Zawgyi 2009 convertor

ကျွန်တော်တို့တွေ 2008 နဲ့ ရေးထားခဲ့တဲ့စာတွေကို 2009 ပြောင်းချင်တယ်ဆိုရင် ကျွန်တော်တို့တွေ လွယ်လင့်တကူ ပြောင်းလို့ရနေပါပြီ။text တွေကိုပြောင်းဖို့အတွက် ပထမဆုံး python 2.6 ကို သွင်းထားဖို့လိုပါတယ်။ ပြီးရင်တော့

http://newzawgyi.googlecode.com/svn/migration.zawgyi.original.to.new/python/

က file ၂ ခုကို download ချယူနိုင်ပါတယ်။ပြီးရင် အဲဒီ file 2 ခု ရှိတဲ့နေရာမှာ ကိုယ်ပြောင်းချင်တဲ့ text file ကို သွားထားလိုက်ပြီး command ကနေ

C:\zg829>python zawgyi2new.py mytxt.txt

လို့ ခေါ်လိုက်ရုံပါပဲ။

ကျွန်တော်က အဲဒီ file ၂ ခုကို C:\zg829 ထဲမှာ ထည့်ထားတယ်။ နောက်ပြီး ကျွန်တော်ပြောင်းချင်တဲ့ file က mytxt.txt ပေါ့။ဒါဆိုရင် C:\zg829 မှာ စုစုပေါင်း ၃ file ရှိနေပါလိမ့်မယ်။

ပြီးရင် run -> cmd လို့ရိုက်ပြီး enter ခေါက်

ပြီးရင် cd C:\zg829 လို့ရိုက်ပြီး enter ခေါက်

ပြီးရင် python zawgyi2new.py mytxt.txt လို့ ရိုက်ပြီး enter ခေါက်လိုက်ပါ။

တကယ်လို့ စာအနည်းအကျဉ်းပဲ convert လုပ်ချင်ရင်တော့

http://www.saturngod.net/project/zg829/index.php

မှာသွားပြောင်းနိုင်ပါတယ်။ Zawgyi 2008 to 2009, Zawgyi 2009 to 2008 ပြောင်းလဲပေးနိုင်ပါတယ်။ကျွန်တော့် blog content တွေအားလုံးကို 2009 ပြောင်းတော့မှာပါ။ ပြီးရင် ornagai မှာလည်း 2009 ပဲ သုံးဖို့ ရှိတယ်။ MZ မှာတော့ content တွေအားလုံးကို ပြောင်းဖို့အတွက် အချိန်ယူရမှာ ဖြစ်တဲ့အတွက်ကြောင့် နည်းနည်းစဉ်းစားနေတယ်။ database က နည်းနည်းကြီးတော့ ပြောင်းဖို့ အချိန်ပေးရမယ်ထင်တယ်။ python နဲ့ပြောင်းတာက အရမ်းမြန်ပေမယ့် upload နဲ့ download အတွက် စဉ်းစားတာပါ။ ဖြစ်နိုင်ရင် ပြောင်းဖို့လည်း ဆုံးဖြတ်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>