သို့မဟုတ် field တွေ လျော့ချဖို့တွေ မသင်ခဲ့ပါဘူး။ ဒါတွေက အတွေ့အကြုံတွေက သင်လာခဲ့တာပါ။

Continue reading

Ornagai New release

http://github.com/saturngod/ornagai-V2/downloads

မှာ download ချလို့ရတယ်။ iPhone အတွက်ကတော့ wedict pro ရှိရင် stardict ကို သုံးလို့ရတယ်။

နောက်နေ့မှ detail ပြန်ရေးပေးတော့မယ်။ အခုတော့ မအားသေးလို့။

ဘုရင်

ငါသည် ဘုရင်
ငါသည် အရှင်သခင်။
ငါ့အပါး ခစားသူအများ။

ရှေ့တန်းမထွက်
နောက်တန်းကနေ
ကွပ်ကဲနေလျက်
တိုက်ပွဲများစွာ တိုက်ခိုက်လေ၏။
Continue reading

Cron job

cron job ဆိုတာ windows မှာ schedule နဲ့ အတူတူပါပဲ။ cron job က မတူတဲ့အပိုင်းကတော့ cron file ရေးရတာပဲ။ သူ့ format က ဒီလိုရေးပါတယ်။

minute (0-59), hour (0-23, 0 = midnight), day (1-31), month (1-12), weekday (0-6, 0 = Sunday), command

ဥပမာ

01 04 1 1 1 /usr/bin/somedirectory/somecommand

အမြဲတန်းဆိုရင်တော့ * ကို အသုံးပြုနိုင်ပါတယ်။

01 04 * * * /usr/bin/somedirectory/somecommand

အဲဒါက every day,every month, every week လို့ပြောလိုက်တာပါ။

cron job ကို အသုံးပြုဖို့ crontab ဆိုတဲ့ command line နဲ့ အသုံးပြုတယ်။

$crontab filename Add by file name
$crontab -e Edit in comand line Editor
$crontab -l Cron List
$crontab -r Remove

command ကို sh file အနေနဲ့ အသုံးပြုလို့ရပါတယ်။

cron job ကို အထူးသဖြင့် backup လုပ်တဲ့နေရာတွေမှာ အသုံးပြုတတ်ကြပါတယ်။ Unix like system တွေအတွက် အလွန်ကို အသုံးဝင်ပါတယ်။

To my junior in UCSY

ဒီနေ့ http://www.myanmardaily.net/ ကနေ ucsy ning site လေးကိုတွေ့လိုက်တယ်။ ဘာပဲပြောပြော ကိုယ့်ကျောင်းဆိုတော့ ဖတ်ဖြစ်လိုက်ပါတယ်။ ကျောင်းမှာ project လေး လုပ်ခိုင်းတာ သိတော့ ဝမ်းသာမိသွားတယ်။ အဲ… အဲမှာ မကျေလည်တာလေး တစ်ခုကို သွားဖတ်မိပါတယ်။ computer ပြဿနာပါ။ ကိုယ့် laptop နဲ့ ကိုယ် presentation ကို ပြခိုင်းတာပါ။ ကျောင်းသားတစ်ယောက်က laptop မရှိရင် ဘယ်လိုလုပ်မလဲပေါ့။ Continue reading