Zawgyi with Lion

အခုတလော comment တွေမှာ Lion မှာ ဇော်ဂျီ မပေါ်တော့ဘူးဆိုတာပဲ ပြောနေတယ်။ Lion မှာ မြန်မာ Unicode ပါလာမယ်ဆိုတာကို ကျွန်တော် ဒီ post ကတည်းက ပြောဖူးပါတယ်။ ပါလာတဲ့ font ၂ ခုက Myanmar MN နဲ့ Myanmar Sangam MN တို့ပါ။ Unicode မကြိုက်ဘူးဆိုရင်တော့ Font Book ထဲကနေ တဆင့် အလွယ်တကူ turn off လုပ်လိုက်လို့ရပါတယ်။ ကျွန်တော်ကတော့ Turn Off လုပ်ထားတယ်။ ကျွန်တော်က MasterPiece Unis နဲ့ Myanmar 3 ကို ပိုသဘောကျပါတယ်။ လက်ရှိ ပါလာတဲ့ Unicode Font ၂ ခုက စာလုံး အချို့ ပေါ်တာတွေ လွဲနေပါသေးတယ်။

Unicode ကော ဇော်ဂျီပါ တွဲသုံးချင်တယ်ဆိုရင်တော့

Chrome : http://bit.ly/o40q91
Safari : http://bit.ly/pVSRF5
Firefox : http://bit.ly/qUnn58

Continue reading

Discussion on Facebook

Facebook မှာ ကို Zack ၊ ကို သီဟ တို့နဲ့ ဘောလုံးပွဲ အကြောင်းပြော ဖြစ်တာလေး ပြန်ပြီး စုစည်းပြီး blog မှာ တင်ထားတာပါ။

Zack : မြန်မာလူမျိုးတွေ နိုင်ငံတကာ ဘောပွဲ အရမ်း ကြည့်ချင်နေတယ်ဆိုတာကတော့ အသေအချာပဲ ဒီ movie ကိုကြည့်ပါ။ လူစုလူဝေးနေရ ထိုင်ရသွားရစားရတာတွေမှာ အလေ့အကျင့် မရှိတဲ့ မြန်မာတွေ အတွက်တော့ ပြသနာပေါ့။ ပြောမယ်ဆိုရင်တော့ educated ဖြစ်ဖို့လိုတယ်ဆိုပေမယ့် ခုလိုလာကြည့်ကြတဲ့ သူအတော်တော်များများရဲ့ နေ့စဉ်ဘဝတွေက စားဝတ်နေရေးတွေနဲ့ လုံးပန်းနေရမှာ သေချာတယ်။ လွတ်လပ်စွာပြောဆိုခွင့်မရှိသေးတ ဲ့ တိုင်းပြည်မှာ ကွင်းထဲလူစုမိတော့မှ တဘက်အသင်းကို -ီးပဲဆိုပြီး ဆဲနေတာတွေကလဲ ဘယ်သူကို အပြစ်တင်ရမလဲ

Myanmar VS Oman Soccer Match Interrupted by Crowd with Violence!! HD from Htoo Tay Zar on Vimeo.

Hooligans made ugly World cup qualifer, Myanmar Vs Oman from Hpone Myint Khaing on Vimeo.

SG: ကျွန်တော်ကတော့ ကိုယ့်လူမျိုးကို စိတ်ညစ်စရာလို့ မမြင်ပဲနဲ့ ကျွန်တော် တို့ မျိုးဆက်တွေ နောက်မျိုးဆက်တွေမှာ ဒီလိုမျိုး မဖြစ်အောင် ကိုယ့်ပတ်ဝန်းကျင်ကို ကိုယ်တတ်နိုင်သလောက် educate လုပ်ပေးဖို့ လိုတယ်။ ပညာတတ်တာ မတတ်တာ ထက် ယဉ်ကျေးလာအောင် ကိုယ်တိုင် စံ နမှုနာ အနေနဲ့ နေထိုင်အောင် ကြိုးစားပြဖို့ လိုတယ်။ ဒီလို လုပ်တာတွေ မကောင်းဘူးဆိုတာ နားလည်အောင် ပညာပေး စည်းရုံးမှုတွေ လုပ်ရမယ်။ ကလေးတွေကို မဆဲ နဲ့ ဆိုပြီး လူကြီးတွေက ကလေးတွေ ရှေ့မှာ ဆဲပြနေရင် ဆဲမှာပါ။ ဆဲတာ မကောင်းဘူး ဘာကြောင့် မကောင်းတာလဲဆိုတာကို အခြေခံ အချက်ကျကျ ပြန်ရှင်းပြဖို့ လိုတယ်။ အရင်ဆုံးဗျာ .. ကျွန်တော်တို့ မျိုးဆက်တွေက ဖြစ်တယ်ဆိုရင် ကျွန်တော် အပါအဝင် ပညာပေးစည်းရုံးမှုတွေ အားနည်းသေးလို့ educate မဖြစ်တဲ့လူတွေကို ပြောရဆိုရခက်တယ်။ နားမလည်တဲ့ ကောင်တွေဆိုပြီး လွှတ်ထားလိုက်လို့ ။ ဘီယာ သောက်တာထက် မူးပြီး ဆဲတာကို ဝိုင်းပြီး အပြစ်မပြော မတားတတ်ကြတဲ့ ကျွန်တော်တို့ မျိုးဆက် အပြစ်တွေလည်း ပါတာပေါ့ဗျာ။ ပြောရင်တော့ အများကြီးပဲ။ ကျွန်တော်တို့ ကိုယ်တိုင် ကိုယ့်ပတ်ဝန်းကျင်မှာ စံပြ အနေနဲ့ အရင်ဆုံး နေနိုင်အောင် ကြိုးစားဖို့ လိုတယ်
Continue reading

Server and me

သောကြာနေ့ညက rackspace မှာ cloud server ကို လပေးနဲ့ စမ်းကြည့်တယ်။ အဓိကတော့ MZ နဲ့ Ornagai အတွက် server ပေါ့။ အရင်ဆုံး ကိုယ့် blog ကို ကိုယ်တင်တော့ nginx ကို သုံးမယ်ဆိုပြီး ဆုံးဖြတ်ထားလို့ ngix ကို တင်လိုက်တယ်။ php fpm ကို သွင်းလိုက်တယ်။ ပုံမှန် .php file ကို စမ်းကြည့်တယ်။ ရတယ်။ ဒါနဲ့ wordpress တင်ဖို့ လုပ်တော့ စပြီး တိုင်ပတ်တာပဲ။ .htaccess အလုပ်မလုပ်တော့တဲ့ အတွက်ကြောင့် wordpress configure က စပြီး ဂဂျောင်ပါလေရောပေါ့ဗျာ။ သို့ပေမယ့် wordpress website မှာရေးထားတဲ့အတွက်ကြောင့် အဆင်ပြေသွားတယ်။

ဒါပေမယ့် site က နှေးနေတယ်။ တော်တော်လေးကို နှေးနေတာ။ ဘာဖြစ်လို့ နှေးမှန်းမသိဘူး ဖြစ်နေတယ်။ အခုအချိန်တော့ ထင်သလောက် မနှေးတော့ဘူး။ နှေးရခြင်း အကြောင်းက DNS cache က fully update မဖြစ်သေးတာကြောင့်ပါ။ နောက်ပြီး configure တွေ လွဲနေတာကြောင့်လည်း ပါတယ်။ PHP APC နဲ့ ဆို မြန်တယ်ဆိုတာနဲ့ PHP APC ကို သွင်းပြီး wordpress နဲ့ တွဲသုံးလိုက်တာ အရမ်းကို မှန်သွားတယ်။ W3 Plugin က PHP APC ကို support လုပ်ပေးတယ်ဆိုတော့ ဘာမှ ပြင်စရာ မရှိဘူး။
Continue reading

Nginx with wordpress

သောကြာနေ့ ည က blog ကို rackspace server ပြောင်းလိုက်တယ်။ VPS ကို ပြောင်းလိုက်တယ်ဆိုတာကလည်း Node.js ကို စမ်းချင်တာရယ် နောက်ပြီးတော့ MZ hosting က ရက်ပြည့်တော့မှာ ဆိုတော့ လက်ရှိ hosting ကိုလည်း သဘောမကျတာကြောင့် ပြောင်းဖို့ ဆုံးဖြတ်လိုက်တာ။ ဘယ် host ကို ပြောင်းမလဲစဉ်းစားတော့ Rackspace ကိုပဲ ခေါင်းထဲ ပြေးမြင်တယ်။ တကယ်တန်း ပြောင်းချင်တာကတော့ AWS ပေါ့။ သို့ပေမယ့် ပိုက်ဆံ က အဲလောက် မတတ်နိုင်။ ဒါကြောင့် rackspace ကိုပဲ ပြောင်းဖြစ်တော့တယ်။

ဟိုးအရင်ကတည်းက ကျွန်တော် Nginx အကြောင်းပြောဖူးပါတယ်။ သို့ပေမယ့် အခုလို နဖူးတွေ့ ဒူးတွေ ကြုံရတော့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ။ .php ကိုတော့ run ပါပြီတဲ့ wordpress ကတော့ run မရ။ .htaccess အစား config တွေကို သွားပြင်ရတာဆိုတော့ ပြဿနာက ကြုံကော။ wordpress အတွက် အမျိုးမျိုး စမ်းပေမယ့် မရ။ နောက်ဆုံးတော့ http://codex.wordpress.org/Nginx နဲ့ ရသွားတယ်။
Continue reading

Copyright

တနင်္လာနေ့လောက်တုန်းက ကို မောင်မောင်ဆန်း facebook မှာ share ထားတာနဲ့ C-O-P-Y ကိုယ်ပိုင် ဆိုတဲ့ post ကို ဖတ်ဖြစ်သွားတယ်။ အဲဒါနဲ့ မှတ်မှတ်ရရ အရင်တုန်းက deviantArt မှာ windows XP theme တွေ ကျွန်တော် ဆွဲတုန်းက deviantArt မှာ မူရင်း ပိုင်ရှင်က သူ့ ကိုယ် icon တွေ ခွင့်ပြုချက် မယူပဲ ယူသုံးထားပါတယ်ဆိုပြီး ပြောခံထိဖူးတယ်။ အဲတုန်းက ကျွန်တော့် အသက် ၁၇ လောက်ပဲ ရှိအုံးမယ်။ ခွင့်ပြုချက်တောင်း ရမယ်ဆိုတာကို မသိခဲ့တာလည်း ပါတယ်။ ဒါကြောင့် အဲတုန်းက သူ့ကို တောင်းပန်ပြီး icon တွေ ပြန်ဖြုတ်ပေးရမလား မေးခဲ့ဖူးတယ်။ အဲဒီက စပြီးတော့ မှတ်မှတ်ရရ credit ကိစ္စကို စပြီး နားလည်လာတာပဲ။ အခုခေတ်မှာ ၁၇ ၊ ၁၈ အရွယ်တွေက ကျွန်တော်တို့ ခေတ် ၁၇ ၊ ၁၈ နှစ်ထက် အများကြီး ဗဟုသုတတွေ ရှိနေကြပါပြီ။
Continue reading

We bought it

မနေ့က Lion ထွက်လာပြီ။ Lion ထွက်လာတာ ထက် ပိုပြီး တန်ဖိုးရှိတာတွေ သိလိုက်ရတယ်။ Lion download ချလိုက်ပြီလို့ ကြေငြာလိုက်တာနဲ့ ကျွန်တော် အပါအဝင် အခြား မြန်မာတွေကပါ ဝယ်ဖို့ ဆုံးဖြတ်ထားတာပဲ။ Warez Site တွေမှာ ရနိုင်တယ်။ Free ရနိုင်တယ်ဆိုတာကို သိရဲ့ နဲ့ ပိုက်ဆံပေပြီးတော့ကို သုံးတာ။ Lion ကို US $29.99 ဆိုတာက စလုံး S$ 36 လောက်ပဲ ရှိတယ်။ အရမ်းကို တန်ပါတယ်။ ပိုက်ဆံပေးပြီးတော့ ဝယ်သင့်ပါတယ်။ ကျွန်တော်တို့ မြန်မာတွေ တကယ်လည်း ဝယ်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာနေပြီး ဒုက္ခခံပြီး download ဆွဲချရတာတောင် ဝယ်ခဲ့ကြတယ်။ ဘာပဲ ပြောပြော ဒါက ကောင်းမွန်တဲ့ လက္ခဏာတွေပဲ။ ခိုးသုံးတာထက် တန်တယ်ထင်တဲ့ အရာကို အစစ် အမှန် ဝယ်သုံးရတာ ပိုတန်ဖိုးရှိပါတယ်။ တန်ဖိုးရှိတယ်ဆိုတာ ပစ္စည်းတန်ဖိုးအပြင် လူ့တန်ဖိုးပါ ပိုရှိပါတယ်။ ကျွန်တော်လည်း မနေ့ညက Lion ဝယ်မလို့ ပြင်ပြီးကာမှ June 6 နောက်ပိုင်း Mac book pro ဝယ်ထားတာကို သတိရတော့ ရက်ကို ကြည့်မိလိုက်တယ်။ June 9 က ဝယ်ထားတော့ Free ရမှာ သေချာတာနဲ့ online မှာ ရှာကြည့်လိုက်တော့ Apple က request program ကနေ Redeem code ယူလို့ရပါတယ်။ ဒါနဲ့ပဲ Lion ကို Free ရသွားတယ်။
Continue reading

Review myself

အခုတလော ရုံးအလုပ်တွေနဲ့ တော်တော်ရှုပ်သွားတယ်။ ၁ ပတ်လောက် အိမ်ပြန်နောက်ကျကုန်တယ်။ Dead Line နီးတဲ့ ပြဿနာ အပြင် အရင်က project က error တွေ ပြန်ရှင်းရတာ ၂ ရက် လောက် အချိန်ကုန်သွားသလို ကိုယ့်ကိုယ်ကို လည်း ပြန်သုံးသပ်မိတယ်။ အရင်က ပြဿနာ ဘာလို့ ဖြစ်တာလဲလို့ ပြန်သုံးသပ်ကြည့်လိုက်တော့

၁။ သေချာ ကောင်းမွန်တဲ့ Structure အရင်မချမိခြင်း။
၂။ App Development နဲ့ Web API ကို တပြိုင်တည်း တည်ဆောက်မိခြင်း။
၃။ Class တွေ ခွဲပြီး မတည်ဆောက်မိခြင်း။
၄။ Testing အားနည်းခြင်း။
၅။ ယုံကြည်မှု လွန်ကဲခြင်း။

စတဲ့ အချက်တွေကို တွေ့မိတယ်။

Continue reading

Google Calendar

တစ်ချိန်တစ်ခါတုန်းကတော့ Google Calendar ကို public holiday ကြည့်ဖို့ သက်သက်သာ အသုံးပြုခဲ့တယ်။ အခုနောက်ပိုင်းမှာတော့ Google Calendar ကို ကောင်းကောင်းကြီး အသုံးချနေရပြီ။ အရင်က Google Calendar ကို မသုံးဖြစ်တဲ့ အကြောင်းအရင်းကတော့ Offline မရလို့ ဆိုရမယ်။ သို့ပေမယ့် Mac မှာ iCal နဲ့ တွဲသုံးလို့ရသလို iPhone, iPad တို့မှာလည်း email ထည့်ထားပြီး Calendar ကို on လိုက်တာနဲ့ သူ့ အလိုလို iCal မှာ sync သွားလုပ်ပေးတယ်ဆိုတော့ တော်တော်လေးကို အဆင်ပြေသွားတယ်။
Continue reading