Google ကနေ ရှာမယ်တဲ့လား
ဒီ post ဟာ negative scene အနေနဲ့ရေးထားခြင်းဖြစ်သည်။ စကားလုံးများသည် ခပ်ရင့်ရင့်ဖြစ်နေမည်။ ထို့ကြောင့် ကိုယ့်အား ဆဲနေသည်ဟု ထင်မှတ်ပါက ဆက်မဖတ်ပါနှင့်။
Continue reading
Just thinking
If Myanmar have 24 hours, our generator is worst. So, should we use generator today ? It will worst someday. How do you think about it ? Somebody told people, don’t use generator. It will worst and we will lost money for that. We are making 24 hours electric for Myanmar and you need to wait it. What day it will finish ? Off course, it will done soon. But we can’t declare what day.It is a revolution, not optional choice. So, should we use generator for current situation or waiting 24 hours electric ?
ပိတောက် not support Mac
ပိတောက်က ဖတ်လို့ရမလားဆိုပြီး စမ်းကြည့်ပါသည်။ မရပါ။ မြန်မာ unicode နှင့်ရေးထားသော blog များအားလုံး ဖတ်မရပါ။ Mac OS X Snow Leopard စသုံးကတည်း rendering ပါသော မြန်မာစာတွေ ကောင်းစွာ ဖတ်လို့မရတော့ပဲ အရင်တုန်းက Windows XP ဘဝ ပြန်ရောက်သွားသလိုပဲ။
Mac အတွက် rendering တွေ ထည့်ရေးမယ်လို့ မျှော်လင့်ပါတယ်။ Mac အတွက် Apple Advanced Typography ကို font ထဲထည့်ရေးမှပဲ ရမှာ ဖြစ်ပြီး font developer တွေက Mac မသုံးကြတဲ့အတွက် အခုချိန်ထိတော့ ဝေးနေဆဲပေါ့။ ဇော်ဂျီ ၂၀၀၉ လည်း သုံးမရသလို unicode 5.x လည်း သုံးမရပေ။
Street View & Privacy
Google ဘယ်လို အပင်ပန်းခံထားလဲဆိုတာကို သိသိသာသာ ပေါ်ပေါ်ထင်ထင် ချစ်ဖို့ကောင်းအောင် ဆွဲထားတဲ့ ကာတွန်းလေးပဲဗျ။
Google. Street View Privacy from Alex Gurghis on Vimeo.
Jumping to PHP framework
အရင်တုန်းကတော့ PHP Framework အကြောင်းပြောခဲ့ဘူးတယ်။ MVC အကြောင်းလည်း ပြောခဲ့ဘူးတယ်။ အခု ကျွန်တော်တို့တွေ framework ကိုပြောင်းသုံးတော့မယ်။ ဘာပိုကောင်းတာတွေလဲဆိုတာကို သိပြီ။ ကျွန်တော်တို့framework ကိုပြောင်းသုံးသင့်မသင့် စဉ်းစားရအောင်။
ဘယ်သူတွေပြောင်းသင့်လဲ။
ပြောင်းသင့်တာကတော့ Professional PHP Web Developer တွေပဲဗျ။ ဟင် professional web developer တွေပဲလား။ basic သမားတွေက ဘာလို့ ပြောင်းလို့မရမှာလဲ။ အဲလို မေးလာရင်တော့ ပြောင်းချင်ရင် ရပါတယ်ဗျာ။ အဲလိုပြောင်းလိုက်တဲ့အခါမှာ အခြေခံပိုင်နိုင်ခြင်း မရှိသေးပဲ Framework ကိုပြောင်းလိုက်တဲ့အတွက် နောက်ပိုင်း framework ကို သဘောကျပြီး ဆက်သုံးဖြစ်လိမ့်မယ်။ အဲဒီအခါ PHP ရဲ့ code အချို့ကို မေ့ကုန်လိမ့်မယ်။ နောက်ထပ် framework ကို ပြောင်းရင် အခက်အခဲတွေ ရှိလာနိုင်တယ်။ တနည်းပြောရရင်ဗျာ.. foundation ခိုင်ဖို့လိုတယ်။ foundation မခိုင်ပဲနဲ့ အဆင့်ကျော်တက်ရင် မြန်တာပဲရှိမယ်။ တြိဂံ ပြောင်းပြန် ကြီးဖြစ်သွားလိမ့်မယ်။
ကိုသက်ထွေးနဲ့ စကားစမြည်
ကိုသက်ထွေးက www.books-hive.com ကိုရေးထားတဲ့သူပါ။ facebook မှာ သူနဲ့ opensoure scripts တွေနဲ့ paid scripts တွေအကြောင်ဆွေးနွေးဖြစ်ခဲ့တာလေးတွေကို မြန်မာပြန်ပြီး ဖော်ပြလိုက်ပါတယ်။
Saturngod: တစ်ခါတစ်လေ ကျွန်တော် စဉ်းစားမိတယ်ဗျ။ ကျွန်တော် help desk မှာ ပိုက်ဆံမရပဲ အလုပ်လုပ်နေရသလိုပဲ။ ကျွန်တော် free ပေးတဲ့ prdouct တွေကို သူတို့တွေအတွက် မလုံလောက်သေးပဲ help desk ပါလိုချင်ကြတယ်ဗျ။ အဲဒါကို လုပ်ရတာ အရမ်းစိတ်ညစ်တယ်။ ကျွန်တော် helpdesk မှာ အလုပ်လုပ်နေတာမဟုတ်သလို ကျွန်တော် အခမဲ့မျှဝေနေတာပါ။ အချို့ဟာလေးတွေက သူတို့ သေချာဖတ်ရင် နားလည်မှာပါ။ ဒါမှမဟုတ် google မှာ ရှာလိုက်ရင်လည်း ရနိုင်ပါတယ်။ အများစုကတော့ ပထအကြိမ်မရရင် လက်လျှော့ပြီး မေးတတ်ကြတယ်ဗျ။ ဒုတိယအကြိမ် ဘာလို့ မစမ်းကြည့်တာလဲတော့ မသိဘူး။ ဒါမှမဟုတ် သေသေချာချာ ဖတ်ပြီး နောက်တကြိမ်စမ်းကြည့်သင့်တယ်။ အချို့ဟာတွေကတော့ google မှာ ရှာလို့ ရနိုင်တာပဲဗျ။ Google မှာ ရှာပြီး ပင်ပင်ပန်းပန်း ဖတ်ရမှာ ကြောက်ကြတယ်နဲ့ တူတယ်။
သက်ထွေးအောင် : ဒါက မြန်မာတွေမှ မဟုတ်ဘူးဗျ။ လူတွေရဲ့သဘာဝပဲ။ အခြားနိုင်ငံတွေက လူတွေလည်း ဒီလိုပါပဲဗျာ။ အဲဒါကို scripting release forum တွေမှာ တွေ့မှာပါ။ အင်း.. ဒါကလည်း opensoure ပေးချင်ရဲ့ သဘာဝပဲဗျ။ တကယ်လို့ မကြိုက်ဘူးဆိုရင် release မလုပ်နဲ့ ဒါမှမဟုတ် ပြန်မဖြေနဲ့ပေါ့ဗျ။
Continue reading
BarCamp Yangon
၂၅.၁၁.၀၉ တွင် လပြည့်ဝန်းပလာဇာ မြေညီထပ်၊ Aroma Cafe တွင် BarCamp Yangon (BCYgn) ကို ကျင်းပလိုသူများ စုဝေး၍ ပဏာမ ဆွေးနွေးဖြစ်ခဲ့ပြီး ညနေပိုင်းတွင် မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်း၌ ဤကိစ္စအား တင်ပြခဲ့သည်။ BCYgn အား MCPA မှ တာဝန်ခံ ကျင်းပရန်နှင့် စိတ်ပါဝင်စားသူများဖြင့် BarCamp Yangon Team ဖွဲ့စည်းရန် အသင်းမှ အတည်ပြုသည်။ MCF သို့ အသိပေးတင်ပြရန် အဆင့်သာ ကျန်ရှိ။ ဝိုင်းဝန်းကူညီလိုသူ လုပ်အားပေးများ ဤနေရာတွင် စာရင်းပေးသွင်းပါရန်။
၂ရက်ကြာ စနေ-တနင်္ဂနွေနေ့များတွင် ကျင်းပရန် လျားထားသည်။ Myanmar Info-Tech တွင် ပြုလုပ်မည်။ ၂၀၁၀ ဇန်နဝါရီလထဲ မှန်းထားသည်။ Organizer Team ထဲ ပါချင်သူများ စုဝေးပြီး ၃၀.၁၁.၀၉ (တနင်္လာနေ့) လောက် အစည်းအဝေး ထပ်ခေါ်မည်။ အောက်တွင် လက်ရှိ ရရှိထားသမျှ အကြံဉာဏ်များကို မှတ်မိသလောက် ဖော်ပြထားသည်။ ဝိုင်းဝန်း အကြံပြုကြပါရန်။
Continue reading
