ဒီနေ့ ရုံးမသွားရတာနဲ့ လုပ်မယ် လုပ်မယ်နဲ့ မလုပ်ဖြစ်တဲ့ Nginx ကို စမ်းဖြစ်တယ်။ Nginx ဆိုတာကတော့ Light Weight HTTP Server ပေါ့။ Apache လို မျိုး HTTP server လို့ ဆိုရမှာပေါ့။ Nginx ကို Engine X လို့ အသံထွက်တယ်။ Django ကို ကိုယ့် server မှာ run မယ်ဆိုပြီး ကြည့်လိုက်တော့ Apache နဲ့ အဆင်ပြေတဲ့ mod_python နဲ့ စမ်းပေမယ့် စိတ်တိုင်းမကျဘူး။ နှေးပြီးတော့ တစ်ခါတစ်ခါ ထထ ကြောင်တတ်တယ်။ PHP နဲ့ အတူ ယှဉ်ပြီး run ရတာ အဆင်မပြေဘူး။ ဒါနဲ့ gooling လုပ်လိုက်တော့ Nginx ကို သွားတွေ့တယ်။ Django ကို တော်တော်များများက apache ထက် Nginx ကို recommend လုပ်ကြတယ်။ ROR သမားတွေလည်း Nginx ကို အသုံးပြုတာ တွေလည်း တွေ့လိုက်ရတယ်။ ဒီတော့ PHP နဲ့ ကော ရလား ဆိုတော့ ရတာပေါ့ဗျာ။
Why !
Apache ထက် Nginx ကို ဘာကြောင့် သုံးသင့်လဲဆိုတာကို performance ယှဉ်ပြထားတာ တွေ့ပြီး သဘောကျသွားတယ်။ Website ကတော့ 2008 တုန်းက ဆိုတော့ နည်းနည်းတော့ ခေတ်နောက်ကျနေပြီ။ အခု Nginx က 1.0 ထိ ရောက်လာပြီ။ April 2011 မှာ website တွေရဲ့ 6.25% အသုံးပြုထားတာကို တွေ့ရတယ်။ အဲဒီ Nginx ကို သုံးစွဲတဲ့အထဲမှာ wordpress.com လည်း ပါတယ်။ အခြား နာမည်ကြီး site တွေ ထပ်ပြောရရင်တော့ wikihow နဲ့ hulu ပါ ပါတယ်။ နောက်ပိုင်း startup တော်တော်များများဟာလည်း Nginx ကို ပြောင်းပြီး အသုံးပြုလာကြတယ်။
Continue reading