Zoho

ကျွန်တော်တော့ အခုတလော အကြိုက်ဆုံး application ကိုပြောပါဆိုရင်တော့ zoho ဆိုတာလေးကိုပြောဖြစ်မယ်ထင်တယ်။ သူက web application လေးပါပဲ။ သူက office suite ဆိုရင် ပိုမှန်မယ်ဗျ။ ကျွန်တော်ကတော့ zoho ကို အခုတလော document sharing , စာရင်း sharing တွေအတွက်အပြင် သူငယ်ချင်းတွေရဲ့ computer ထဲဝင်ပြီး ကလိကြည့်တာတွေအတွက်ပါ အသုံးပြုတယ်။ Google သမားတွေကတော့ Google doc ကိုအသုံးပြုကောင်းပြုလိမ့်မယ်။ ကျွန်တော်ကတော့ zoho ပဲ အသုံးဖြစ်သွားတယ်။ ကျွန်တော် google doc ကို အရင်အသုံးပြုနေကြပါ။ zoho ဆိုတဲ့ site လေးကို ဘယ်လိုတွေ့ရှိသွားတယ်ဆိုတာတောင် မမှတ်မိတော့ဘူးဗျ။ wikipedia ကလို့ ထင်ပေမယ့် သူ့မှာ သွားကြည့်တော့လည်း ကျွန်တော် အဲဒီကနေ တွေ့ခဲ့တာမဟုတ်ပြန်ဘူး။ ပြီးမှ မှတ်မိတာကတော့ google reader မှာထည့်ထားတဲ့ Download Squad ကဆိုတာ အခုမှ စဉ်းစားမိတယ်။ zoho မှာ Word, Excel, PowerPoint လိုမျိုး office suite အပြင် အခြား application တွေလည်း ထည့်သွင်းထားတယ်။

အကြိုက်ဆုံးအချက်ကတော့ google account နဲ့ ဝင်လို့ရတာပဲဗျ။ ပြောလို့ပြောတာမဟုတ်ဘူး။ register လုပ်ရတာ ဘာလောက်မှ မကြာပေမယ့် တော်တော်တော့ ပျင်းဖို့ကောင်းတာအမှန်ပဲ။ google account လေးနဲ့ login ဝင်ရတာတော့ တော်တော်လေးအဆင်ပြေတယ်ဗျ။ ကျွန်တော်သုံးတဲ့ connection က မနှေးဘူး ( မြန်သည်ဟုလည်းမပြောပါ ) ဆိုတော့ တော်တော်လေးကို အဆင်ပြေတယ်ဗျ။ dial-up သမားတွေတော့ ဘယ်လိုနေလဲမသိဘူး။ google doc နဲ့ ယှဉ်သုံးကြည့်ရင်တော့ google doc ကို ပိုမြန်မယ်ထင်တယ်။ server လည်းကွာတာ ဖြစ်ပါမယ်။ google server က ဒီလောက် မြန်တာကို။ applicatoin ပိုင်းမှာဆို zoho ကို သဘောကျတယ်။ ဘာဖြစ်လို့လည်းဆိုတော့ import လုပ်တဲ့အခါ font ပါတစ်ခါတည်း ဖော်ပြပေးသွားလို့ပါ။ ကျွန်တော် zawgyi ကို import လုပ်လိုက်တာ။ တစ်ခါတည်း font နေရာမှာ ဇော်ဂျီကို ဖော်ပြပေးပါတယ်။

နောက်ပြီးတော့ meeting လေးကိုသဘောကျတယ်။ desktop sharing ကော remote desktop ပါရတယ်လေ။ အဲဒါလေးက တော်တော်လေးကို မိုက်တယ်ဗျ။ Java နဲ့ ကြည့်မယ်ဆို ပိုကောင်းတယ်။ Flash Viewer နဲ့ဆိုရင်တော့ နည်းနည်းနှေးတယ်။ နိုင်ငံခြားမှာ ရှိတဲ့ သူငယ်ချင်းနဲ့ စမ်းပြီးဆော့လို့ရတယ်။ သူ့စက်ထဲဝင်ပြီး ဟိုဖွင့်ကြည့် ဒီဖွင့်ကြည့်ပေါ့။

ကဲ… google doc သမားတွေလည်း နည်းနည်းလောက် zoho ကို စမ်းကြည့်လိုက်ပါလား။ google doc ထက်ကောင်းတယ်လို့တော့ ကျွန်တော်တော့ ထင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>