ဟန်လင်းဆိုတာကတော့ bookmarks site တစ်ခုပါ။ နာမည်ကျော် digg လို မျိုး site တစ်ခုဖြစ်ပြီး ထူးတေဇာ က တည်ထောင်ထားတဲ့ site တစ်ခုပါ။ ကျွန်တော် အရင်ကတော့ ဟန်လင်း ကို google bookmarks လိုမျိုး firefox မှာ အသုံးပြုလို့ရအောင် ရေးခဲ့ဘူးတယ်။ အဲဒါကို ဒီမှာ ဖတ်လို့ရပါတယ်။ အခုတော့ wordpress plugin ရေးပြီးသွားပြီ။ MZ က ကောင်းကင်ပြာက သူ့ blog မှာ ထည့်ချင်တယ်ဆိုတာနဲ့ plugin ကောက်ရေးလိုက်တာ။ WP-plugin က ရေးနေကျ မဟုတ်တော့ google အားကိုးနဲ့ အိုကေသွားတယ်။ မသိရင်တာ ရေးရခက်တာ။ အခုသိသွားတော့လည်း လွယ်သွားတာပဲ။ plugin ကို အောက်က link မှာ ရယူနိုင်ပါတယ်။
http://www.saturngod.net/project/hanlinn.zip
ကွိုင်ဘဲ။ ဘာတွေပြောသွားပါလိမ့်။
ခုမှပဲ တွေ့တော့တယ်..။ ကျေးဇူးကမ္ဘာပါပဲဗျာ…။ တကယ့်ကို ပျော်သွားတယ်..။
ကျွန်တော့် ဘလောဂ့်မှာက Addtoany သုံးတယ်..။ နောက်ထပ် Hanlinn သုံးမယ်..။ ကျွန်တော်တို့ မြန်မာတွေ သုံးတာ ကမ္ဘာ့ Social bookmark တွေနဲ့ တန်းတူပဲလို့ယူဆစေရမယ်.. အခုလို ထွင်ရေးပေးတဲ့ အစ်ကို့ကိုလည်း ကျေးဇူးပါပဲဗျာ..။
ဟုတ်.. ကျွန်တော်ကတော့ sharethis ကို အရင်က သုံးပါတယ်။ ဟန်လင်းကိုတော့ အခုမှ စထည့်ထားတာပါ။
ဒါနဲ့ သူ့နာမည်က ထူးတေဇာဆိုပြီး ဘာလို့ ဟန်လင်းလို့ နာမည်ပေးထားတာလဲဟင်.. သိချင်ရုံလေးပါ..။
အရင်ဘဝက ဟန်လင်းမှာ မွေးခဲ့လို့နေမှာပေါ့..