Art of Love (base on Art Of War) — 3

၃။ ထိုးစစ်ဆင်ရန် စီမံခြင်း

တိုက်ပွဲတစ်ရာ ၊ အောင်ပွဲတစ်ရာ ရရှိနိုင်ရန် အကောင်းအဆုံးအချက်သည် အဓိကမဟုတ်။ ရန်သူတပ်များ မတိုက်ခိုက်ပဲ ဒူးထောက် အညံ့ခံစေခြင်းသည် မှန်ကန် ကောင်းမွန်သော အဓိက အချက်ဖြစ်သည်။

အချစ်ရေးတွင်လည်း ထိုနည်းတူပင်။ ဘယ်လို နည်းပညာ သုံးရမည်ဟူသည် အဓိက မဟုတ်။ ကိုယ့်အချစ်ကို သူသိရှိကာ ကိုယ့်အား ယုံယုံကြည်ကြည်နှင့် ပြန်ချစ်လာခြင်းသည်သာ ကောင်းမွန်သော အဓိက အချက်ဖြစ်သည်။

Continue reading

Art of Love (base on Art Of War) — 2

၂။ စစ်ဆင်နွှဲခြင်း။

စစ်ပွဲတစ်ခုသည် ရေရည်ကြာနေလျှင် မိမိစစ်တပ်ရှိ ဓားလှံများ တုံးကုန်လိမ့်မည်။ အိမ်ပြန်ချင်စိတ်တို့ကြောင့် စိတ်ဓာတ်များ ကျဆင်းကုန်မည်။ ခွန်အားတွေ လျော့ကုန်မည်။ စစ်သည်များအင်အားလျော့ပါးလာလျှင် လက်အောက်ခံနယ်မြေများက အခွင့်ကောင်းယူကာ မိမိအား ပုန်ကုန်ကုန်လိမ့်မည်။ မိမိလောက်အောက်ရှိ စစ်သူကြီးဘယ်လောက်တော်တော် ဘယ်လိုမှ တတ်နိုင်တော့မည်မဟုတ်ချေ။

ထို့အတူ အချစ်ရေးတွင်လည်း ထိုနည်းအတိုင်းပင်။ ရေရှည်လိုက်နေခြင်းသည် ကောင်းသည့်အလုပ်မဟုတ်။ ကြိုးရှည်ရှည်လှန်းထားလျှင် ကောင်းသည်မဟုတ်။ ကြာလျှင် မိမိအပေါ် ရိုးအီလာကာ စိတ်ကုန်ကာ အခြားနောက်တစ်ယောက်နောက်သို့ ပါသွားနိုင်သည်။ ထိုအချိန်မှ မိမိအား သူ့သူငယ်ချင်းတွေ ဘယ်လောက်ကူညီကူညီ ထူးတော့မည် မဟုတ်ချေ။ Continue reading

Art of Love (base on Art Of War) — 1

၁။ စစ်ရေးပမာဏဆိုင်ရာ တွက်ချင်ခြင်း။

စစ်ရေးကို အောက်ပါ အခြေခံအချက်ကြီး ၅ ရပ်ပေါ်တွင် တည်ဆောက်ရသည်။ စိတ်ဓာတ်ရေးရာ ၊ကာလ (သဘာဝ) အခြေအနေ ၊ ဒေသ သို့မဟုတ် မြေပြင်အနေအထား ၊ လူပုဂ္ဂိုလ် (စစ်သူကြီးများ) ၊စစ်တပ်ဖွဲ့စည်းပုံ စစ်တပ်စည်းကမ်းရေးရာ ဥပဒေတို့ဖြစ်သည်။

အချစ်ကို ရရှိရန်မှာလည်း ထိုအချက် ၅ ရပ်ပေါ်မူတည်သည်။

စိတ်ဓာတ်ရေးရာ ။ ။ အမှန်အကန် ချစ်မြတ်နိုုးပြီး သူ့အချစ်ကို ရရှိဖို့အတွက် စိုးရိမ်ကြောက်ရွှံ့မှုမရှိ။

ကာလ (သဘာဝ) ။ ။ ကိုယ်လိုက်လို့ ရနိုင်မည့် ကာလလား။ သူ့ဘက်ကကော ရည်းစားထားဖို့ စိတ်ဝင်စားသည့် ကာလလား။ နောက်ပြီး သူနဲ့ အတူရှိချိန်တွင် သဘာဝ အခြေအနေကို သိထားရမည်။ နေပူလျှင် ထီးဆောင်းပေးခြင်း ၊မိုး ရွာလျှင် ထီးဆောင်းပေးခြင်း စသည့် သဘာဝ အကူအညီလိုအပ်သည်။ Continue reading

iPhone / iPod Touch Keyboard First Level

yahoo… အဆင်ပြေအောင် တော့ လုပ်ထားတယ်။ ဒီထက်အဆင်ပြေနိုင်မလား နည်းနည်းလောက် ကြည့်လိုက်အုံးမယ်..  မြန်မာစာလည်း ပေါ်သွားပြီ။ keyboard အဆင်ပြေရင် ပြီးပြီ :)

IMG_0009 Normal

Continue reading

Zawgyi in iPhone/iPodTouch

keyboard သာရေးသားလို့ပြီးသွားရင် SMS တွေလည်း ဇော်ဂျီနဲ့ ရကုန်တော့မယ်။ Windows Mobile ကနေ iPhone,Windows Mobile ကိုပို့တာပဲဖြစ်ဖြစ် iPhone ကနေ Windows Mobiles,iPhone ကိုပို့တာပဲ ဖြစ်ဖြစ် မြန်မာလိုပို့လို့ရတော့မယ်။ Sony Ericsson မှာလည်း မြန်မာလိုရတယ်။ ဒါပေမယ့် SMS နေရာမှာ ရမရတော့ မသိသေးဘူး.. Continue reading