12

Burglish WebText Editor

Posted February 13th, 2008 in Review and tagged , by saturngod

စမ်းကြည့်လိုက်တော့ တော်တော်လေး သဘောကျသွားတယ်.. မဆိုးဘူးဗျ... စမ်းကြည့်ပါလား.. burglish သမားတွေ အနေနဲ့ မြန်မာလို မရိုက်တတ်ဘူး.. ဒါပေမယ့် မြန်မာစာတော့ မပျောက်သင့်ဘူးလို့ ထင်တယ်.. burglish လိုရိုက်ပေမယ့် စာလုံးကတော့ မြန်မာစာလုံးပဲ ဖြစ်သင့်တယ်လို့ ထင်ပါတယ်.. ကျွန်တော် စမ်းကြည့်တော့ တော်တော်လေးကို မိုက်တယ်.. တကယ်တော်တယ်ဗျာ... ရေးထားတာကတော့ AJAX တွေနဲ့ လန်ထွက်နေတာပဲ. မြန်လည်း မြန်တယ်နော်.. တော်တော်မိုက်တယ်.. သဘောတော့ တော်တော်ကျမိတယ်.. Web Text Editor မှာလည်း ထည့်သွင်းဖို့ ကြိုးစားနေပါတယ်..

http://burglish.googlepages.com/testarea.htm


12 Responses so far.

  1. Stepan says:

    Thank you very much for infu. The author RESPECT and uvazhuha.

  2. Anonymous says:

    ဟုတ်ပ ကျွန်တော်က English typing နဲ့ burglish ပဲ ရတာ (<--I copied and paste this from the testarea) he he,as I have to type in English in most cases and I never really bother typing in burmese but it tooke me quite some time to type that "intro" in burglish and then change it into burmese font,so i still prefer to type in Eng but still quite useful site.Unfortunately, my keyboard doesn't have a burmese font set on it T_T.

  3. Anonymous says:

    hello...

    i've installed both greasemonkey and burglish script ...but can't type burglish in gmail compse window...

    how can i solve this problem.....???

     

    thanks !

     

     

  4. Anonymous says:
    ညီလေးရေ ဥပမာကွာ Gmail ထဲက Chat မှာချက်ရင်းနဲ့ တဖက်က မြန်မာဖောင့်မရှိလို့
    burglish နဲ့ရေးတာကို Chat box ထဲက ကော်ပီလုပ်ပြီး burglish box ထဲမှာ paste လုပ်ရင်
    သူပြောလိုတဲ့စကားကို မြန်မာလိုကောင်းကောင်း ပြန်ဖတ်လို့ရနိုင်မလား ပြောပြပေးပါခင်ဗျာ
    

     

  5. saturngod says:

    အစ်ကိုရေ.. ဒီ Project က developer မဟုတ်ပါဘူး.. ဒါပေမယ့် ကျွန်တော် စဉ်းစားကြည့်တာပေါ့... မြန်မာတွေက တစ်ယောက်နဲ့ တစ်ယောက်တောင် burglish ရေးတာ မတူကြဘူးလေ... လင်း ဆိုတာကို ရေးတာတောင်.. lin , linn , lynn အဲလိုအများကြီးရှိတယ်လေ... ဒါဆို my က မြ လား မျ လား ဘယ် မြ လဲဆိုတာ မသိနိုင်ဘူးလေ.. အသံထွက်တူပေမယ့်ြ-- , --ျ တွေက ရှိသေးတယ်.. ကြ , ကျ ဆိုတာလေး အသံထွက်အတူတူပဲလေ... ဒါကြောင့် ဖြစ်နိုင်ဖို့ ခက်မယ်လို့ ထင်ပါတယ်... project developer ရဲ့ အမြင်လေးကိုလည်း လိုချင်သေးတယ်ဗျာ.. saturngod

  6. Anonymous says:

    burglish to burmese convertor မဟုတ်ပါခင်ဗျာ။

    မြန်မာစာရိုက်တာကို အထောက်အကူပြုပရိုဂရမ်ပါ။

    လေးစားစွာဖြင့်
    မာခ့်

  7. Anonymous says:

    Hello,

    did u use gmail with plain text (not richtext one)?

    Regards,

    Mark

  8. Anonymous says:

    ဟမိုက်ဒယ်ဟ...thz bro saturn

  9. Anonymous says:

    ကိုစေတန်ရေ .....

      Caps lock ကိုဖွင့်ပြီးရိုက်ရင် မရ ဘူးနော်။ မြန်မာလိုမပေါ်ဘူးနော်.... ဒါကို တချက်လောက်စမ်းကြည့်နော်....  တခြားသူတွေလည်းသိအောင်ကြိုပြောထားတာ။ ကောင်းတာတော့ တော်တော်လေးကောင်းတယ်။

    မင်းကျော်

  10. Anonymous says:

    မင်္ဂလာပါ။

    ဒီလိုဗျ

    ka - က

    Ka - ----္က ဆိုပြီး ပတ်ဆင့်တွေအတွက် ပထမစာလုံးအကြီးကိုသုံးထားတယ်။

    ဥပမာ - tak Ka thol လို့ရိုက်ရင် တက္ကသိုလ်လို့ပေါ်တယ်လေ။

    ဒါကြောင့် all capital ဆိုရင် ဘယ်ဟာကို ရွေးထားမှန်း မသိရဘူးလေ။

    တကယ်လို့ လိုအပ်မယ်ဆိုရင် ထပ်ဖြည့်ဖို့ သိပ်မခက်လှပါဘူး။

    မာ့ခ်

  11. Anonymous says:

    ကျွန်တော် ပြောပြချင်တာက ...

       တယောက်ယောက် KA လို့ ရိုက်ရင် .....

      ပြီးတော့ tak Ka thol လို့ရိုက်ရင် တက္ကသိုလ်လို့ပေါ်တယ်ဆိုပေမယ့် TAK KA THOL ဆိုရင် မရဘူးလေ... ဒါကိုပြောချင်တာပါ။ ကိုမိုက်ပြောတဲ့ Ka - ----္က တော့ မဆိုးပေမယ့် လူတိုင်း ဒီပုံစံကိုသိဖို့မလွယ်ဘူးလေ။ အဲဒါကို  ရှေ့စာလုံးတွေမှာ k နဲ့ ဆုံးပြီး နောက် နောက်ကစာလုံးမှာ Ka kha sa pa la စသည့်ဖြင့်တွဲလာ အလိုအလျောက်တွဲပြီး စာလုံးလေးပေါ်ပြီးရွေးခိုင်တဲ့ပုံစံက ပိုပြီးအဆင်ပြေနိုင်မလားလို့လေ။ ဥပမာဗျာ ဥရောပဘာသာက စာကားလုံးတွေလို နောက်ဆုံးစာလုံးက a e i o u နဲ့ ဆုံးရင် ဘာနဲ့ တွဲမလဲ ဆိုသလိုလေ။ ဒါဆိုရင် လူတိုင်းက  TAK KA THOL ဘဲရိုက်ရိုက်၊  tak Ka thol ဘဲရိုက်ရိုက် အဆင်ပြေမလားလို့လေ...

  12. Anonymous says:

    >> ဒါဆိုရင် လူတိုင်းက  TAK KA THOL ဘဲရိုက်ရိုက်၊ 
    >> tak Ka thol ဘဲရိုက်ရိုက် အဆင်ပြေမလားလို့လေ...

    အကိုပြောတာမှန်ပါတယ်။ ဒါပေမယ့် ကျနော့်လုပ်နေတဲ့ ပရိုဂရမ်က AI ပိုင်းအဲလောက်မပါသေးပါဘူး။ လောလောဆယ် Rule Based ဖြစ်နေပါတယ်။
    သဘောက ယူဇာရိုက်တဲ့ စာလုံးအပေါ်မှာ ဆုံးဖြတ်ပါတယ်။

    အကယ်၍ tak ka thol , TAK KA THOL , tak Ka thol ဘဲရိုက်ရိုက်ပေါ်ဖို့ဆိုရင် ကျနော့် ပရိုဂရမ်က တက္ကသိုလ်ဆိုတဲ့ စာလုံးကို အရင်သိထားမှဖြစ်မယ်လေ။ မဟုတ်ဘူးလား။
    အဲဒီအတွက်ကျတော့ တကယ်နှစ်နဲ့ချီပြီးတည်ဆောက်ထားတဲ့ database တစ်ခုလိုလာမယ်။
    ဒါမျိုးဟာ ကျတော်တို့ပထမဦးစလုပ်တဲ့ သူတွေအနေနဲ့ တော်တော့်ကို ခက်ခဲပါတယ်။

    MyanmarNLP စတဲ့ အသင်းတွေကတော့ professor တွေ ဆရာတွေဆရာမတွေနဲ့ အဲလောက်အထိ လုပ်နေကြတယ်ကြားပါတယ်။

    ဒါပေမယ့် လောလောဆယ် ဒါဟာ ပထမဆုံး အဆင့်တစ်ခုဖြစ်ချင်ဖြစ်မှာပေါ့။
    နောက်တစ်ချိန်မှာ ဒါတွေကို အခြေခံပြီး ဒီထက်ကောင်းတဲ့ AI တွေပါလာတဲ့ ပရိုဂရမ်တွေ တစ်ဖြည်းဖြည်းလုပ်ယူရမှာပေါ့။

    လေးစားစွာဖြင့်
    မာ့ခ်

Leave a Reply