Search In MZ

သူများတွေတော့ မသိဘူး… ကျွန်တော်ကတော့ Computer နဲ့ ပတ်သက်ပြီး ရှာစရာရှိရင် MZ မှာ အရင်ရှာကြည့်တယ်။ အထူးသဖြင့် Anti virus တွေပေါ့။ Flashyfix ဆိုတာကို google မှာ ရှာကြည့်လိုက်။ MZ ထိပ်ဆုံးပဲ။ ကြွားတာမဟုတ်ပါ။ MZ မှာ အများအားဖြင့် virus ကိစ္စတွေပဲ ဆွေးနွေးကြတာများလို့ပါ။ အများအားဖြင့် virus အသစ်ပေါ်လာတိုင်း သတ်ပုံသတ်နည်းတွေ ညတွင်းချင်းတောင် ရနိုင်တယ်လေ။ ဒါကြောင့် MZ ကို အားကိုးရတာပေါ့ :D ။ အဲဒီအတွက် ရှာဖို့ forum ကိုဝင်ရတာ ကြာတယ်။ ဒါနဲ့ http://www.mysteryzillion.com/search/ ဆိုပြီး လုပ်ထားလိုက်တယ်။ Google Custom search ပေါ့။ ဖြစ်နိုင်ရင် firefox seach add on ထည့်ပေးဖို့ပဲ။ မအားသေးတာကြောင့်ပါ။ ကျောင်းသားဘဝကိုလို လုပ်ချင်တာ လုပ်ချင်တဲ့အချိန်မှာ ထလုပ်လိုက်လို့ မရတော့ဘူး။ အားတဲ့အချိန်မှာ အချိန်ပေးပြီး လုပ်ရတာပါ။ အမှန်တိုင်းဆို ကျောင်းသားတွေကမှ အနာဂတ်ရဲ့ အင်အားပါ။ နည်းပညာ အသစ်အတွက် ကျောင်းသားတွေပဲ အားကိုးရတာ။ လုပ်ငန်းခွင်ထဲကလူတွေက အဲလောက် နည်းပညာအသစ်ရှာဖွေနိုင်စွမ်းမရှိတော့ဘူးလေ။ အဲ… လွဲကုန်ပြီ။ MZ ထဲမှာ ရှာကြည့်လိုက်ပါ။ computer နဲ့ဆိုင်တာ တော်တော်များများရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>