Ask Question in MZ User
5

တစ်ခါတစ်ရံ

Posted August 31st, 2010 in nothing by saturngod

လေထဲမှာ ဝဲပျံသွားတဲ့ စကားလုံးတွေကို
ဖမ်းဆုတ်လို့ မရနိုင်ခဲ့ဘူး…
ရေးချလိုက်တဲ့ စာသားတွေဟာ…
အသက်မဝင်ခဲ့ဘူး …

ငါ့ထွက်သက် နဲ့ ဝင်သက်ကတော့
စည်းချက်မှန်လျက်ပဲ…
အခန်းကျဉ်းထဲလဲလှောင်းနေရင်း…
လမသာတဲ့ ကောင်းကင်ကြီးကို …
ငေးကြည့်ရင်းနဲ့...
ကြယ်တွေလည်း ရှိမနေပါဘူး..
ရှင်းလင်းနေတဲ့ ကောင်းကင်ကြီးပေါ့...

ကြယ်တွေ စုံတဲ့ အခါ ...
ကြယ်တွေကိုသာ လူတွေ မြင်ကြတယ်..
ကြယ်တွေလှပဖို့အတွက် နောက်ခံ ...
မည်းမှောင်နေတဲ့ ကောင်းကင်ကိုတော့
လစ်လျူရှုထားတာလား...
ကောင်းကင်ကြီး မည်းနေလို့များလားကွာ...
ကြယ်တွေလှပဖို့အတွက် ...
သူမည်းနက်နေပေးရတာပါ..

အချိန်အခါတွေ ပြန်ပြောင်းသတိရရင်း...
အခုအချိန်မှာတော့ ငါ ငိုရှိုက်ဖို့ အသံတွေက…
ဆွံ့အ သွားပြီ…

ထွက်သက် နဲ့ ဝင်သက်ဟာ…
ငါ့ဘဝရဲ့ အဖော်ပဲ…
သူတို့တွေ စည်းချက်မှန်နေသ၍…
ငါ အသက်ရှင်နေသေးတယ်…

မနက်ဖြန်အတွက် မစဉ်းစားချင်ဘူး…
မနက်ဖြန်အတွက် မတွေးထားချင်ဘူး…
ဒီလိုနဲ့ပဲ မနက်ဖြန်တွေ ရောက်လို့လာပြီလေ….
ငါ့အသက်တွေလည်း တစ်ရက်ကြီးလာလေပြီ....

8

ငါ့ဘဝ

Posted May 22nd, 2010 in nothing by saturngod

code တွေနဲ့ ငါ တကုတ်ကုတ်…
ဒီနေ့သစ် မနက်ဖြန်အဟောင်း…..
နည်းပညာတွေပြောင်း…. ငါကတော့ တကောက်ကောက်…

အဟောင်းတွေ ပျက်စီး… အသစ်တွေမွေးဖွား…
ပြောင်းလဲနေတဲ့ နည်းပညာများ…
ငါရပ်တည်နေတဲ့ လောက တစ်ခုတည်း…
နောက်လောက ခုန်ဝင်ဖို့လည်း ကြိုးစားဆဲ…
ခက်တာက နည်းပညာလောကပဲ…
Continue Reading »

2

ဘုရင်

Posted February 17th, 2010 in nothing by saturngod

ငါသည် ဘုရင်
ငါသည် အရှင်သခင်။
ငါ့အပါး ခစားသူအများ။

ရှေ့တန်းမထွက်
နောက်တန်းကနေ
ကွပ်ကဲနေလျက်
တိုက်ပွဲများစွာ တိုက်ခိုက်လေ၏။
Continue Reading »

21

သူရဲကောင်း

Posted January 11th, 2010 in စိတ်အချဉ်ပေါက်မှုများ by saturngod

ငါတို့ဟာ သူရဲကောင်း...
ငါတို့ဟာ အောင်မြင်သူ...
ငါတို့ဟာ ရှေ့ဆက်သူ...
ငါတို့ဟာ ဦးဆောင်သူ...
ငါတို့ဟာ ခေါင်းဆောင်တွေပဲ...
ငါတို့ဟာ အနာဂတ်...
ငါတို့ဟာ အတိတ်....
Continue Reading »

8

နယ်ရုပ်

Posted January 6th, 2010 in nothing by saturngod

ငါ့ဘဝက နယ်ရုပ်...
ရှေ့တန်းထွက်တိုက်နေတဲ့ နယ်ရုပ်...
တိုက်ပွဲမှာ အသက်ပေးရဲတဲ့ နယ်ရုပ်....

ပွဲနိုင်ဖို့အတွက် အသက်ပေး...
ချကျွေးခံရလည်း ပြုံးပြုံးလေးနဲ့...
နယ်ရုပ်...
Continue Reading »

12

အတိတ်သို့ တမ်းတခြင်း

Posted November 18th, 2009 in nothing by saturngod

သူများတွေ ဂိမ်းဆော့တဲ့ ၅ တန်းအရွယ် ငါ game ဆော့တယ်...
သူများတွေ ဂိမ်းဆော့ဆဲ ၆ တန်းအရွယ် ငါကတော့ လက္ခဏာစာအုပ်တွေနဲ့ ရူးခဲ့တယ်...
သူများတွေ ကောင်မလေးတွေ အကြောင်းပြောကြတဲ့ ၈ တန်း အရွယ် ငါ မျက်လှည့်ကို အရူးအမူးပဲ... Continue Reading »

1

ငါ့ဟာငါ

Posted November 6th, 2009 in စိတ်အချဉ်ပေါက်မှုများ by saturngod

ငါ့ဟာငါ လောင်ကျွမ်းနေတာ...
မင်းတို့ကို အလင်းပေးဖို့မဟုတ်ဘူး...

ငါ့ဟာငါ လင်းထိန်းနေတာ...
မင်းတို့ကို မနက်ဆိုတာ ဖန်တီးဖို့မဟုတ်ဘူး...

ငါ့ဟာငါ ပူလောင်နေတာ…
မင်းတို့အတွက် ပိုးသတ်ဖို့ မဟုတ်ဘူး...

ငါဟာ့ငါ ပူပြင်းနေတာ...
မင်းတို့ အဝတ်လှမ်းဖို့ မဟုတ်ဘူး...
Continue Reading »

7

စေတန်နတ်ဆိုး

Posted March 14th, 2009 in စိတ်အချဉ်ပေါက်မှုများ by saturngod

လူတွေကပြောတယ်..
စေတန်ဆိုတာ နတ်ဆိုးတဲ့...
သူဘာကြောင့်ဆိုးလဲ...
လူတွေမေးကြည့်ဘူးလား...
လူတွေ လေ့လာဘူးလား...

တစ်ခါတစ်လေ...
လူတွေဖိအားကြောင့်...
လူတွေက ဆိုးလာကြတယ်...
အရောင်ပြောင်းလာကြတယ်..
ကိုယ့်ဘာသာကိုယ် ကာကွယ်ခြင်းတွေလုပ်လာတယ်..

မူရင်းဘဝပျောက်ဆုံးပြီး...
cover အပြည့်နဲ့ ဘဝကြီးကိုဖန်တီးလာတယ်..
လူဆိုးတွေက တဖြည်းဖြည်းဆိုးလာကြတယ်...
လူကောင်းတွေက လူဆိုးတွေကို ပိုဆိုးလာအောင် ဖန်တီးလာကြတယ်..

သူမှန်တယ်.. ငါမှန်တယ်နဲ့...
ရှုံးနိမ့်သူက လူဆိုးပဲ...
သမိုင်းဆိုတာ အောင်နိုင်သူရေးခဲ့တာ...
ဇူးနတ်မင်းကြီး ရေးခဲ့လို့ စေတန်က နတ်ဆိုးဖြစ်တာ ဖြစ်ကောင်းဖြစ်မယ်...
သမိုင်းဆိုတာ အောင်နိုင်သူရေးတာပဲ...

သူငယ်ချင်းတစ်ယောက်ပြောတယ်...
ပြိုင်ငြင်းမနေနဲ့...
ဘယ်သူမှန်တယ်ဆိုတာထက်..
ဘယ်သူနိုင်တယ်ဆိုတာကိုကြည့်...
နိုင်တဲ့လူက မှန်တာပဲ...
နိုင်တဲ့လူထဲမှာ သမိုင်းပဲ...

အမှန်တရား... စာနာနားလည်ချင်း...
ဝါးဟားဟားနဲ့ ရယ်လိုက်ချင်တယ်...
ကိုယ့်အမြင်တစ်ခုနဲ့ ရပ်တည်နေတာလား..
ကိုယ့်အမြင်ကသာ အမှန်တရား..
အင်အားတောင့်သူကသာ အမှန်တရား..

မင်းမှန်လား...
ငါမှန်လား...
နိုင်သူကသာ အမှန်ပဲ...
ဒါကို ဇူးနတ်မင်းကြီး သင်ပေးခဲ့တယ်...

ဇူးနတ်မင်းကြီး...
အင်အားကြီးမား...
စေတန်နတ်ဘုရား...
ဝေးရာထွက်သား...
အိုလံပစ်တောင်....
ဇူးပိုင်စေသား....
ဇူးနတ်လက်ထက်...
စေတန်နတ်ဆိုး...
TITAN အမည်ပျောက်...
ကိုးကွယ်သူမဲ့...
စွမ်းလှပေတယ်...
ဇူးနတ်ဘုရားရယ်...

သားတော်များစွာ...
ရှိလှပေတဲ့...
ဇူးနတ်ဘုရား...
သူ့နောက်လက်ထက်...
အမည်ပျောက်ပါတကား...

ပွေလှပေမယ့်...
လူတိုင်းကိုးကွယ်...
ဇူးနတ်ဘုရားကို...
အံသြလှတယ်....

ပိုစိုင်းဒါန်းလည်း...
အိုလံပစ်မှာ မနေရရှာ...
ပင်လယ်ထဲဆင်း...
ငါဘုရင်လို့...
ဟစ်ကျွေးခဲ့တယ်..

ဟေးဒီနတ်မင်း...
အပူအပင်....
ငရဲပြည်သို့...
ဆင်းသက်လေကာ...
ဘုရင်လုပ်တယ်...

အိုလံပစ်တောင်ဝယ်...
ဇူးမိသားစု...
များလှပေတယ်...
ဆွေမျိုးတွေမပါ...
သားသမီးတင်ပဲ...
ပြည့်နေလှတယ်...

စေတန်နတ်မင်း...
Rome လည်းရောက်
သတင်းလည်းပျောက်...
ဘယ်ဘဝရောက်ရှာ...
မသိရပေရှာ...

ဘဝတစ်သက်...
စေတန့်အမှား...
သူ့မွေးရင်းသားများ
သူပြန်မျိုခဲ့...
အာဏာမက်လို့ပေါ့...

လူထုအပေါ်ကောင်းခဲ့ပေတယ်...
စိုက်ပျိုးခြင်းတွေ ထွန်းကားခဲ့တယ်...
လူထုဆီက နောက်ဆုံးရလဒ်...
နတ်ဆိုးကြီးတဲ့...
စားနေတဲ့ ဆန်စပါး....
ကျေးဇူးမျှ မထောက်...
အော်....
နတ်ဆိုးဘဝ တကယ်ပြောင်းသင့်တယ်...
စေတန်...

စေတန့်အမှား စေတန်သိလို့...
ပြင်ကောင်းပြင်ခဲ့...
ဒါပေမယ့် လူမသိတော့...
ဇူးနတ်သည်သာ တန်ခိုးကြီးဆုံး...
အိုလံပစ်တောင် သခင်ဖြစ်ပေတည်း....