Linux in the Future

မနေ့က ကိုဝီလျံရဲ့ ပွဲကို သွားတက်လိုက်တယ်။ အခန်း ၂၀၅ မှာပဲ။ ၉ နာရီ ခွဲ စမယ်ဆိုပေမယ့် မြန်မာတွေရဲ့ ထုံးစံအတိုင်း လူစောင့်နေတာနဲ့ ၁၀ နာရီမှပဲ စဖြစ်တယ်။ ( သတိရမိတာ။ ။ e-commerce ပွဲမှာ ပြောသွားသလို နိုင်ငံခြားမှာဆိုရင် ဒီလိုပွဲတွေကို $50 လောက်ပေးပြီး တက်ရတာ။ ဒီမှာကတော့ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ပွဲလုပ်။ လူမလာမှာဆိုးလို့ လက်ဆောင်တွေတောင် ပေးရနဲ့တဲ့။ ) ၁၀ နာရီလောက်ဆိုတော့ ကိုဝီလျံ တက်လာပြီး Linux အကြောင်း မပြောခင် Unix အကြောင်းစပြောတယ်။ Unix ပြောပြီးတော့ Linux အကြောင်းပြောတာပေါ့။ တော်တော်လေးကို ရှင်းရှင်းလင်းလင်း တိတိကျကျ ပြောသွားတယ်။ နောက်ပြီး စိတ်ဝင်စားစရာကောင်းတဲ့အပိုင်းက chrome OS ပဲ။ Chrome OS အကြောင်းလေးက တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်။ desktop PC တွေကို cloud ထဲကို သွားဖို့ အတွက် ရည်ရွယ်နေပုံပဲ။ တစ်ခုစဉ်းစားမိတယ်။ game ကစားဖို့အတွက် internet မှာ amazone ကနေ hardware ဝယ်ပြီး ဆင်ထားလိုက်မယ်။ ပြီးရင် game အခွေကိုလည်း online ကဝယ်ပြီး အဲဒီ computer မှာ သွင်းလိုက်မယ်။ ပြီးရင် ဆော့ရုံပဲ။ netbook တစ်လုံးနဲ့ game ဆော့လို့ရတယ်။ နေရာတိုင်းမှာ game ဆော့လို့ရတယ် :D ။ google chrome OS က အဲဒီ platform ကို သွားနေတာ။ game ကိစ္စက ကိုဝီလျံပြောတာမဟုတ်ဘူးနော်။ ကျွန်တော့် ဘာသာ စဉ်းစားကြည့်တာ။ ကိုဝီလျံက google doc နဲ့ ပြောပြသွားတာ။ ဒါပေမယ့် မြန်မာနိုင်ငံအနေနဲ့ကတော့ google chrome os ကို သုံးနိုင်ဖို့ connection ပိုင်းအားနည်းနေပါသေးတယ်။
Continue reading

#Diary:Jul 18

မနက် ၁၀ နာရီ ကိုဝီလျံ ပွဲသွားတယ်။ MICT Room 205 မှာ။ ၁၁ နာရီ ခွဲလောက်ပြီးတယ်။ chrome OS အကြောင်းတွေ ပြောသွားတယ်။
၁ နာရီ e-commerce ပွဲ ဆက်တက်တယ်။ Hall ထဲမှာပဲ။ ပွဲက တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတယ်။ e-banking system 2010 မှာရအောင် ကြိုးစားနေတယ်လို့ မြဝတီဘဏ်က ပြောသွားတယ်။ အခုတော့ ပင်ပန်းပြီ။ တနေကုန်ပဲဆိုတော့။

JSON and me

ဒီနေ့ json ကိုလေ့လာလိုက်တာ တော်တော်လေးကို သဘောကျသွားတယ်။ အစကတော့ လုပ်တာ မရဘူး။ ရေးထားတာလည်း မှန်တယ်။ ဒါပေမယ့် အလုပ်မလုပ်ပြန်ဘူး။ ဘာမှားနေလဲမသိဘူး ဖြစ်နေတာ။ ဒါနဲ့ သူများရေးထားတဲ့ json ကိုကြည့်ပြီးမှ သဘောပေါက်သွားတယ်။ သူက arrary ဆိုရင် [ နဲ့စပြီး ] နဲ့ ပိတ်ဖို့လိုတာကို။ အဲဒီ တချက်လွတ်သွားတာ။ အဲဒါလေးလည်း fixed ပြီးရော.. json ကို jquery နဲ့ ဖတ်ကြည့်တာ လွယ်လွယ်ကူကူပဲ ဖတ်လို့ရသွားပါလေရောဗျာ။ json ကို XML ထက်ပိုကြိုက်တယ်။ XML ထက် ရိုးရှင်းတယ်။ လွယ်ကူတယ်။ နောက်ပြီး jquery နဲ့ လွယ်လွယ်ကူကူ ဖတ်လို့ရတယ်။ ဒါကြောင့် json ကို ပိုကြိုက်တယ်။ json နဲ့ jquery ရေးထားပုံကိုတော့ ဒီမှာ သွားပြီး download ချလို့ရတယ်။

Canceling Your Gmail

ကိုယ့် gmail ကို မသုံးချင်တော့ဘူး။ ဒါပေမယ့် သူများကလည်း Password ကို ဖောက်ပြီး ကြည့်သွားမှာလား ကြောက်တယ်။ (တကယ်တော့ gmail password က ဖောက်ဖို့မလွယ်ပါဘူး) ကိုယ့် gmail account ကို ဖျက်ချင်ရင်တော့

၁။ gmail ထဲဝင်ပါ။
၂။ ညာဘက်ထိပ်နားမှာ setting ဆိုတာလေးကို သွားပါ။
၃။ Accounts tab ကိုသွားပါ။
၄။ အောက်ဆုံးက Google Account Settings ကိုသွားပါ။
၅။ My products – edit တွင် edit ကို နှိပ်ပါ။
၆။ Remove Gmail permanently ကို click လိုက်ပါ။
((https://mail.google.com/support/bin/answer.py?hl=en&answer=8152))

Font Embed in Firefox 3.5

အရင်က စမ်းမယ် စမ်းမယ်နဲ့ မစမ်းဖြစ်လိုက်ဘူး.. ဒီနေ့မှပဲ စမ်းဖြစ်တာ….

ကျွန်တော်တို့တွေ web design တွေဆွဲတဲ့အခါမှာ font တွေကလည်း အရေးပါလှပါတယ်။ header ကို ဘာ font သုံးမယ်။ paragraph ကို ဘာ font သုံးမယ်ဆိုပြီး ကျွန်တော်တို့တွေ ရွေးချယ်ရတယ်။ အရင်က ကျွန်တော်တို့တွေမှာ ရွေးချယ်စရာ များများမရှိဘူး။ Windows မှာ default ပါတဲ့ font နဲ့ mac မှာ default ပါတဲ့ font တွေဖြစ်ဖို့ အရေးကြီးတယ်။ နောက်မို့ဆို ကိုယ့် design က မလှပဲ ဖြစ်သွားမယ်။ ဒါကြောင့် အများအားဖြင့် Verdana,Times New Roman,Tahoma,Arial,Georgia စတာတွေလောက်ပဲ ရွေးလို့ရတယ်။ အများကြီးရွေးချယ်စရာမရှိဘူးလေ။ သူတို့ စက်ထဲမှာ font မရှိရင် အလကားပဲ။ ဒါကြောင့် designer တွေကတော့ browser တွေထဲမှာ font embed ဖြစ်စေချင်ကြတယ်။
Continue reading

Change Widget Plugin

အရင်က Samsarin PHP Widget ကို သုံးတယ်.. ဒါပေမယ့် သူက 2.7 မှာ အလုပ်မလုပ်တော့ဘူး… theme လည်း ထွေထွေ ထူးထူးမပြောင်းဖြစ်တာလည်း ပါတာပေါ့.. အခု Samsarin PHP Widget ကို အသစ်ထည့်ချင်ထည့်လို့မရတော့ PHP coding တွေ အလုပ်လုပ်ဖို့ ဘာရှိလဲဆိုတာကို ရှာကြည့်လိုက်တော့… Executable PHP widget ကို သွားတွေ့တယ်… သူကတော့တော့ လက်ရှိ version မှာ အလုပ်လုပ်တော့ တော်တော်အဆင်ပြေသွားတယ်ဗျာ..

Shortest URL

bit.ly နဲ့ tinyurl တို့ရဲ့ service ကိုယူပြီးပြန်ရေးထားတယ်။ မူရင်း site ထက် မြန်တာပေါ့။ ဘာလို့လည်းဆိုတော့ ဘာပုံမှ မပါလို့ပဲဗျ။ ကျွန်တော် bit.ly မှာ ဆို ကြာတယ်လို့ထင်ရတယ်။ သူ့ ပုံတွေ loading လုပ်နေတာကြောင့်လည်းပါတယ်။ အဲဒါကြောင့် ကိုယ့်ဘာသာကိုယ် သုံးဖို့အတွက် ရေးထားတာပါ။ PHP code ကိုတော့ http://davidwalsh.name ကနေ ယူပြီး jquery နဲ့ ပေါင်းပြီး ရေးထားတာ။ လိပ်စာကတော့

http://www.saturngod.net/webtool/

အဲ..မေ့တော့မလို့… HTML5 ကိုသုံးထားတော့ firefox3.5 နဲ့ chrome 2 မှာမှ အဆင်ပြေမှာနော်… :D