Nookcolor Major Update

အခုပဲ Nookcolor က major update 1.2 version ထွက်ပြီဆိုတာနဲ့ download ချပြီး စမ်းကြည့်လိုက်တယ်။ စက်ကနေ အနားမှာ ရှိနေတာနဲ့ သွင်းပြီး စမ်းကြည့်လိုက်တယ်။ အရင် version တုန်းက အားသွင်းထားတဲ့ အချိန်မှာ စာဖတ်မရဘူး။ စာတွေ ရိုက်မရဘူး။ ဒါကြောင့် တနေ့ ၇ နာရီပဲ စာဖတ်လို့ ရတယ်။ အားသွင်းထားချိန်ဆိုရင် ပစ်ထားပေတော့ပဲ။ အခုတော့ အားသွင်းထားရင်း စာဖတ် ၊ စာရိုက်လို့ ရသွားပြီ။ Android 2.2 ကို အသုံးပြုထားတော့ Flash တွေပါကြည့်လို့ရသွားတယ်။ Youtube website တွေကိုလည်း လွယ်လင့်တကူ ကြည့်လို့ရသွားပြီ။ နောက်ထပ် ထူးခြားမှု တစ်ခုက Email App ကို built in ပါဝင်လာတဲ့ အတွက် အရင်ကလို gmail စစ်ချင်ရင် website သွားဖွင့် စရာမလိုပဲ app ကနေ တဆင့် စစ်လို့ရတယ်။ App store ပါဝင်လာပေမယ့် Android မှာ free ရတဲ့ Angry Bird က $2.99 ပေးရလိမ့်မယ်။ pulse ကတော့ free ရတဲ့အတွက် မဆိုးဘူးဆိုရမယ်။


Continue reading

Nook color is best for End User

စာဖတ်ဖို့အတွက် Android Tablet ရွေးမလား Nook Color ရွေးမလားဆိုရင်တော့ Nook Color ကို recommend လုပ်ပါတယ်။ Android ဆိုတာက Geek တွေအတွက်ကတော့ ထမင်းစားရေသောက် လုပ်ချင်တာ လုပ်ဖြစ်ပေမယ့် End user တွေအတွက် တော်တော် အလုပ်ရှုပ်မယ့် ကိစ္စတွေရှိပါတယ်။ စာဖတ်ဖို့အတွက် App ထပ်သွင်းရတာ ရှိမယ်။ Epub , PDF , docx , doc စတဲ့ format တွေ ဖတ်ဖို့အတွက် App ထပ်သွင်းရပါမယ်။ Market ထဲကို ဝင်ပြီး ရှာရမယ်။ ပြီးရင် App ကို ဖွင့်ပြီး SD card ကနေ စာအုပ်ဖွင့်ရမယ်။ အဲဒီအတွက် Computer နဲ့ ချိတ် စာအုပ်တွေ ထည့်။ ပြီးရင် App သွားပြီး file တွေ ရွေးပေးရပါအုံးမယ်။  Nook color  ဆိုရင်တော့ Computer နဲ့ Nook Color ကို USB နဲ့ ချိတ်။ ပြီးရင် file ကူး။ ဒါဆိုရင် ဖတ်လို့ရပြီ။ ဘာ အဆင့်မှ မလိုပါဘူး။ စာအုပ်ဖတ်ဖို့အတွက် သီးသန့်ပါ။ အခြား Game ပါဆော့ချင်ရင်တော့ Android Tablet ဖြစ်ဖြစ် iPad ဖြစ်ဖြစ် ဝယ်ပေါ့ဗျာ။
Continue reading

Creative Ziio

Creative ကလည်း Android Tablet ကို ထုတ်လိုက်ပါပြီ။ ထုတ်လိုက်တာကတော့ မကြာသေးပါဘူး။ Creative ဆိုတာကတော့ စကာင်္ပူရဲ့ အထင်ကရ company တစ်ခု ဆိုလည်း မမှားပါဘူး။ အထူးသဖြင့် speaker တွေနဲ့ ပတ်သက်ပြီး နာမည်ရှိတဲ့ Brand လို့ဆိုနိုင်ပါတယ်။ ကျွန်တော် Nook Color ကို order မှာပြီး ၃ ရက်အကြာလောက်ထင်တယ်။ တော်တော်လေး မကျေမနပ်ဖြစ်သွားရတဲ့ Product လို့ဆိုရမယ်။ စျေးနှုန်းကလည်း 8 GB ကို S$360 ပဲ ပေးရတယ်။ အခု အချိန် မြန်မာငွေ ပေါက်စျေးနဲ့ဆိုရင်တော့ ၂ သိန်းခွဲလောက်ပဲ ရှိပါတယ်။ ၇ လက်မ ဖြစ်တဲ့အတွက် စာဖတ်လို့လည်း အဆင်ပြေပါလိမ့်မယ်။ 16 GB ကိုတော့ S$390 ပေးရပါတယ်။ တကယ်လို့ ၇ လက်မ သေးလို့ ၁၀ လက်မ လည်းရှိပါသေးတယ်။

Continue reading

Android Universal Root

Android ကို ဘယ်လို root ရမလဲလို့ mail နဲ့ ကော comment မှာကော မေးနေသူများ အောက်က link မှာ သွားဖတ်နိုင်ပါတယ်။

http://www.mysteryzillion.org/forums/showthread.php/8877-One-Key-Root-for-Android-most-model-(REALLY-ONE-KEY!!!)

ယောင်ခြောက်ဆယ် (Mobile Dev)

အခုခေတ်က တော်တော်ယောင်လို့ ကောင်းတဲ့ ခေတ်လို့ ဆိုရမလားမသိဘူး။ Language တွေ ယောင်လို့ ပြီးလို့ Mobile Development လုပ်တော့မယ်ဆိုရင် ထပ်ယောင် စရာတွေ လာပြီ။ Android ကိုလုပ်မလား iPhone ကိုလုပ်မလား။ နောက်ပြီး ၂ ခုလုုံးလုပ်ချင်တယ်ဆိုတဲ့သူတွေလည်း ရှိသေးတယ်။ ဟိုးအရင်တုန်းက Mobile အတွက် Nokia Symbian ပဲရှိတော့ Java လေ့လာပဲ။ အခုတော့ ခေတ်တွေက ပြောင်းသွားပြီ။ Web Developer လည်း Mobile App ရေးလို့ရကုန်တော့ Web Developer တွေလည်း Mobile လိုင်းကို ယောင်တောင်တောင်နဲ့ လွယ်လွယ်လေး ကူးလို့ရနေပြီ။

Continue reading

Time to go android development

Android ဆိုတာကိုတော့ ထွေထွေထူးထူးပြောစရာမရှိပါဘူး။ Android စထွက်ကာစက iPhone ကို ယှဉ်နိုင်လောက်တဲ့ အရည်အသွေးတွေ မရှိပေမယ့် အခုအချိန် Android 2.1 မှာ တော်တော်လေးကို ပြီးပြည့်စုံလာသလို SDK ကလည်း တော်တော်လေးကို ကောင်းမွန်လာပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ Mobile Development ဆိုတာက တခြား Sotware Development ထက်စာရင် ပိုပြီး အောင်မြင်တဲ့ စျေးကွက်လို့ ဆိုရမယ်။ လူတိုင်း Computer မသုံးတတ် ၊ မသုံးနိုင်ပေမယ့် လူတိုင်းနီးပါး ဖုန်းဝယ်သုံးကြတယ်။ နောက်ပြီး Mobile Software အတွက် ပိုက်ဆံကို မနှမြောကျတာလည်း တွေ့ရပါတယ်။ Software အခွေတွေဟာ ခိုးကူးခွေတွေကြောင့် တစ်ခွေ ၁၀၀၀ နဲ့ ပေါပေါ ရပေမယ့် လူတိုင်း Mobile Application တွေကို မသွင်းတတ်တာက တစ်ကြောင်း နောက်ပြီး Mobile Application crack တွေကို အင်တာနက်မှာ download ချပြီး သွင်းလို့ရတယ်ဆိုတာကို မသိတာက တစ်ကြောင်း တို့ကြောင့် mobile application တွေကို ဆိုင်မှာ သွင်းခိုင်းကြတာများတယ်။ နောက်ပြီး software တွေကိုလည်း ဝယ်သုံးလိုက်ကြတာများတယ်။ လက်ရှိ လူသုံးများတဲ့ mobile ကတော့ Nokia ပဲပေါ့။ Continue reading

Ornagai Android App

ornagai ကို tsv နဲ့ babylon တို့အတွက်တော့ မထုတ်ရသေးဘူး။ ဒီနေ့ index ထောက်တာ စောစောပြီးရင် babylon , tsv , stardict တို့အတွက် ထုတ်ပေးဖို့ပဲ။ ဒါပေမယ့် index ထောက်ဖို့ရေးရတာ တော်တော်ကြာသွားတယ်။ Nexus One မှာတော့ မြန်ပေမယ့် ကျွန်တော် စမ်းတဲ့ HTC G1 မှာတော့ တော်တော်နှေးတယ်။ data တင်ပဲ 6.5 MB ရှိတယ်။ Ornagai Android ကိုသွင်းမယ်ဆိုရင်တော့ 7 MB လောက်တော့ နေရာယူလိမ့်မယ်။ English Myanmar ပဲ ပါပါတယ်။ ဇော်ဂျီကို font မရှိပဲ ဖတ်လို့ရတယ်။ CPU speed ကတော့ နည်းနည်း စားမယ်ထင်တယ်။ Index file ကို တစ်ခုခြင်းဆီ သွားဖတ်ထားလို့ပါ။ search ကတော့ အရင်ကထက် ပိုမြန်လာပါတယ်။ နောက်ပြီး a , b , c စတဲ့ စာလုံးတစ်လုံးတည်းတွေ ရှာခွင့်မပေးထားတော့ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ မလိုအပ်သလို index သီးသန့် ထပ်ပြီး ထောက်ပေးနေရင် ရှာတဲ့အခါ ပိုနှေးသွားမှာ ဆိုးလို့ပါ။ ornagai.apk.zip ကို download ချ။ zip ဖြည်လိုက်ရင် apk ရမယ်။ ပြီးရင် sd card ထဲထည့်။ ပြီးရင် App Installer နဲ့ သွင်းလိုက်ရင် ရပါတယ်။

ornagai.apk