No Embedded Fonts in iBooks Author output file .ibooks

Apple said :

For best results with iPad, use the Format bar to select fonts; the Format bar’s font list includes only fonts that are available on the iPad, so the book should look the same in iBooks Author and in iBooks on the iPad. If you use the Fonts window to select your fonts, all fonts available on your computer will be listed. Selecting a font that is unavailable on the iPad may have inconsistent results when you view the book in iBooks.[[http://support.apple.com/kb/HT5072]]

ဒီရက်ပိုင်းမှာ iBooks Author ကို စမ်းရင်း သဘောကျတာနဲ့ font embed ကို စမ်းကြည့်မိတယ်။ သို့ပေမယ့် ဘယ်လိုမှ မရပါဘူး။ font embed ထည့်လိုက်တိုင်း iBooks App က crash ဖြစ်ဖြစ်သွားတယ်။ ဒီ version မှာတော့ မရသေးဘူးလို့ ပဲ ဆိုရမယ်။ သို့ပေမယ့် ePub တွေမှတော့ font embed ကို allow လုပ်ထားတဲ့အတွက်ကြောင့် နောက် version အသစ်တွေမှာ font embed အသုံးပြုခွင့်ပေးမယ်လို့ မျှော်လင့်ရတာပဲ။

နောက်ပြီး Apple က .ibooks extension နဲ့ epub format ကို ပြင်ပြီးတော့ ထုတ်လိုက်တာကိုတော့ သဘောမကျမိဘူး။ ဘာဖြစ်လို့လည်းဆိုတော့ standard မဟုတ်တာကြောင့်ပါ။ ePub 3 မှာတော့ Keynote နဲ့ 3D object တွေ ထည့်မရဘူး။ ဒါကြောင့် Apple က non-standard .ibooks ဆိုပြီး ထုတ်လိုက်ဟန် တူပါတယ်။

iBook Authors Tool ကတော့ တကယ့်ကို ကောင်းမွန်လှပါတယ်။ သို့ပေမယ့် font embed တော့ မရသေးတာကိုတော့ သဘောမကျပါဘူး။ font embed ပါ ရခဲ့ရင်တော့ မြန်မာ စာအုပ်တွေ တော်တော်များများကို တွေ့လာရနိုင်ပါတယ်။

Steve Jobs , My Hero

ဒီနေ့ မနက်နိုးနိုးခြင်း စိတ်ကူးပေါက်တာနဲ့ twitter ကို စစ်ကြည့်လိုက်တယ်။ နိုးနိုးခြင်းမှာ မြင်လိုက်ရတဲ့ message ကို မယုံနိုင်လိုက်ဘူး။ Hoax news ထင်ပြီး google မှာ ချက်ခြင်းကို ရှာကြည့်လိုက်တယ်။ လက်မခံနိုင်လောက်အောင်ကို သတင်းက အမှန်ဖြစ်နေတယ်။ CNN မှာလည်း ဖော်ပြထားတယ်ဆိုတော့ ပြောစရာ စကားလုံးတောင် မရှိတော့ဘူး။ Twitter တစ်ခုလုံးလည်း Steve Jobs အကြောင်းတွေပဲ။ facebook မှာလည်း Steve Jobs အကြောင်းတွေပဲ။

သတင်းသေချာသွားပြီ ဆိုတာကို သိလိုက်တုန်းက ကိုယ့်ဆွေမျိုးတစ်ယောက် ဆုံးရှုံးသွားသလို။ ကိုယ်နဲ့ နှစ်ပေါင်းများစွာ အတူတူ တွဲလုပ်ခဲ့တဲ့ လူတစ်ယောက် ဆုံးရှုံးလိုက်ရသလို ခံစားရတယ်။ ဘာ သွေးသားမှ မတော်စပ်တဲ့ ကျွန်တော်တောင် နာကျင် ကြေကွဲရရင် သူ့မိသားစုဆို ဘယ်လောက် ဝမ်းနည်း လေမလဲ လို့ စဉ်းစားမိတယ်။ သူနဲ့ အတူတူတ တွဲလုပ်နေတဲ့သူတွေ ဘယ်လောက် စိတ်ထိခိုက်ကုန်မလဲ တွေးမိတယ်။ မနက်ကတည်းကနေ အခုအချိန်မှာ တစ်စိမ့်စိမ့်ကြေကွဲ နေတုန်းပဲ။


Continue reading

NewtonApples Free Now

ကျွန်တော်တို့ ရုံးက ဆွဲထားတဲ့ NewtonApples ဆိုတဲ့ Game ကို Free ပေးလိုက်ပါပြီ။ ဘယ်တော့ အထိ Free ပေးမလဲဆိုတာကိုတော့ မသိရသေးပါဘူး။ အခုတော့ iPad version ကို စရေးနေပါပြီ။ Free ရတုန်း download ချပြီး itunes မှာ တချက်လောက် rate လေး ပေးပေးပါ။ ဘာတွေ လိုအပ်လဲ။ ဘာတွေကို မကြိုက်ဘူးလဲဆိုတာကို itunes မှာပဲ comment ပေးခဲ့ပေးပါဗျာ။

http://itunes.apple.com/us/app/newtonapples/id417698312?mt=8

iPad 2 Now Available In SG

အခုပဲ Apple SG Store ကို update လုပ်လိုက်ပါပြီ။ ipad 2 ကို SG မှာ ရပါပြီ။ မနက​​်ဖြန်တော့ လူတွေ သွားပြီး တန်းစီကြပေမယ့် ဒီတစ်ခေါက်တော့ တန်းမသွားစီနိုင်တော့ဘူး။ ipad 2 တော့ အကြောင်းအမျိုးမျိုးကြောင့် မဝယ်ဖြစ်သေးဘူး။

မနက်ဖြန် ၁၀ နာရီ ဆိုင်တွေ ဖွင့်မှာဖြစ်ပြီး apple retail store မှာ သွား တန်းစီးလို့ရပါပြီဗျာ။

WWDC sold out within 12 hour

မနေ့ညက ၁ နာရီလောက်မှာ WWDC က June ၆ ရက်နေ့ဆိုပြီး mail ရောက်လာတယ်။ စျေးနှုန်းက $1599 ။ ရုံးက ပြင်သစ် ကတော့ သွားမယ်ဆိုပြီး ရုံးကိုတော့ ခွင့်တောင်းထားပေမယ့် ရုံးက မဆုံးဖြတ်ရသေးဘူး။ ဒီလိုနဲ့ မနက် ရုံးတက်တော့ WWDC က June ၆ ရက်နေ့နော် လို့ ပြောပြီး Google Reader ကနေ သတင်းဖတ်လိုက်တော့ လက်မှတ်ကုန်သွားပါပြီတဲ့။ ၁၂ နာရီ အတွင်း လက်မှတ် အကုန် ရောင်းကုန်သွားပါပြီတဲ့ဗျာ။ ရုံးက တစ်ယောက်တော့ ဒီနှစ် WWDC လွတ်သွားပြီ။
Continue reading

Xcode 4 is awesome

ဒီနေ့ည ပြန်ရောက်တော့ XCode 4 GM version download ချထားတာ သွင်းကြည့်တယ်။ တော်တော်မိုက်တယ်။ Xcode ၃ ထက် စာရင် UI က နည်းနည်း ပိုရှုပ်သွားတယ်။ သို့ပေမယ့် Interface Builder နဲ့ Xcode ကို ပေါင်းလိုက်တော့ ပိုပြီး ကြည့်ရတာ အဆင်ပြေတယ်။ သို့ပေမယ့် စစခြင်း သုံးတဲ့အခါမှာ Interface Builder ကို ဘယ်လို သုံးရမှန်း မသိလောက်အောင် ကို ဖြစ်သွားတယ်။

Code ရေးတဲ့ အပိုင်းမှာ ပိုအဆင်ပြေသွားတယ်။ အချို့ function တွေက deprecated function တွေ ဖြစ်ကုန်ပြီ။ အဲဒါကို XCode 4 မှာ သိသာအောင် ပြထားပေးတယ်။
Continue reading

magic mouse and me

ဗုဒ္ဓဟူးနေ့က Apple ကနေ magic mouse deliver ရောက်လာပါပြီ။ စစခြင်းရတုန်းက ဘယ်လို ဖွင့်ရမှန်းတောင် မသိဘူး။ ကျွန်တော်ကိုယ်တိုင်က manual မဖတ်ခင် ကိုယ်တိုင် စမ်းကြည့်ရတာ အကျင့်ဖြစ်နေလို့လားမသိ manual မဖတ်ဖြစ်ဘူး။ power ဖွင့်ပြီးတော့ macbook မှာလာပြီး detect မဖြစ်တော့ နည်းနည်းတောင် ကြောင်တောင် ဖြစ်သွားတယ်။ မရတော့ ဘာလုပ်လဲဆိုတော့ ရုံးက designer ကို လှမ်းမေးလိုက်တာပေါ့။ manual ဖတ်နေရင် ကြာနေအုံးမယ်လေ။ နောက်မှ bluetooth ကနေ browser device လုပ်ပြီး ခေါ်လိုက်မှ သိသွားတာကို။ ရုံးက Designer ကည်း magic mouse နဲ့ပဲ။ Continue reading

iTune Store US account

သူများတွေက US account card မရှိပဲနဲ့ လုပ်လို့မရဘူးဆိုလို့ ဒီနေ့ ကိုယ့်ဘာသာ ကိုယ် us account တစ်ခု စမ်းဖွင့်ကြည့်ချင်တယ်။ Google Earth ကလည်း US store မှာပဲ ရတယ်။ Ping လည်း US store အတွက်ပဲဆိုတော့ ကိုယ့်ဘာသာကိုယ် US account တစ်ခု ဖွင့်ကြည့်ရတာပေါ့။ အရင်ဆုံး free app တစ်ခုကို သွားဖို့လိုပါတယ်။ ဒီအတိုင်းဖွင့်ရင် card နံပတ်တောင်းပါလိမ့်မယ်။ ဒီတော့ skype app ကိုသွားလိုက်တယ်။ iTune ဖွင့်ထားရင် လက်ရှိ iTune store account ကို logout လုပ်ထားဖို့တော့ လိုတယ်။ Skye မှာ View in iTune ကို နှိပ်လိုက်ရင် iTune နဲ့ ပွင့်လာပါလိမ့်မယ်။

Continue reading