Zawgyi Nor & SyB

Zawgyi Normalization နဲ့ syllable breaking ကို ဒီနေ့တော့ RC version လေးပြီးသွားတယ်။ အံဩဖွယ်ရာကောင်းတာက ကျွန်တော် အများကြီးရေးထားတဲ့ pattern တွေကို ၁၀ ကြောင်းတည်းနဲ့ ရေးလို့ရသွားတာပဲ။ ကိုယ့်အချိန်တွေတောင် ကိုယ်နှမြောတယ်။ အတွေ့အကြုံဆိုတာက လက်တွေ့ကနေ ရယူရတာပဲ။ အတွေ့အကြုံရှိမှပဲ လုပ်ရ ကိုက်ရတာ မြန်မှာ။ အခု စုစုပေါင်း pattern 51 ခုနဲ့ ပြီးသွားတယ်။ အမှန်တိုင်းဆိုရင်

ပိသာ = ပိဿာ
ပြသနာ = ပြဿနာ
ေ၇=ရေ
၇ာ=ရာ
၇ွ=ရွ

စတာတွေ ထပ်ဖြည့်ထားတာကြောင့်လည်း ပါတယ်။ Continue reading

Syllable Breaking So Easy

အစကတော့ syllable breaking လုပ်ရတာ တော်တော်လေးမူးနောက်နေတာပဲ။ ဟော… အခုတော့ လွယ်လိုက်တာမှ ဖြစ်ခြင်း။ ယုံမလား မသိဘူး။ pattern 10 ခုနဲ့တင် ပြီးသွားတယ်။ အစက အခု ၃၀ လောက်ကနေ အခု ၁၀ ခုနဲ့တင်ပြီးသွားတော့ တော်တော်တောင် အံဩမိတယ်။ အော်.. တော်တော် ညံ့တဲ့ငါပါလားလို့…. အခုတော့ အရင်ထက် မြန်သွားပြီ။ နောက်ပြီး –ဲ|–ံ|–ိ|–ီ|–့|–့ စတာတွေကို duplicat ဖြစ်နေရင် ဖျက်ပေးတယ်။ နောက်ပြီးတော့ –ု|–ူ|–ှ|–ှု စတာတေ ရောနေရင် နောက်ဆုံး ရိုက်ထားတာ ယူလိုက်တယ်။ duplication ဖြစ်နေရင်လည်း ဖျက်ပြီး တစ်ခုပဲ ယူတယ်။ တော်တော်လေးကို ကောင်းမွန်လာပြီ။ ခက်တာက စမ်းရတာ အားမရသေးဘူး။ ထပ်ပြီးတော့ စမ်းအုံးမယ်။ စိတ်ကျေနပ်ပြီဆိုရင် tech ကော source ပါ open ချပေးမှာပါ။ Normalization ပိုင်းကို reduce လုပ်လို့ရသေးတယ်။ အဲဒါလေး reduce လုပ်လိုက်အုံးမယ်။ :)

Google Android Netbooks

နောက်ဆုံးတော့ google လည်း OS လောကထဲ တိုးဝင်လာပါပြီ။ Netbooks တွေအတွက် MS က Windows 7 Starter Edition စီစဉ်ထားပေမယ့် google ကတော့ $100 ကနေ $200 ကြား Netbooks ထုတ်ချလိုက်ပါပြီ။ Mac ကလည်း Netbooks ထုတ်ဖို့ ပြင်ဆင်နေတယ်လို့တော့ ဖတ်လိုက်ရပါတယ်။ Free & Opensource ဖြစ်တဲ့ Android က handphone သာမဟုတ်တော့ဘူး အခု netbooks လောကထဲပါ တိုးဝင်လာပြီဆိုတော့ တော်တော်လေးကို စိတ်ဝင်စားဖို့ကောင်းလာပြီ။ Continue reading

Normalization & Syllable Break

အ​ကြမ်း​​တော့​​ ပြီး​​သွား​​ပြီ​​။ မ​လို​အပ်​​တာ​​တွေ​ဖြည်​​ လို​အပ်​​တာ​​တွေ​ ပြန်​​ပေါင်း​​ဖို့​​ လို​သေး​တယ်​​။ pattern က​တော့​​ ၈၄ ခု​ရှိ​တယ်​​။ normalization လည်း​​ပြီး​​ syllable break လည်း​​အ​ပြီး​​ပေါ့​​။ ၈၄ ခု​ထက်​​ နည်း​​သွား​​ဖို့​​ အ​လား​​အ​လာ​​တေ​ရွှိ​တယ်​​။ လက်​​ရှိ​က​ ​ နဲ့​​လုပ်​​ထား​​တယ်​​။ 0width space ပြောင်း​​လိုက်​​ရင်​​တော့​​ အ​ဆင်​​ပြေ​ပြီ​​ ထင်​​တာ​​ပဲ​​။ ပြီး​​ရင်​​တော့​​ အ​ရင်​​ဆုံး​​ ကိုယ့်​​ blog ကို​ ကိုယ်​​ စမ်း​​ပြီး​​ သုံး​​ကြ​ည့်​​ရ​မယ်​​။ အဲ​​… local မှာ​​ပဲ​​ စမ်း​​မှာ​​နော်​​။ ပြီး​​ရင်​​တော့​​ plugin လေး​ရေး​ကြ​ည့်​​အုံး​​မှ​ပဲ​​….

http://www.ornagai.com/zgnor/index.php

| တွေ​ကို​ 0 width space နဲ့​​ အ​စား​​ထိုး​​လိုက်​​ပေါ့​​။

အ​ခု​ post မှာ​ 0 width space ကို​ အ​သုံး​ပြု​ထား​တယ်​။ မ​ယုံ​ရင်​ ပြီး​ရင်​ကို​ ရိုး​ရိုး​ရိုက်​ပြီး​ firefox ရှာ​ကြ​ည့်​ပါ​။ တွေ့​မှာ​ မ​ဟုတ်​ပါ​ဘူး​။ ပြီး​0widthspaceရင်​ ဆို​မှ​ တွေ့​မှာ​ပါ​။

Zawgyi syllable breaking

အခုတလော breaking တွေလုပ်ရတာ မူးနောက်နေတာပဲ။ ကိုစိုးမင်းကိုတော့ တော်တော်လေး လေးစားတယ်။ သူလုပ်ထားတာ တော်တော်လေးမြန်တယ်။ နောက်ပြီး မှန်လည်းမှန်တယ်။ ခက်တာက PHP နဲ့တွဲသုံးလို့မရတာပဲ။ နောက်ပြီးတော့ PHP library ကလည်း ကိုယ်ပိုင် server မှ အဆင်ပြေမှာဆိုတော့ ကိုယ့်ဘာသာကိုယ် PHP နဲ့ရေးလိုက်တာ။ normalize က လွယ်တယ်။ syllable breaking က ထင်တာထက် ပိုခက်တယ်။ ဘုန်းကြီးဝတ်နေတုန်းက လက်နဲ့ အကြမ်းချရေးခဲ့ပြီးပေမယ့် လက်တွေ့မှာတော့ ထင်သလိုမရဘူး။ အများကြီးပြန်ပြင်ရတယ်။ ရတဲ့ပုံစံနဲ့ ရေးရတယ်။ အခုတော့ pattern ပေါင်း ၇၅ ခုရှိနေပြီ။ အခုက အကြမ်းအဆင့်ပဲရှိသေးတယ်။ အချောသတ်ရအုံးမယ်။ အဲဒီ breaking လေးရရင် ornagai မှာ မြန်မာစာ search အတွက် တော်တော်အဆင်ပြေပြီ။ ကျွန်တော် အခု စဉ်းစားနေတာ 0 width space သုံးမလို့။ အဲဒါက size တော့ ပိုများသွားမယ်။ ဒါပေမယ့် searching ပိုင်း သိသိသာသာ တိုးလာမယ်။ ပိုလည်း မြန်ပြီး တိကျလာလိမ့်မယ်။ ဥပမာ တံ ဆိုတဲ့ စာလုံးကို ရှာရင် တံ လည်းထွက်မယ်။ တုံ လည်းထွက်မယ်။ တုံး လည်းထွက်လာမှာပဲ။ တနည်းပြောရင် တံ = တုံ = တုံး ဆိုတာက ရလဒ် တစ်ခုတည်းမှာ ထွက်နေပြီ။ Continue reading

In this days

၉ရက်နေ့ မနက် ၆ နာရီ က ဘုန်းကြီးဝတ်တယ်…

နှစ်ဆန်း ၁ ရက်နေ့
မနက် ၆ နာရီ လူဝတ်လဲတယ်..
၇ နာ၇ီ မန်းတလေးသွားတယ်…

လူထွက်တာက လူထွက်ရတာနဲ့ မတူဘူး… လူ့ပြည်ဆင်းရသလိုပဲ… အပူအပင်တွေ တပွေ့ တပိုက်ကြီးတွေ ဆီးကြိုတာပဲ… ဒီတစ်ခေါက် ဘုန်းကြီး ဝတ်ရတာ တော်တော်စိတ်ချမ်းသာတယ်… စကားနှစ်လုံးပဲရလာတာပါ။ ဖြစ်ပျက် တဲ့။ အရာရာအားလုံးဟာ ဖြစ်ပျက်ကြီးပါပဲ ဆိုတဲ့ သီအိုရီလေး ရလာတယ်။ တော်တော်လေးကို ကောင်းပြီး အကျိုးရှိသွားတယ်။ တခြား အပိုင်းက ornagai အတွက် စဉ်းစားမိတာအသစ်လေးတွေရှိလာတယ်။ နောက်ပြီးတော့ search engine design လေးတွေ ရေးဖြစ်နေတယ်။ Zawgyi မှာ ရှာဖို့အတွက် တံ က တုံ နဲ့ မတူသလို တုံး နဲ့လည်း မတူဘူး။ ဒါကြောင့် တံ ကိုရှာရင် တုံတွေ တုံး တွေ မပြရဘူး။ အဲဒီအတွက် စလုပ်နေတယ်။ ၄၀% ပဲ အဆင်ပြေသေးတယ်။ နောက်ပြီး မြန်မာစာ spell check တွေ ပါလာမယ်။ စာလုံးပေါင်းမှားတဲ့ဟာတွေအတွက်ပေါ့။ အဲဒီက technology တွေအကုန် open technology တွေပါပဲ။ အကုန်ပြီးရင်တော့ ချပြမှာပါ။ အခုထက်ထိတော့ မပြီးသေးဘူး။ လိုနေသေးတယ်။

ဒီအတောအတွင်း MZ ကို ထိန်းသိမ်းထားပေးတာတွေ ကျေးဇူးတင်ပါတယ်။ မနက်ဖြန် ရန်ကုန်ပြန်လာမယ်။ ၁ ရက်နားမယ်။ နောက်နေ့ကစပြီး အလုပ်တွေ ပြန်လုပ်ရမယ်။ ရန်ကုန်ရောက်ရင်လည်း အလုပ်တွေ ဆီးကြိုနေတယ်။ ဒီညတော့ zawgyi character breaking system ကို ပြီးအောင် ရေးကြည့်ရမယ်။ အင်တာနက်က မရှိတော့ ရေးရတာ နည်းနည်းကြာတယ်။ အင်တာနက်ရှိရင် ၁၀ မိနစ်ရမှာကို မရှိတော့ မိနစ် ၂၅ လောက်ကြာနေတယ်။ ရန်ကုန်ရောက်ရင်တော့ ပြန်လုပ်ရမှာတွေက အများကြီးပါပဲလေ….

In Moring…

In the moring… my family see a suvary form and they are so funny about it. They laungh loudly when they see “How many time in MZ for one days? ” . Most of the suvery is “Just one time” . All of the suvery is 100 paper. Too little and

they told me , ” Do you disapoint your member ? “.

I says , “No!”.

“Don’t spend your time in there. You should consecrate your future. What a result of yesterday ? How many people came in there ? You should think yourself. Your site is not successful in Myanmar. You should think yourself. You should check your survey. ”

I can’t say any word….

Ornagai & Me

I have a problem in Ornagai. It’s input mehthod for Zawgyi. I need to normalize when input Myanmar sar with Zawgyi Font. Ko Ye Myat Thu give me .NET langauage code but I need to read it. I hope I can normalize input for Zawgyi. I think, it’s not too much text for normalize because just input. Now, Ko Soe Min have .exe for Zawgyi Normalize but it’s can’t use in web. Ko Soe min also written on the fly javascript but it can’t be for PHP. I need to change over 30000 rows and then convert normalize when store in database.