Bing ရဲ့Home Page မှာ ပုဂံ ဘုရားတွေနဲ့တွေ့လိုက်လို့ မှတ်တမ်းတင်တဲ့သဘောနဲ့ တင်ထားလိုက်တာပါ။
Tag Archives: Bagan
တော်တော်…တော်တဲ့ ဒို့မြန်မာ
အခုတလော မြန်မာ IP
203.81.166.27
က DDos နဲ့တိုက်ခိုက်ရုံသာမကဘူး အခြားသော တိုက်ခိုက်ခြင်းတွေနဲ့လည်း တိုက်ခိုက်တယ်။ Login ဝင်မရအောင်လုပ်တာတို့ database ကြောင်အောင်လုပ်တာတို့ပေါ့။ gridserver သုံးထားတဲ့အတွက် ပြသနာက အေးပါတယ်။ ဒါပေမယ့် database အတွက် တခြားနည်းလမ်း စဉ်းစားရမယ်။
virus မဟုတ်ပဲနဲ့ လူတွေကို နှောက်ယှက်အောင် တမင်လုပ်နေတာလဲ မြန်မာကပဲ။ ဒီ post ကို ဖတ်ကြည့်တာနဲ့ မြန်မာတွေကို တော်တော်စိတ်ကုန်တယ်။ အကျင့်တွေက တဖြည်းဖြည်းပျက်လာပြီ။ အခုက မြန်မာတွေ တော်တာမဟုတ်တော့ဘူး။ စိတ်ဓာတ်အောက်တန်းကျကုန်တာ။ ဘယ်နည်းနဲ့ ဖျက်လို့ရမလဲ။ အခုက ဘယ်လိုဒုက္ခပေးရမလဲပဲ စဉ်းစားနေကြတာ။ သူများ ဒုက္ခရောက်ရင် ပြီးရောဆိုပြီး ကစ်နေကြတာလားမသိဘူး။ မြန်မာနိုင်ငံမှာ လူတော်ထက် လူဆိုးတွေက တဖြည်းဖြည်းတိုးပွားလာတယ်။ အဲလိုဒုက္ခပေးလို့ ဘယ် company ကမှ အလုပ်ခေါ်မှာမဟုတ်ဘူး။ သူများကို မကောင်းကြံချင်တဲ့ကောင်က ခေါ်ချင်ခေါ်မှာပေါ့ဗျာ။ တော်တော်လေးကိုတော့ စိတ်ကုန်ဖို့ကောင်းလာပြီ။ သနားဖို့လည်းကောင်းတယ်။ သူတို့ သိတာ တတ်တာတွေကို ပညာလို့ ထင်နေတယ်။ အဲဒါပညာမဟုတ်ဘူးဆိုတာ သူတို့မသိရှာဘူး…
အထူးသဖြင့် 203.81.166.27 ဆိုတဲ့ IP ကို အလွှဲသုံးစားလုပ်တဲ့ကောင်ကို စိတ်မကောင်းဖြစ်မိတယ်။ ပညာမဟုတ်ပဲနဲ့ ပညာလို့ ထင်နေမိတာကို သနားလွန်းလို့ပါဗျာ။
ဆန်းတဲ့ connection
bagan connection ကတော့ တော်တော်လေးကို ဆိုးရွားနေတာပဲ.. Page တွေကြည့်ရတာ အသေကြာပါ့… မေးကြည့်တော့ server ပြင်နေလို့… ရေအောက် cable ပေါက်လို့… ဒါကြောင့်ပါတဲ့… အင်း.. ဟုတ်မှာပေါ့လေ… page ကြီးကတော့ တက်တာ ကြာပေမယ့် download နှုန်းကတော့ ပုံမှန်ပဲ… စမ်းတော့ ဆန်းတယ်နော်… server က download ချရင် ကောင်းပြီး Page ကြည့်ရင်တော့ မကောင်းဘူးဆိုတော့… ဟီး… ပြင်နေတဲ့ server ကြီးက မျက်နှာလိုက်တယ်နဲ့တူတယ်… အင်း.. ကျွန်တော်ပြောလိုက်မှ download connection ကြီးပါ နှေးသွားရင် ဒုက္ခ… စေတန်ဖွလို့ ဖြစ်တာဆိုပြီး ဝိုင်းပြောအုံးမယ်…
