Web Text Service For WordPress

ဒီနေ့တော့ web text service ကို wordpress အတွက်လုပ်ထားတာလေး တင်လိုက်တယ်။

http://www.mysteryzillion.org/webtext/wordpress_webtext.zip

အဲဒီ zip file ကိုဖြည်လိုက်..

wordpress folder ထဲက addform.php ကို yourdomain.com/ သို့မဟုတ် blog ရဲ့အောက်မှာပေါ့…

ကျွန်တော်ဆို saturngod.net ဖြစ်တဲ့အတွက် saturngod.net/addform.php ဆိုပြီး ခေါ်လို့မှာပေါ့…

နောက်ထပ် အဆင့်အနေနဲ့ကတော့

Admin -> Apparance -> Editor -> comment.php

မှာ

<input id=”submit” class=”button” name=”submit” type=”submit” value=”Submit Comment” tabindex=”5″ />

ကိုရှာ

ပြီးရင် အဲဒီ အောက်မှာ

<input onclick=”window.open(‘http://www.mysteryzillion.org/webtext/webtext.php?url=’ + escape(document.location.href),’WebTextEdtior’,'resizable=yes,width=1200,height=500′)” type=”button” value=”webtext” />

ကိုထည့်လိုက်ပါ။

Web Text Service

အခု web text editor service ကို စမ်းထားတယ်ဗျ။ အခုတော့ ကျွန်တော့် blog comment ပိုင်းမှာ ထည့်ထားတယ်။ အခုတလော မအားသေးလို့ဗျာ.. လုပ်စရာတွေလည်း ရှိသေးတယ်…  MZ ပွဲအတွက်လည်း လုပ်ရမယ်… အခြား ပိုက်ဆံ ရမယ့်ဟာတွေကိုလည်း လုပ်ရမယ်… အခုတော့ ပိုက်ဆံမရှိလို့ တော်တော်လေးကို အဆင်မပြေတွေဖြစ်နေတယ်.. အိမ်ကလည်း ပြောပေါင်းများပြီ… ကျောင်းတုန်းကလို လုပ်ချင်တာ လုပ်တဲ့အရွယ်မဟုတ်တော့ခက်သား… ကဲဗျာ.. MZ ပွဲအတွက် နည်းနည်းလေး လုပ်ရအုံးမယ်ဗျာ… အားရင်တော့ web text service လေးအကြောင်း ရေးပါအုံးမယ်.. အခုတော့ တော်တော်အဆင်ပြေတယ်..

လုပ်စရာတွေ ကျန်သေးတယ်

ornagai.com အတွက် သီးသန့် blog လေးတစ်ခုလုပ်ရမယ်။ ဘယ်လိုမျိုးသုံးလို့ရတယ်။ ဘာတွေ download ချလို့ရတယ်ဆိုတာလေးကိုပေါ့။ နောက်ပြီး webservice ဘယ်လိုသုံးမလဲဆိုတာရယ်။ firefox opensearch နဲ့တွဲပြီး ဘယ်လိုလုပ်ရမလဲ။ chrome မှာ opensearch ဘယ်လို သုံးရမလဲဆိုတာ။ စတာလေးတွေ လုပ်ရအုံးမယ်။ နောက်ပြီး အားရင် ဇော်ဂျီသီးသန့် site လေးတစ်ခုဆောက်အုံးမယ်။ ဇော်ဂျီ information တွေကြီးပဲပေါ့။ နောက်ပြီးရင်တော့ web text editor အသစ်လုပ်နေတာ။ web service ပုံစံပေါ့။ ဘယ်သူမဆို ယူသုံးလို့ရအောင်လေ။ ဘယ်လိုမျိုးလဲဆိုတော့ ကျွန်တော်တို့ wordpress blog ရဲ့ comment နေရာမှာ အသစ်တွေ ထည့်မနေတော့ဘူး။ အဲဒီ webtext editor လေးပွင့်လာမယ်။ အဲမှာရိုက်။ ကိုစိုးမင်းရဲ့ burglish လည်းထည့်ပေါင်းထားတယ်။ burglish သမားတွေလည်း မြန်မာလိုရိုက်လို့ရအောင်လေ။ ပြီးရင် insert ဆိုတာကိုနှိပ်။ ကိုယ့် blog ရဲ့ comment မှာပေါ်ပြီးသား။ အဲလိုလေးလုပ်မလို့စဉ်းစားနေတာ။ အဲဒါကိုတော့ PHP နဲ့ပဲလုပ်တော့မယ်။ နောက်ပြီး Offline ပေးဖို့ကိုတော့ HTML , Javascript နဲ့ package လေးထုတ်ပေးမလို့။ အခု အသစ်ကို Jquery တွေထည့်ပေါင်းထားတယ်။ prototype ကိုတော့ http://www.mysteryzillion.org/webtext/webtext.html မှာ သွားကြည့်လို့ရတယ်လေ။

ဒါလား တို့မြန်မာ

အော်… လောကမှာ လူအမျိုးမျိုးပဲဗျ… တချို့တွေက အကျိုးအမြတ်မရှိလည်း ကူညီချင်ကြတယ်.. တချို့တွေက အကျိုးအမြတ်ရှိမှ ကူညီချင်တယ်.. တချို့တွေက အကျိုးအမြတ်ရှိမှ သူများကို အနှောင့်အယှက်ပေးတယ်။ တချို့တွေကတော့ အကျိုးအမြတ်ရှိပဲ အလကားနေရင်း နှောင့်ယှက်နေကြတယ်။ အများအကျိုးအတွက်တောင် အနှောင့်အယှက်ပေးကြတယ်ဗျာ။ ornagai ကို ကျွန်တော် ဆောက်ထားတာ မကြာသေးပါဘူး။ အခုထက်ထိတော့ စာလုံးအသစ်တွေ ဝင်ထည့်ပေးတဲ့လူတွေကတော့ တော်တော်နည်းသေးတယ်။ အဲ… မင်း ornagai က စာလုံးလည်း မစုံပါဘူးကွာလို့ ပြောတဲ့လူကတော့ များသား… စာလုံးအသစ်ထည့်ဖို့က ပင်ပန်းတယ်… အပြစ်ပြောဖို့ကတော့ ပါးစပ်ဖျားတင်ပဲလေ… ထားပါ… ဒါကတော့ ခွင့်လွှတ်နိုင်တယ်.. နားလည်နိုင်တယ်…  ကျွန်တော် နားမလည်တာက ပေါက်တက်ကရ စာလုံးတွေ လျှောက်ထည့်တဲ့လူတွေ… မိုက်မိုက်ရိုင်းရိုင်း စာလုံးတွေ လျှောက်ဖြည့်တဲ့လူတွေ… နောက်ပြီးတော့ word , state , def ပုံစံလည်းမကျ… ဖြည့်ချင်တဲ့နေရာမှာ ဖြည့်ချင်တဲ့စာလုံးတွေ လျှောက်ဖြည့်ပြီးတော့ မိုက်ရိုင်းတဲ့စာလုံးတွေ ထည့်သွားတဲ့လူတွေ… အနည်းဆုံး ၁ နေ့ကို ၁ ခုလောက်တော့ တွေ့နေရတယ်… Continue reading

Text To Speech Add in Ornagai

အခု ornagai.com မှာ စာတစ်လုံးခြင်းဆီအတွက် အသံထွက် စနစ်လုပ်ထားတယ်။ text to voice စနစ်ဆို ပိုမှန်မှာပေါ့။ vozme.com ရဲ့ feature တွေကိုပဲ အသုံးပြုထားတာပါ။ ကိုယ်တိုင် ရေးလည်း ရပေမယ့် မရေးတော့ပဲ အရန်သင့်ရှိတဲ့ vozme.com ကို သုံးလိုက်တယ်။ ကိုယ်တိုင်ရေးဖို့ကလည်း မခက်ပါဘူး။ PHP မှာ text to voice အတွက် class က ရှိပြီးသားလေ။ ကိုယ်တိုင်လုပ်မယ်ဆိုရင် ကိုယ့် server ပေါ်မှာ အသံ file ကို tmp အနေနဲ့ သုံးရလိမ့်မယ်။ ပြီးရင် tmp mp3 တွေ ပြန်ဖျက်ရမယ့် အလုပ်ရှိသေးတယ်လေ။ ဒါကြောင့် အရန်သင့် vozme.com ကိုပဲ သုံးလိုက်တာ။ အခုတော့ စာလုံးတွေ ဖြည့်နေတုန်းပဲ။ အနီးနားမှာရှိတဲ့ dictionary နဲ့ပဲ ဖြည့်လိုက်တယ်။ အရင်ဆုံး စာလုံး ပြည့်အောင် လုပ်ရမယ်။ ပြီးရင် stardict အတွက်လုပ်ရမယ်။ stardict က platform ၃ မျိုးလုံးသာမက iphone တွေအတွက်ပါရှိလို့ အဆင်ပြေတယ်။

Continue reading

Ikariam

အရင်က Online Game တွေဆို သိပ်မကြိုက်ဘူးဗျ။ ဆော့လည်း မဆော့ဖြစ်ဘူး။ ရုပ်ပုံတွေမပါလို့။ အခု Online Game တစ်ခုဆော့နေတယ်။ နာမည်က Ikariam တဲ့။ လိပ်စာကတော့ ikariam.org ပေါ့။ အဲဒီ game မှာ world ၁၄ ခုလောက် ပါတယ်။ world တစ်ခုမှာလည်း ကျွန်းတွေ အများကြီးပဲဗျ။ အဲဒီ ကျွန်းတွေ အများကြီးထဲကမှ ကျွန်းတစ်ကျွန်းမှာ မြို့လေး တစ်မြို့ ကိုယ်က စရတာပေါ့။ Continue reading

In this day

အခုတလော ornagai မှာ add လိုက်နေတာနဲ့ပဲ အချိန်ကုန်နေတယ်။ နောက်ပြီး Ubuntu မှာ stardict သုံးပြီးတော့ English Myanmar Dictionary စမ်းနေတာလည်း အဆင်ပြေသွားပြီ။ အခု Web Text Editor Version အသစ်စမ်းနေတာ။ အဲဒါကတော့ မရသေးဘူး။ အခု Version အသစ်မှာ အခြား project တွေကပါ ယူသုံးလို့ရအောင်ပေါ့။ အခု MZ မှာတော့ စမ်းသုံးထားတယ်။ ကျွန်တော့် blog မှာလည်း စမ်းထည့့်ထားတယ်။ အခုဟာက service မဟုတ်ပဲ တိုက်ရိုက်ခေါ်သလိုဖြစ်နေတယ်။ ဒါကြောင့် service အနေနဲ့ ပြန်ပြောင်းရအုံးမယ်။ PHP file run လို့ရတဲ့ hosting တွေမှာဆိုရင်တော့ အဆင်ပြေမယ်ထင်တယ်။ အခုလက်ရှိ စမ်းသပ်နေတာ HTML နဲ့ရအောင်ပေါ့။ ဒါပေမယ့် မရသေးဘူး။ နောက်ဆုံး မရတော့ရင် PHP နဲ့ပဲ လုပ်တော့မလို့။

အခုတလော Windows မှာ သဘောကျမိတဲ့ Software လေးတွေက

Stardict
သူကတော့ dictionary software ပေါ့။

GOMPlayer
သူကတော့ video player. VLC ထက်ပိုကောင်းတယ်လို့တော့ ထင်တာပဲ။

FormatFactory
မိုက်တယ်။ format အမျိုးမျိုးပြောင်းလို့ရတယ်။ MP3, Video , Pic စတာတွေကို တစ်နေရာတည်းပြောင်းလို့ရတယ်။

Ubuntu ကတော့ မသုံးဖြစ်သေးဘူး။ 20 GB ပေးထားတာ ပြည့်သွားလို့ အစကနေ ပြန်ပြီး စီစစ်ပြီး ပြန်သွင်းရမယ်။ Ubuntu ကိုနည်းနည်းပြင်ပြီး satubuntu ပြန်ထုတ်ရအုံးမယ်။ ဟူး… ပိုက်ပိုက်လည်း ခမ်းနေတယ်.. လုပ်စရာတွေကလည်း များပါ့…

Chrome & Youtube

Chrome နဲ့ Youtube ကို ကြည့်တာ မြန်တယ်ဆိုလို့ ဒီနေ့ youtube ကို chrome နဲ့ ဖွင့်ကြည့်ပါသေးတယ်။ ဒါပေမယ့် We,soory ဆိုတာပဲ တက်တက်လာတယ်။ ဘယ်တစ်ခုမှ ဖွင့်လို့မရဘူး။ ဒါနဲ့ တစ်ခုခုတော့ တစ်ခုခုပဲ။ သူများတွေ ဖွင့်လို့ရတယ်။ ငါတော့ ဖွင့်လို့မရဘူး။ ဒီတော့ ဟိုကလိ ဒီကလိ လုပ်လိုက်တော့ တွေ့ပါပြီဗျာ။

Continue reading