Saturngod » ကဗျာ

မတူညီခြင်း
ရှေ့ရပ်နေထွက်ပြီး…

နောက်အရပ်က နေဝင်တာ…

အနောက်အရပ် အသုံးမကျလို့လား..

ဓူဝံကြယ် မြောက်ဘက်မှာ ရှိတာ ဘက်လိုက်ခြင်းလား…

သောကြာကြယ် ထူးခြားနေတာ….

သူ အစွမ်းထက်လို့များလား..

ညဘက်မှ လထွက်သာ

လက နေမင်းကို ကြောက်လို့များလား..

တိမ်တွေဖုံးလို့ ကြယ်တွေပျောက်….

ကြယ်တွေ ကြောက်လို့များလား…

အကြောင်းကြောင့် အကျိုးတွေ ဖြစ်နေတာ…

မတူညီတာ မတူညီတာပဲ…

နေမင်းက လရဲ့ ခံစားချက်ကို ခံစားပေးလို့မရဘူး..

လကလည်း နေမင်းရဲ့ ဘဝကို နားလည် မပေးချင်ဘူး..

နေမင်းက သူ့ အလင်းရောင်နဲ့ မာန်တက်တယ်..

လမင်းကလည်း သူ့အလင်းရောင်နဲ့ မာန်တက်တယ်..

လမင်း အလင်းနဲ့ နေမင်း အလင်း…

နေမင်းဘဝ နဲ့ လမင်းဘဝ မတူညီဘူး..

သူညံ့တာ သူအသုံးမကျလို့တဲ့လား…

သူဒီလို စဉ်းစားတာ.. သူဦးဏှောက်မရှိလို့တဲ့လား…

ငါဒီလို ဖြစ်နေတာ ငါတော်လို့တဲ့လား..

ငါဒီလိုရောက်လာ ငါကြိုးစားလို့တဲ့လား…

သူဒီလို အောင်မြင်တာ….

သူမကောင်းတာ လုပ်လို့တဲ့လား….

သူဒီလိုရောက်သွားတာ…

သူမဟုတ်တာလုပ်လို့တဲ့လား…

ဟိုအဖွဲ့တွေ အလုပ်မလုပ်တာကြောင့် ဒီလိုဖြစ်ရတာလား…

ငါတို့အဖွဲ့တွေ ဒီလိုလုပ်လို့ ဒီလိုအောင်မြင်တာတဲ့လား…

သူတို့ အဖွဲ့တွေ ဒီလိုအောင်မြင်တာ…

ငါတို့ကို ချောက်ချလို့တဲ့လား..

သူတို့ ဆင်းရဲတာ ပညာမတတ်လို့တဲ့လား…

သူတို့ တောင်းစားနေတာ… သူတို့ ညံ့လို့တဲ့လား…

သူတို့တွေ ချမ်းသာနေတာ….

ကံကောင်းလို့တဲ့လား…

ဓူဝံကြယ်… ဘာလို့ မြောက်ဘက်မှာ ရှိရတာလဲ…

သံလိုက်အိမ်မြှောင် မြောက်ဘက်ကို ညွှန်တာ…

ဘက်လိုက်မှုတစ်ခုလား…

ငါ့အတွက်တော့ အကြောင်းက အကျိုးပဲ…

အကျိုးကလည်း အကြောင်းတရားပဲ…

မတူညီတာကို မတူညီဘူးလို့ လက်ခံရမှာပဲ..

ဓူဝံကြယ်ကို မြောက်ဘက်ရွှေ့ဖို့ ငါမတွေးဘူးဖူး…

သောကြာကြယ် မှေးမှိန်အောင် လုပ်ပမယ်လို့

ငါမကြုံးဝါးဘူး…

သူ့ ကျိုးကြောင်းနဲ့ သူဖြစ်နေတာ…

ငါလိုအပ်နေတာ…

မြင်တတ်ဖို့ပါ…

တစ်ခါတစ်ရံ
လေထဲမှာ ဝဲပျံသွားတဲ့ စကားလုံးတွေကို

ဖမ်းဆုတ်လို့ မရနိုင်ခဲ့ဘူး…

ရေးချလိုက်တဲ့ စာသားတွေဟာ…

အသက်မဝင်ခဲ့ဘူး …

ငါ့ထွက်သက် နဲ့ ဝင်သက်ကတော့

စည်းချက်မှန်လျက်ပဲ…

အခန်းကျဉ်းထဲလဲလှောင်းနေရင်း…

လမသာတဲ့ ကောင်းကင်ကြီးကို …

ငေးကြည့်ရင်းနဲ့…

ကြယ်တွေလည်း ရှိမနေပါဘူး..

ရှင်းလင်းနေတဲ့ ကောင်းကင်ကြီးပေါ့…

ကြယ်တွေ စုံတဲ့ အခါ …

ကြယ်တွေကိုသာ လူတွေ မြင်ကြတယ်..

ကြယ်တွေလှပဖို့အတွက် နောက်ခံ …

မည်းမှောင်နေတဲ့ ကောင်းကင်ကိုတော့

လစ်လျူရှုထားတာလား…

ကောင်းကင်ကြီး မည်းနေလို့များလားကွာ…

ကြယ်တွေလှပဖို့အတွက် …

သူမည်းနက်နေပေးရတာပါ..

အချိန်အခါတွေ ပြန်ပြောင်းသတိရရင်း…

အခုအချိန်မှာတော့ ငါ ငိုရှိုက်ဖို့ အသံတွေက…

ဆွံ့အ သွားပြီ…

ထွက်သက် နဲ့ ဝင်သက်ဟာ…

ငါ့ဘဝရဲ့ အဖော်ပဲ…

သူတို့တွေ စည်းချက်မှန်နေသ၍…

ငါ အသက်ရှင်နေသေးတယ်…

မနက်ဖြန်အတွက် မစဉ်းစားချင်ဘူး…

မနက်ဖြန်အတွက် မတွေးထားချင်ဘူး…

ဒီလိုနဲ့ပဲ မနက်ဖြန်တွေ ရောက်လို့လာပြီလေ….

ငါ့အသက်တွေလည်း တစ်ရက်ကြီးလာလေပြီ….

ငါ့ဘဝ
code တွေနဲ့ ငါ တကုတ်ကုတ်…

ဒီနေ့သစ် မနက်ဖြန်အဟောင်း…..

နည်းပညာတွေပြောင်း…. ငါကတော့ တကောက်ကောက်…

အဟောင်းတွေ ပျက်စီး… အသစ်တွေမွေးဖွား…

ပြောင်းလဲနေတဲ့ နည်းပညာများ…

ငါရပ်တည်နေတဲ့ လောက တစ်ခုတည်း…

နောက်လောက ခုန်ဝင်ဖို့လည်း ကြိုးစားဆဲ…

ခက်တာက နည်းပညာလောကပဲ…

မောလို့ ခဏနားခိုက် ပတ်ဝန်းကျင်ကို လှည့်ကြည်ခိုက်…

ပြောင်းလဲနေဟဲ့ တိုက်တာများ….

ပြောင်းလဲနေတဲ့ လမ်းတွေများ…

တိုးတက်နေတဲ့ အကြောင်းအရာများ…

ငါနားမလည်တဲ့ အကြောင်းအရာများ..

ဂြိုလ်သား စကားလား… လူစကားလား…

ရှပ်နီတော့ ငါမသိ.. ရှက်ကီတော့ ငါကြားဘူးတယ်..

ဘလက်ကီနဲ့ အမျိုးတော်လား ငါမသိဘူး..

ငါမသိတဲ့ အကြောင်းတွေအများကြီးပဲ…

လောကကြီး တော်တော်လှတယ်…

ငါရေရွတ်ခဲ့တယ်..

coding တွေမပါပဲ လူတွေ လမ်းလျှောက်…

coding တွေ ရေးစရာမလို နေ့ရက်တွေ ဖြတ်သွားနေတယ်…

မိုးနတ်မင်းကြီးရေးတဲ့ program တစ်ပုဒ်လား ငါမသိ…

ဖြစ်ပျက်တွေ အရမ်းမြန်တယ်..

ငါနားခိုက်မှာ ပြောင်းလဲသွားတာ အများကြီးပဲ….

ရုံးသွားရုံးပြန်… ဒီ Mac book ပဲ…

အိမ်ရောက်ပြန်လည်း ဒီ Mac book ပဲ…

အိပ်ချိန်ရောက်တော့ iPodTouch နဲ့…

မအိပ်ခင် facebok လေး စစ်ကြည့်အုံးမယ်..

ခက်ပါ့ ဒီလူသားငယ်…

အသက်ရှင်တာ လေရှုနေလို့…

ဒီလောက်လွယ်တဲ့ သဘောတရား…

တစ်ရက်ပြီးတစ်ရက် ကုန်လွန်သွားလည်း…

မပြောင်းလဲပဲ မမောမပန်း ဒီလောကထဲ…

လည်ပတ်နေဆဲ..

တစ်ခါတစ်လေ ကဗျာဆရာ လင်းနစ် ဖွင့်လို့ထားတယ်…

နေ့တိုင်းတွေး ညတိုင်းရေး…

ခက်တာက စာရွက် အပိုင်းအစ မဟုတ်…

နည်းပညာများနဲ့ ရှင်သန်မိတာ..

ဒီလိုဘဝမှာ… ငါတွေးကြည့်တာ…

သနားဖို့ ကောင်းလိုက်တာ…..

ဘုရင်
ငါသည် ဘုရင်

ငါသည် အရှင်သခင်။

ငါ့အပါး ခစားသူအများ။

ရှေ့တန်းမထွက်

နောက်တန်းကနေ

ကွပ်ကဲနေလျက်

တိုက်ပွဲများစွာ တိုက်ခိုက်လေ၏။

နယ်ရုပ်များစွာ

အသက်ပေးလျက်

ငါ၏အမှုတော်

ထမ်းရွက်လှသည်။

တချက်မညှိုး

သူတို့မျက်နှာ

ကြားမိတိုင်းလည်း

ငါရင်မှာကား

ညှိုးမိလေသည်။

တဖက်ရန်သူ

တိုက်ခိုက်လေခါ

အမတ်များစွာ

ကာကွယ်ပေးသည်။

လိုအပ်ရင်ကွယ်

ရထားကလည်း

နေရာလဲကာ

ကာကွယ်ရှာတယ်။

ငါကျရှုံးရန်မဖြစ်။

ငါသည် အရှင်။

ငါသည် သခင်။

ငါရှုံးနိမ့်သော

ငါ့အပါး ခစားသူများ

ငါ့အား ကိုးစားသူများ

ငါ့အား ကိုးကွယ်သူများ

ငါ့စောက်ရှောက်မှုအောက်

ရှိကုန်ကြသော

အရာအားလုံး ပျက်စီးနတ္ထိ

ဖြစ်လေလတ္တံ။

အသက်များစွာ

စတေးပေးလျက်

အရာအားလုံးအတွက်

ငါ့အားကိုးစား

ငါ့အားယုံကြည်

မနှမြော အသက် ပေးဆပ်ကြသည်။

ငါမကောင်းသော်

သူတို့အားလုံး ပျက်စီးတော့မည်။

ငါညံ့ဖျင်းသော်

သူတို့အားလုံး ပျက်သုန်းလိမ့်မည်။

ငါသုံးမရသော်

ငါကိုယ်တိုင်လည်း ပျက်စီးရလတ္တံ။

စစ်မြေမြင်ကား

လှည့်စားသဘော။

မဟုတ်ကို အဟုတ်ထင်။

အမှန်ကို အမှားထင်။

လှည့်စားရန်သူ

ထောက်ချောက်ထဲသို့

ဆင်းသက်ရတတ်။

ငါအနားအမြဲ

ရှိနေတတ်သည့်

စွမ်းထက်မိဖုရားလည်း

လှည့်စားရန်သူ

လက်ချက်များကို

မရှောင်ကွင်းနိုင်

ကျဆုံးရလတ္တံ။

ငါ့ဘဝဖြစ်အင်

သူကျဆုံးလည်း

ဝမ်းနည်းခွင့်မရှိ။

ငါ့ပါးအနား

ခစားနေတဲ့

လူများကိုကွယ်

ကြည့်ရလိမ့်မယ်။

ရှေ့သို့ချီတက်။

တိုင်းပြည်ကာကွယ်။

တိုင်းပြည်ရေးကို

အောက်မေ့ကာလို့

နာကျည်းခံစား

မေ့ထားလိုက်မယ်။

ငါ့တပ်သားများ

မလျော့လုံလံ

ရှေ့သို့ တက်မယ်။

နယ်ရုပ်များလည်း

ရှေ့တန်းထွက်ကာ

တိုက်ကြလေပြီ။

အားကြိုးမာန်တက်

တိုင်းပြည်အတွက်

ရှိသမျှ ဉာဏ်စွမ်း

ရှိသမျှ ပညာ

ထုတ်ကာ တိုက်ပေတော့မယ်။

သူရဲကောင်း
ငါတို့ဟာ သူရဲကောင်း…

ငါတို့ဟာ အောင်မြင်သူ…

ငါတို့ဟာ ရှေ့ဆက်သူ…

ငါတို့ဟာ ဦးဆောင်သူ…

ငါတို့ဟာ ခေါင်းဆောင်တွေပဲ…

ငါတို့ဟာ အနာဂတ်…

ငါတို့ဟာ အတိတ်….

ငါတို့ဘဝမှာ ငါတို့ဟာ သူရဲကောင်း….

အခုအချိန်မှာ ကျဆုံးပေမယ့်…

နောင်တချိန်မှာ အောင်မြင်မယ်လို့ မှတ်ယူ…

အခုအချိန်မှာ အောင်မြင်နေတာ…

အရင်က ကျဆုံးဘူးတယ်…

ငါဟာ ကန္တာရမှာ မွေးဖွား…

ရေမကူးတတ်ပေမယ့်…

ရေကူးချန်ပီယံကို စိန်ခေါ်လိုက်မယ်..

ကုလားအုပ် ပြိုင်စီးရဲလား…

မင်းတတ်တဲ့အရာ ငါမတတ်ပေမယ့်…

ငါတတ်တဲ့အရာ မင်းတတ်ရဲ့လား…

သူလည်း သူ့ဘဝမှာ မင်းသား..

ငါလည်း ငါ့ဘဝမှာ မင်းသား…

သူလည်း သူ့အောင်မြင်မှုနဲ့သူ…

ငါလည်း ငါ့အောင်မြင်မှုနဲ့ ငါပေါ့…

ဘာလို့ နှိုင်းယှဉ်မှာလဲ…

တနေ့ပြီးတနေ့…

တရက်ပြီးတရက် ဒီလိုနဲ့ပဲကုန်မှာပဲ…

ငါတို့နာမည် နှစ်သန်းချီပြီး ခံမလား…

အဲဒီအချိန် လူသားတွေရှိခဲ့ရင်တောင် ကံကောင်း…

ငါ့အောင်မြင်မှုကို ငါကျေနပ်တယ်..

သူ့အောင်မြင်မှုအတွက် ငါဝမ်းသာတယ်..

သူ့အောင်မြင်မှု ငါမလိုချင်ဘူး…

ငါ့အောင်မြင်မှုလည်း မင်းမလိုချင်နဲ့…

မင်းလည်း မင်းအောင်မြင်မှုနဲ့..

ငါလည်း ငါ့အောင်မြင်မှုနဲ့ငါ…

မတူပေမယ့်.. မယှဉ်ပါနဲ့…

Bill Gate လိုလည်း မချမ်းသာဘူး..

Steve Jobs လိုလည်း idea မကောင်းဘူး…

ဒါပေမယ့် ငါဟာ Steve Jobs လို မွေးစားမိဘနဲ့ကြီးပြင်းတာမဟုတ်ဘူး…

ငါဟာ Bill Gate လို ကျောင်းမပြီးတာမဟုတ်ဘူး..

အဲလိုယှဉ်ရင် ငါလည်း သူတို့ထက် သာတာပေါ့…

ဟာ.ဟာ..ဟ…ဟ…

နေတတ်ရင် ကျေနပ်စရာ…

တောင်းဆိုစရာတွေ အများကြီးမရှိဘူး..

စဉ်းစားတာ တစ်ခုတည်း…

Steve Jobs နေ့တိုင်း စဉ်းစားတဲ့ အတွေးလို့…

ငါဒီနေ့ သေရင် ဒီနေ့ ဒါကိုဆက်လုပ်မှာလား…

အရာရာအားလုံး ကျိုးကြောင်းဆက်စပ်တယ်…

Bagan က Gmail မဘန်းရင်…

ငါလည်း glite လုပ်ဖို့ စိတ်ကူးမရှိပါတယ်…

အဲဒီအခါ ငါလည်း PHP မတတ်တော့ပါကွယ်…

လူ့လောကဟာ မမျှတဘူး..

Bill Gate လည်းပြောပါတယ်…

ဒါကိုလည်း လက်ခံတယ်..

နေတတ်ရင် မျှတပါတယ်…

စိတ်ညစ်စရာတွေတွေးရင်…

စိတ်ညစ်နေမှာ အမြဲပဲ….

အခုချိန်မှာ စိတ်ပျက်တယ်…

အခုအချိန်မှာ စိတ်ညစ်တယ်..

အခုအချိန်မှာ အားငယ်တယ်..

အခုအချိန်မှာ စိတ်ကျတယ်…

အားတင်းကာ လျှောက်ပါကွယ်..

နောင်တချိန် ဘဝကောင်းစားဖို့ပါကွယ်…

ငါ့ဘဝမှာ ငါမင်းသား..

မင်းဘဝမှာ မင်းကမင်းသား…

ငါ့ဘဝမှာ ငါက ဟီးရိုး..

မင်းဘဝမှာ မင်းက ဟီးရိုး…

ဘာတွေ စိတ်ပျက်နေမှာလဲ..

ဘာတွေ စိတ်ညစ်နေမှာလဲ…

လုပ်နိုင်တာပဲ စဉ်းစား…

ဖြစ်နိုင်တာပဲ စဉ်းစား….

ငါလုပ်နိုင်တာတွေ လုပ်နေတယ်…

ငါထမ်းနိုင်တာတွေ ထမ်းနေတယ်…

မိဘလည်း ကျေနပ်တယ်…

ဒါဆို ငါလူဖြစ်ရကျိုးနပ်ပြီကွယ်…..

စာကြွင်း :: အစက Steve Jobs မိန့်ခွန်းနဲ့ ပတ်သက်ပြီး ပြောမလို့ပဲ ဘယ်လိုလုပ် ဒါရေးဖြစ်သွားလဲမသိဘူး။

<object width="425" height="344"><param name="movie" value="http://www.youtube.com/v/D1R-jKKp3NA&hl=en_US&fs=1&"></param><param name="allowFullScreen" value="true"></param><param name="allowscriptaccess" value="always"></param><embed src="http://www.youtube.com/v/D1R-jKKp3NA&hl=en_US&fs=1&" type="application/x-shockwave-flash" allowscriptaccess="always" allowfullscreen="true" width="425" height="344"></embed></object>

နယ်ရုပ်
ငါ့ဘဝက နယ်ရုပ်…

ရှေ့တန်းထွက်တိုက်နေတဲ့ နယ်ရုပ်…

တိုက်ပွဲမှာ အသက်ပေးရဲတဲ့ နယ်ရုပ်….

ပွဲနိုင်ဖို့အတွက် အသက်ပေး…

ချကျွေးခံရလည်း ပြုံးပြုံးလေးနဲ့…

နယ်ရုပ်…

တာထွက်တာ နှစ်ကွက်…

နောက်တော့ တစ်ကွက်..

ဘာအရည်အချင်းမှ မရှိတဲ့ နယ်ရုပ်…

အများက သတ်မှတ် သုံးမရတဲ့ နယ်ရုပ်…

ရန်သူ့ရှေ့ခြင်း တွေ့တောင် မလှုပ်ရှားနိုင်တဲ့ နယ်ရုပ်…

နောက်ပြန်ဆုတ်ခွင့်မရှိတဲ့ နယ်ရုပ်…

ဘဝမှာ ရှေ့တိုးဖို့ပဲ ရှိတဲ့ နယ်ရုပ်…

စားမယ်ဆိုရင်တောင် တစ်စောင်းပဲ စားခွင့်ရတဲ့နယ်ရုပ်…

ငါ့ဘဝမှာ ငါက မင်းသား…

ငါ့ဘဝမှာ ငါက မင်းသမီး….

ငါလည်း ရထားဖြစ်နိုင်တယ်..

ငါလည်း မြင်းဖြစ်နိုင်တယ်..

ငါလည်း ဘုန်းကြီးဖြစ်နိုင်တယ်…

ဟဟ…

ငါဟာအကြီးဆုံး မိဖုရားတောင် ဖြစ်နိုင်တဲ့ နယ်ရုပ်…

ရန်သူ့နောက်တန်း ထိုးဖောက်ဝင်ရုပ်..

ဘဝပြောင်းဖို့ ရည်မှန်းချက်နဲ့ ရှေ့ဆက်…

ငါဟာ နယ်ရုပ်…

နောက်တန်းက ဘုရင့် အမှုတော် ရဲရဲ ဝင့်ဝင့်ထမ်းရွက်…

ဘုရင့်အနား ကာကွယ်ခွင့်တောင်မရတဲ့ နယ်ရုပ်…

နယ်ရုပ်တွေက အများကြီး…

ဒါပေမယ့် ငါကမင်းသား…

ငါက မင်းသမီး…

ငါ့ဘဝပြောင်းမယ် ယုံကြည်…

ရှေ့တန်းကို ထွက်ကာ တိုက်မယ်…

အသက်ပေးကာ ပေးဆပ်လိုက်မယ်..

မသေရင်တော့ ဘဝရအောင် ပြောင်းပလိုက်မယ်…

နောက်တချိန် ငါမိဖုရား…

မင်းတို့အားလုံးထက် သာစေရမယ်…

တစ်ပွဲလုံး အနိုင်သိမ်းမယ်…

တဖက်ဘုရင် ငါ့လက်အောက်….

ကျဆုံးစေမယ်…

မင်းတို့တွေ စောင့်ကြည့်ထား…

(Facebook တွင် မဟန ပို့သော PM ဖတ်ပြီး ရေးမိလိုက်သည်)

အတိတ်သို့ တမ်းတခြင်း
သူများတွေ ဂိမ်းဆော့တဲ့ ၅ တန်းအရွယ် ငါ game ဆော့တယ်…

သူများတွေ ဂိမ်းဆော့ဆဲ ၆ တန်းအရွယ် ငါကတော့ လက္ခဏာစာအုပ်တွေနဲ့ ရူးခဲ့တယ်…

သူများတွေ ကောင်မလေးတွေ အကြောင်းပြောကြတဲ့ ၈ တန်း အရွယ် ငါ မျက်လှည့်ကို အရူးအမူးပဲ…သူများတွေ ရည်းစားထားကြတဲ့ ၉ တန်း အရွယ် ငါကတော့ မျက်လှည့် စာအုပ် ဗေဒင်စာအုပ်တွေ မအားခဲ့…

သူများတွေ ငွေကုန်ခံပြီး ရည်းစားတွေထားကြတယ်.. ငါကတော့ ငွေကုန်ခံပြီး စာအုပ်တွေ ဝယ်ခဲ့တယ်…

သူများတွေ အပျော်ကြီးပျော်တဲ့ ဆယ်တန်းကျောင်းပြီးချိန်…

ငါကတော့ DSE လေးတက်ပြီး programming ကို စတင်ထိတွေ့ခဲ့ပြီ…

သူများတွေ ပျော်ကြတဲ့ first year fresher ဘဝ.. ငါကတော့ DSE စာမေးပွဲနဲ့ ခေါင်းတွေ ရှုပ်နေခဲ့တယ်..

second year ရောက်တော့ ကျူရှင်တွေတက် စာတွေကျက်ပေါ့… ငါကတော့ ခပ်စုတ်စုတ် computer ထဲမှာ ခေါင်းတွေ နှစ်ပြီး ပေါက်ကရတွေ လုပ်ပေါ့…

thrid year မှာ ရှုပ်ရှက်ခက်တဲ့ လူငယ်ဘဝ.. ငါလည်း ထို့အတူ ရှုပ်ရှက်ခက်ခဲ့…  လူနားမလည်တဲ့ စကားကြီးစကားကျယ်တွေကတော့ ပြောမြဲပြောဆဲ…

Hons ရောက်တော့ ဘဝအဆစ်အပြောင်း… ပြောင်းသူကပြောင်း … ကောင်းသူကကောင်း… ငါကတော့ မပြောင်း… programming နဲ့ပဲပေါင်း.. ကျောင်းစာကို ဂျောင်း….. ကျူရှင်လည်း ညောင်း… အနီးကပ်မှ အပြတ်အောင်း…. ( 2 subject 1 night ကိုဆိုလိုခြင်းဖြစ်သည် )

DSE = Diploma in Software Engineering

အခုအချိန်မှာ ပြန်ကြည့်ရင် ကိုယ့်ဘဝကိုယ်တောင် သနားတယ်။ ဟိုးငယ်ငယ်တုန်းက လူငယ်ဘဝ ပြန်မရနိုင်တော့ဘူးပဲ…. သူငယ်ချင်းတွေကတော့ အားပါးတရ လူငယ်ဘဝကို အသုံးချခဲ့ကြပေမယ့်… ငါကတော့ လူငယ်ဖြစ်ခဲ့တယ်ဆိုတာလေးပဲ ရှိခဲ့ပါလား..

မနက်ဖြန် Art Of Love ပြန်ရေးသားမည်။ စောင့်ဖတ်ကြကုန်သော်….

ငါ့ဟာငါ
ငါ့ဟာငါ လောင်ကျွမ်းနေတာ…

မင်းတို့ကို အလင်းပေးဖို့မဟုတ်ဘူး…

ငါ့ဟာငါ လင်းထိန်းနေတာ…

မင်းတို့ကို မနက်ဆိုတာ ဖန်တီးဖို့မဟုတ်ဘူး…

ငါ့ဟာငါ ပူလောင်နေတာ…

မင်းတို့အတွက် ပိုးသတ်ဖို့ မဟုတ်ဘူး…

ငါဟာ့ငါ ပူပြင်းနေတာ…

မင်းတို့ အဝတ်လှမ်းဖို့ မဟုတ်ဘူး…

မင်းတို့ငါ့ကို ရှိခိုးစရာ မလိုဘူး…

မင်းတို့ငါ့ကို ဆုတောင်းစရာမလိုဘူး…

ငါဟာ ဘုရားသခင်မဟုတ်ဘူး…

ငါဟာ နတ်မင်းမဟုတ်ဘူး…

ငါဟာ ဖန်တီးရှင်မဟုတ်ဘူး…

ငါဟာ ကျေးဇူးရှင်မဟုတ်ဘူး…

ငါ့ဟာငါ ပူလောင်နေတာပါ…

ငါလုပ်ချင်တာ ငါလုပ်နေတာပါ…

အခုအချိန်မှာ မင်းတို့အတွက် ငါဟာ သူရဲကောင်းပါ…

ငါ့အလင်းရောင်တွေ ကုန်ဆုံးသွားရင်…

ငါဟာ မင်းတို့အတွက် အပြစ်သား…

ငါ့အပူရှိန်တွေ တိုးလာခဲ့ရင်…

ငါဟာ မင်းတို့အတွက် နတ်ဆိုးတစ်ပါး…

မင်းတို့ကို မင်းတို့ အပြစ်မတင်ဘူး…

တချိန်က ငါ့ကို အဲဒီအချိန်မှာ မေ့သွားမှာပါ…

အပြစ်များစွာနဲ့ ငါ့ကို ပြောနေကြမယ်…

ငါ့ဟာငါနေတာပါကွာ…

မင်းတို့ ကျေးဇူးတင်ဖို့မလိုဘူး..

မင်းတို့ အပြစ်တင်ဖို့မလိုဘူး…

ငါဟာ နတ်မင်းမဟုတ်ဘူး..

ငါဟာ သူရဲကောင်းမဟုတ်ဘူး..

ငါဟာ နတ်ဆိုးမဟုတ်ဘူး..

ငါဟာ အပြစ်သားမဟုတ်ဘူး..

ငါ့ဟာငါ ရှိနေတာပါ…

ငါ့ကို သဘာဝမိခင်က မွေးဖွားတယ်..

ငါ့ကို သဘာဝမိခင်ကပဲ တနေ့ပြန်ခေါ်မယ်…

ဖြစ်ပျက်သဘောတရား ရှောင်လွှဲမရဘူး…

ငါ့ကို အပြစ်မတင်ပါနဲ့….

မင်းတို့ ကိုယ့်ကို ပြန်ကြည့်လှည့်ပါကွာ…

ငါ့အလုပ်ငါ လုပ်နေတာပါကွာ…

မင်းတို့အကျိုးအတွက် တစ်ခုမှ ငါမရည်ရွယ်ဘူး…

ကောင်းကျိုးလည်း မရည်ရွယ်ဘူး..

ဆိုးကျိုးလည်း မရည်ရွယ်ဘူး..

ငါ့အပူနဲ့ ငါပါကွာ..

ဒါလေးကိုတော့ နားလည်ပါ…

FB မှ status တစ်ခုကို အခြေခံကာ ပြန်လည်ရေးသားသည်။ ဘယ်သူ့ status လည်းတော့ မသိပါ။ ရှာမတွေ့တော့လို့ပါ။ ပြန်ရှာပါသေးသည်။

စေတန်နတ်ဆိုး
လူတွေကပြောတယ်..

စေတန်ဆိုတာ နတ်ဆိုးတဲ့…

သူဘာကြောင့်ဆိုးလဲ…

လူတွေမေးကြည့်ဘူးလား…

လူတွေ လေ့လာဘူးလား…

တစ်ခါတစ်လေ…

လူတွေဖိအားကြောင့်…

လူတွေက ဆိုးလာကြတယ်…

အရောင်ပြောင်းလာကြတယ်..

ကိုယ့်ဘာသာကိုယ် ကာကွယ်ခြင်းတွေလုပ်လာတယ်..

မူရင်းဘဝပျောက်ဆုံးပြီး…

cover အပြည့်နဲ့ ဘဝကြီးကိုဖန်တီးလာတယ်..

လူဆိုးတွေက တဖြည်းဖြည်းဆိုးလာကြတယ်…

လူကောင်းတွေက လူဆိုးတွေကို ပိုဆိုးလာအောင် ဖန်တီးလာကြတယ်..

သူမှန်တယ်.. ငါမှန်တယ်နဲ့…

ရှုံးနိမ့်သူက လူဆိုးပဲ…

သမိုင်းဆိုတာ အောင်နိုင်သူရေးခဲ့တာ…

ဇူးနတ်မင်းကြီး ရေးခဲ့လို့ စေတန်က နတ်ဆိုးဖြစ်တာ ဖြစ်ကောင်းဖြစ်မယ်…

သမိုင်းဆိုတာ အောင်နိုင်သူရေးတာပဲ…

သူငယ်ချင်းတစ်ယောက်ပြောတယ်…

ပြိုင်ငြင်းမနေနဲ့…

ဘယ်သူမှန်တယ်ဆိုတာထက်..

ဘယ်သူနိုင်တယ်ဆိုတာကိုကြည့်…

နိုင်တဲ့လူက မှန်တာပဲ…

နိုင်တဲ့လူထဲမှာ သမိုင်းပဲ…

အမှန်တရား… စာနာနားလည်ချင်း…

ဝါးဟားဟားနဲ့ ရယ်လိုက်ချင်တယ်…

ကိုယ့်အမြင်တစ်ခုနဲ့ ရပ်တည်နေတာလား..

ကိုယ့်အမြင်ကသာ အမှန်တရား..

အင်အားတောင့်သူကသာ အမှန်တရား..

မင်းမှန်လား…

ငါမှန်လား…

နိုင်သူကသာ အမှန်ပဲ…

ဒါကို ဇူးနတ်မင်းကြီး သင်ပေးခဲ့တယ်…

ဇူးနတ်မင်းကြီး…

အင်အားကြီးမား…

စေတန်နတ်ဘုရား…

ဝေးရာထွက်သား…

အိုလံပစ်တောင်….

ဇူးပိုင်စေသား….

ဇူးနတ်လက်ထက်…

စေတန်နတ်ဆိုး…

TITAN အမည်ပျောက်…

ကိုးကွယ်သူမဲ့…

စွမ်းလှပေတယ်…

ဇူးနတ်ဘုရားရယ်…

သားတော်များစွာ…

ရှိလှပေတဲ့…

ဇူးနတ်ဘုရား…

သူ့နောက်လက်ထက်…

အမည်ပျောက်ပါတကား…

ပွေလှပေမယ့်…

လူတိုင်းကိုးကွယ်…

ဇူးနတ်ဘုရားကို…

အံသြလှတယ်….

ပိုစိုင်းဒါန်းလည်း…

အိုလံပစ်မှာ မနေရရှာ…

ပင်လယ်ထဲဆင်း…

ငါဘုရင်လို့…

ဟစ်ကျွေးခဲ့တယ်..

ဟေးဒီနတ်မင်း…

အပူအပင်….

ငရဲပြည်သို့…

ဆင်းသက်လေကာ…

ဘုရင်လုပ်တယ်…

အိုလံပစ်တောင်ဝယ်…

ဇူးမိသားစု…

များလှပေတယ်…

ဆွေမျိုးတွေမပါ…

သားသမီးတင်ပဲ…

ပြည့်နေလှတယ်…

စေတန်နတ်မင်း…

Rome လည်းရောက်

သတင်းလည်းပျောက်…

ဘယ်ဘဝရောက်ရှာ…

မသိရပေရှာ…

ဘဝတစ်သက်…

စေတန့်အမှား…

သူ့မွေးရင်းသားများ

သူပြန်မျိုခဲ့…

အာဏာမက်လို့ပေါ့…

လူထုအပေါ်ကောင်းခဲ့ပေတယ်…

စိုက်ပျိုးခြင်းတွေ ထွန်းကားခဲ့တယ်…

လူထုဆီက နောက်ဆုံးရလဒ်…

နတ်ဆိုးကြီးတဲ့…

စားနေတဲ့ ဆန်စပါး….

ကျေးဇူးမျှ မထောက်…

အော်….

နတ်ဆိုးဘဝ တကယ်ပြောင်းသင့်တယ်…

စေတန်…

စေတန့်အမှား စေတန်သိလို့…

ပြင်ကောင်းပြင်ခဲ့…

ဒါပေမယ့် လူမသိတော့…

ဇူးနတ်သည်သာ တန်ခိုးကြီးဆုံး…

အိုလံပစ်တောင် သခင်ဖြစ်ပေတည်း….