ဒီနှစ်တော့ Bill Gate အဆင့် ၃ ကနေ ၁ ဖြစ်သွားပါပြီဗျာ။ ဒါပေမယ့် billion 40 လေးပဲပိုင်ဆိုင်တော့တယ်။ မနှစ်ကထက် 18 billions ကျသွားတယ်။ ဒါပေမယ့် ဒီနှစ်က ထိပ်ဆုံးပဲ။ မနှစ်က အဆင့်သုံးရောက်သွားလို့ တော်တော်လေးကို ဝမ်းနည်းသွားတာ။ ဒီနှစ်မှပဲ ပြန်ပြီး အားရှိတော့တယ်။ computer သမားမို့လားမသိဘူး bill gate ၁ ဖြစ်နေမှ ပျော်တယ်ဗျ။ ဒီနှစ်တော့ ကံဆိုးခြင်းများစွာထဲက ကံကောင်းခြင်းပေါ့ဗျာ..
စေတန်နတ်ဆိုး
လူတွေကပြောတယ်..
စေတန်ဆိုတာ နတ်ဆိုးတဲ့…
သူဘာကြောင့်ဆိုးလဲ…
လူတွေမေးကြည့်ဘူးလား…
လူတွေ လေ့လာဘူးလား…
တစ်ခါတစ်လေ…
လူတွေဖိအားကြောင့်…
လူတွေက ဆိုးလာကြတယ်…
အရောင်ပြောင်းလာကြတယ်..
ကိုယ့်ဘာသာကိုယ် ကာကွယ်ခြင်းတွေလုပ်လာတယ်..
မူရင်းဘဝပျောက်ဆုံးပြီး…
cover အပြည့်နဲ့ ဘဝကြီးကိုဖန်တီးလာတယ်..
လူဆိုးတွေက တဖြည်းဖြည်းဆိုးလာကြတယ်…
လူကောင်းတွေက လူဆိုးတွေကို ပိုဆိုးလာအောင် ဖန်တီးလာကြတယ်..
သူမှန်တယ်.. ငါမှန်တယ်နဲ့…
ရှုံးနိမ့်သူက လူဆိုးပဲ…
သမိုင်းဆိုတာ အောင်နိုင်သူရေးခဲ့တာ…
ဇူးနတ်မင်းကြီး ရေးခဲ့လို့ စေတန်က နတ်ဆိုးဖြစ်တာ ဖြစ်ကောင်းဖြစ်မယ်…
သမိုင်းဆိုတာ အောင်နိုင်သူရေးတာပဲ…
သူငယ်ချင်းတစ်ယောက်ပြောတယ်…
ပြိုင်ငြင်းမနေနဲ့…
ဘယ်သူမှန်တယ်ဆိုတာထက်..
ဘယ်သူနိုင်တယ်ဆိုတာကိုကြည့်…
နိုင်တဲ့လူက မှန်တာပဲ…
နိုင်တဲ့လူထဲမှာ သမိုင်းပဲ…
အမှန်တရား… စာနာနားလည်ချင်း…
ဝါးဟားဟားနဲ့ ရယ်လိုက်ချင်တယ်…
ကိုယ့်အမြင်တစ်ခုနဲ့ ရပ်တည်နေတာလား..
ကိုယ့်အမြင်ကသာ အမှန်တရား..
အင်အားတောင့်သူကသာ အမှန်တရား..
မင်းမှန်လား…
ငါမှန်လား…
နိုင်သူကသာ အမှန်ပဲ…
ဒါကို ဇူးနတ်မင်းကြီး သင်ပေးခဲ့တယ်…
ဇူးနတ်မင်းကြီး…
အင်အားကြီးမား…
စေတန်နတ်ဘုရား…
ဝေးရာထွက်သား…
အိုလံပစ်တောင်….
ဇူးပိုင်စေသား….
ဇူးနတ်လက်ထက်…
စေတန်နတ်ဆိုး…
TITAN အမည်ပျောက်…
ကိုးကွယ်သူမဲ့…
စွမ်းလှပေတယ်…
ဇူးနတ်ဘုရားရယ်…
သားတော်များစွာ…
ရှိလှပေတဲ့…
ဇူးနတ်ဘုရား…
သူ့နောက်လက်ထက်…
အမည်ပျောက်ပါတကား…
ပွေလှပေမယ့်…
လူတိုင်းကိုးကွယ်…
ဇူးနတ်ဘုရားကို…
အံသြလှတယ်….
ပိုစိုင်းဒါန်းလည်း…
အိုလံပစ်မှာ မနေရရှာ…
ပင်လယ်ထဲဆင်း…
ငါဘုရင်လို့…
ဟစ်ကျွေးခဲ့တယ်..
ဟေးဒီနတ်မင်း…
အပူအပင်….
ငရဲပြည်သို့…
ဆင်းသက်လေကာ…
ဘုရင်လုပ်တယ်…
အိုလံပစ်တောင်ဝယ်…
ဇူးမိသားစု…
များလှပေတယ်…
ဆွေမျိုးတွေမပါ…
သားသမီးတင်ပဲ…
ပြည့်နေလှတယ်…
စေတန်နတ်မင်း…
Rome လည်းရောက်
သတင်းလည်းပျောက်…
ဘယ်ဘဝရောက်ရှာ…
မသိရပေရှာ…
ဘဝတစ်သက်…
စေတန့်အမှား…
သူ့မွေးရင်းသားများ
သူပြန်မျိုခဲ့…
အာဏာမက်လို့ပေါ့…
လူထုအပေါ်ကောင်းခဲ့ပေတယ်…
စိုက်ပျိုးခြင်းတွေ ထွန်းကားခဲ့တယ်…
လူထုဆီက နောက်ဆုံးရလဒ်…
နတ်ဆိုးကြီးတဲ့…
စားနေတဲ့ ဆန်စပါး….
ကျေးဇူးမျှ မထောက်…
အော်….
နတ်ဆိုးဘဝ တကယ်ပြောင်းသင့်တယ်…
စေတန်…
စေတန့်အမှား စေတန်သိလို့…
ပြင်ကောင်းပြင်ခဲ့…
ဒါပေမယ့် လူမသိတော့…
ဇူးနတ်သည်သာ တန်ခိုးကြီးဆုံး…
အိုလံပစ်တောင် သခင်ဖြစ်ပေတည်း….
Clear Terminal History
Oop!
မအိပ်ရတာ ၄ ရက်ရှိပြီ… ဒီနေ့လည်း အိပ်ရမယ် မထင်ဘူး.. MZ ပွဲအတွက် DVD လုပ်နေတာ မပြီးသေဘူး… MZ site တစ်ခု offline လွယ်လွယ်ကြည့်လို့ရအောင် Ubuntu နဲ့ boot တက်မလို့ လုပ်နေတာ… နောက်ဆုံး ရခါနီးမှ… Ubuntu က boot မတက်လာတော့ဘူး… မီးချောင်းလည်း ကျွမ်းနေပြီ… အမှောင်ထဲမှာ မမြင်မစမ်းနဲ့ပဲ… Ubuntu အခွေပြန်ရှာရအုံးမယ်…
ပြီးရင် အစကနေ ပြန်စရအုံးမှာလား…
အခုတော့ ၃ နာရီ ထိုးနေပြီ…
စိတ်ကုန်တယ်…
အော်… စီးပွားဖြစ်….
ပူးပေါင်းခြင်းက နတ္ထိ….
ကူညီမှုက ပါးစပ်ဖျား…
အလကားဆို ထိပ်ဆုံးက….
လိုင်စင်တွေ ဘေးဖယ်ထား…
ငါလုပ်တာ ငါပိုင်တာ…
အမြဲအော်တတ်တယ်…. Continue reading
Busy Day
In this days, I am busy with remastersys for satubuntu. I trying to add extra file in there. I mean I try to add some ebook, some program,etc. I can add but I can’t boot. Ko Ko Ye` trying with me and he found magic boot. We can made it in yesterdays. Now, I finished it. But My DVD can’t read anything
It’s may be broken. Stupid Fortune. No money in this days because I bought External HD. I should go to ko ko ye` (skyworld internet cafe) again for burning DVD and CD. DVD have 8 GB that for MZ anniversary. I hope I can
Starting Linux…
လူတွေက Linux ဆိုတာကိုပဲ သိကြတယ်။ ဒါပေမယ့် Ubuntu လို့ပြောလိုက်ရင် ဘာမှ မသိကြဘူး။ အဲလိုပဲ Mandriva , Fedora စတာတွေပြောလည်း မသိကြပါဘူး။ Ubuntu က Linux လို့ရှင်းလိုက်ရင် Fedora က အခြား OS ကြီးလား ဖြစ်သွားကြပြန်ကော။ အမှန်တိုင်းဆိုရင်တော့ Ubuntu, Fedora, Mandriva စတာတွေက distro တွေပါ။ Linux kernel ကို အသုံးပြုထားတဲ့ distro တွေပေါ့။ ဒါဆို ဘာလို့ distro ဒီလောက် အများကြီးဖြစ်နေရတာလဲ။ ဘယ် distro ကို သုံးသင့်လဲ။ ဘာကြောင့် အဲဒီ distro ကိုသုံးရလဲ။ မေးခွန်းတွေက အများကြီးပဲဗျ။ Linux ကို လေ့လာမယ်လို့ ကြွေးကြော်လိုက်တာနဲ့ များပြားလှတဲ့ distro တွေထဲမှာ ဘယ် distro ကိုလေ့လာရမှန်းမသိ ဖြစ်တတ်ကြပါတယ်။ Linux ကို လေ့လာမယ်လူတွေအနေနဲ့ distro တစ်ုခကို ရွေးချယ်ရတော့မယ်။ အဲလိုရွေးချယ်မယ်ဆိုရင်
၁။ သင့် skill level
၂။ အသုံးပြုမယ့် ရည်ရွယ်ချက်
၃။ package management system
စတာတွေကို ကြည့်ပြီး ရွေးချယ်ရတာပေါ့။
သင့် skill level
Linux Distro တွေအကုန်လုံးဟာ skill level တစ်ခုထဲအတွက် ထုတ်ထားတာမဟုတ်ပါဘူး။ linux ကိုနည်းနည်း သုံးဖူးတဲ့လူတွေ ရှိတယ်။ ကြာကြာသုံးဖူးတဲ့လူတွေရှိတယ်။ အမြဲ သုံးနေတဲ့လူတွေရှိတယ်။ အဲလိုကွဲပြားခြားနားကြတဲ့အတွက် သင်ဟာ Linux ကို ဘယ်လောက်ထိ ရင်းနှီးကျွမ်းဝင်လဲပေါ်မှာ မူတည်ပြီးတော့ distro ကိုရွေးချယ်ရပါမယ်။ စသုံးတဲ့ လူတွေအတွက် Ubuntu က ပြုလုပ်ထားပါတယ်။ အခုမှ စသုံးမယ့်လူတွေကတော့ Ubuntu ကို စသုံးဖို့အသင့်တော်ဆုံးပဲ။ အခြား distro တွေဖြစ်တဲ့ Gentoo သို့မဟုတ် Slackware စတာတွေက Ubuntu နဲ့ ယှဉ်လိုက်ရင် သုံးရတာ နည်းနည်းပိုခက်တယ်။ Ubuntu က အရိုးရှင်းဆုံးနဲ့ အလွယ်ကူဆုံးဖြစ်ပြီး user control ပိုင်းတွေ user supporting ပိုင်းတွေမှာ ကောင်းမွန်ပါတယ်။ advanced user တွေကတော့ ကိုယ့်နည်းလမ်းနဲ့ ကိုယ်ချဲ့ထွင်ပြီး သုံးချင်ကြတယ်။
အရမ်းလွယ်ကူပြီး အဆင့်ဆင့် သွားနေရတာတွေကို မကြိုက်တာတွေရှိတတ်ပါတယ်။ Linux နဲ့ ရင်းနှီးကျွမး်ဝင်ပြီးသားလူတွေ အနေနဲ့မို့သာ Ubuntu ကို ရွေးချယ်ကြမှာပါ။ စသုံးတဲ့ user အနေနဲ့ ဘာမှန်းမသိပဲ ရွေးချယ်တဲ့အခါ Gentoo ကိုသုံးရင် ပိုကြိုက်ကောင်းကြိုက်သွားမှာပါ။ တနည်းပြောရင် အသုံးပြုလာတာ ကြာလာတာနဲ့အမျှ Linux ကို ရင်းနှီးကျွမ်းဝင်လာမှာပါ။ ဒါကြောင့် distro ကို ရွေးချယ်ရမှာ Linux နဲ့ ဘယ်လောက်ရင်းနှီးဘူးလဲပေါ်မှာ မူတည်ပြီးတော့ ရွေးချယ်ကြတာပဲ။ Windows သုံးရတာ familiar ဖြစ်နေပြီ ဆိုတဲ့သူတွေကတော့ Mandriva ကိုစမ်းသုံးကြည့်ုလို့ရတယ်။ mandriva ဟာ windows user တွေအတွက် ရည်ရွယ်ပြီးတော့ ထုတ်ထားတာပါ။
Continue reading
Zawgyi IS NOT EQUAL TO MyMyanmar
မနေ့က OC ပွဲမှာ အသိတစ်ယောက်က ဇော်ဂျီက မိုင်မြန်မာကို ရောင်းလိုက်တာ ဟုတ်လားတဲ့… အစကတော့ နည်းနည်းကြောင်သွားတယ်… ပြီးတော့ သူက ဆက်ပြောတယ်… Computer Journal မှာ ပါတယ်လေဆိုတော့… ဟာ..မဟုတ်ပါဘူးဗျာ… ဇော်ဂျီက ရောင်းတာ မှမဟုတ်တာ… လုပ်ပိုင်ခွင့်တွေ ကို ဘယ်သူ့ကိုမှ လည်းမပေးပါဘူးဗျာ.. ဇော်ဂျီက ကျွန်တော် သိသလောက်တော့ မည်သူ မဆို လွှတ်လပ်စွာ သုံးစွဲနိုင်သည်။ မည်သူ မဆို လွှတ်လပ်စွာ မိမိ၏ product များတွင် အသုံးပြုနိုင်သည်။ လုပ်ပိုင်ခွင့်တွေကိုတော့ ရောင်းတာတော့ ဇော်ဂျီဘက်က မကြားမိပါဘူ…. ဒါနဲ့ alpha က ကိုရဲမြတ်သူ နဲ့ ဖုန်းပြောတော့ မေးလိုက်တော့… မရောင်းပါဘူးတဲ့… Continue reading