Google Analytics In Air

ကျွန်တော်တို့တွေ အမြဲ Google ကို အသုံးပြုနေကြဆဲပါ။ ကိုယ့် website ဒါမှမဟုတ် blog လူဝင်နှုန်းကို ကြည့်ဖို့အတွက် Google Analytics ကို အသုံးပြုကြပါတယ်။ ကျွန်တော်လည်း အခုအချိန်ထိ သုံးနေဆဲပါ။ သုံးလို့လည်းကောင်းတယ်။ ဘယ်နိုင်ငံကနေ ကိုယ့် blog ကို လူတွေ ကြည့်လဲဆိုတာသိနိုင်တယ်လေ။ တနေ့ကို လူဘယ်နှစ်ယောက်လောက် ဝင်လဲ စတာတွေ သိနိုင်တယ်။ ဒါပေမယ့် ကျွန်တော် မုန်းတာက ဝင်တဲ့အခါမှာ အဆင့်ဆင့် ဖြစ်နေတာပဲ။ ဖြစ်နိုင်ရင် click လုပ်တာနဲ့ တန်းပြ ဖြစ်စေချင်တာ။ တနေ့ website1 တစ်ခုကြည့်တာကနေ google analystic အတွက် air ကို တွေ့တာပဲ။ အဲဒီကနေ download ချတာ မရတာနဲ့ ဟိုရှာဒီရှာလုပ်တော့ Google Analystic Air2အကြောင်းရေးထားတာကို ဖတ်လိုက်ရတယ်။ တော်တော်လေးကို သဘောကျတာနဲ့ မနည်းလိုက်ရှာမှ link3ကိုရလိုက်တယ်ဗျာ။ သုံးကြည့်တော့ တော်တော်လေးကောင်းတယ်ဗျ။ ကျွန်တော်လိုချင်သလို profile နဲ့ လုပ်ပေးတယ်ဆိုတော့ အရမ်းအဆင်ပြေတာပဲ။ တခြားလူတွေလည်း သုံးချင်တယ်ဆိုရင်တော့ Adobe Air လေး သွင်းထားဖို့တော့လိုမယ်။

  1. http://www.readwriteweb.com/archives/some_adobe_air_apps_worth_a_look.php []
  2. http://www.makeuseof.com/tag/view-your-google-analytics-account-using-adobe-air/ []
  3. http://www.aboutnico.be/updates/gas32.air []

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>