Pirates of the Silicon Valley (1999)

ဒီ video အကြောင်းလေးရေးပြီးပြီလို့ထင်လို့ ပြန်ရှာကြည့်တာ ရှာမတွေ့တာနဲ့ ပြန်တင်လိုက်တယ်။ Computer သမားဆိုရင်တော့ အဲဒီ ကားကို ကြည့်ဖူးသင့်တယ်လို့ ထင်တယ်။ Windows ကို မွေးဖွားခဲ့တဲ့ Microsoft ဖြစ်လာပုံ နောက်ပြီး Mac ဆိုတာကို မွေးဖွေးပေးခဲ့တဲ့ Apple ဖြစ်လာပုံအပြင် Steve Job , Bill Gate အကြောင်းတွေပါ ပါဝင်တဲ့ ကားကောင်းလေးပါ။ ၁၀ နှစ်ကြာနေပြီဖြစ်ပေမယ့် ကားကောင်းလေးတော့ အမှန်ပဲ။ အခုချိန်ထိ ကြည့်လို့ကောင်းနေဆဲပဲ။ ကြည့်ဖူးတာကတော့ ကြာပါပြီ။ သူငယ်ချင်းတွေကိုလည်း ပေးခဲ့တယ်။ Computer သမား တော်တော်များများ ကြိုက်တဲ့ ကားလေးပါ။

pic

ရုပ်ရှင်ကားမှာ Steve Jobs နဲ့ Bill Gate ကို ယှဉ်ပြထားတယ်။ Steve Jobs က အရမ်းတော်တယ်။ ဒါပေမယ့် သူ့ စိတ်က အရမ်းဆတ်တယ်။ ပေါင်းသင်းဆက်ဆံရ ခက်တဲ့ လူမျိုးပဲ။ Bill Gate လည်းတော်တာပဲ။ ဒါပေမယ့် သူတော်တဲ့ပုံက Steve Jobs နဲ့မတူဘူး။ Steve Jobs က နည်းပညာပိုင်း ဖန်တီးတဲ့ idea တွေ ကောင်းတယ်။ Bill Gate က ဘယ်အချိန်မှာ ဘာလုပ်ရမယ်ဆိုတာ သိတယ်။ လိုချင်တာကိုလည်း ဘယ်လိုရအောင် လုပ်ရမယ်ဆိုတာ သိတယ်။ ရုပ်ရှင်ကားမှာ Steve Jobs တို့အဖွဲ့က Xerox ကနေ ခိုးချတယ်။ Bill Gate က Apple ကနေ ထပ် ခိုးချတယ်။ တစ်ကားလုံး ကြည့်လို့ ကောင်းတယ်။ အခု အချိန်လို computer ပေါ်လာတာ ဝုန်းဒုန်းကြီးပေါ်လာတာ မဟုတ်ဘူး။ တဆင့်ချင်းဆီ ဖြစ်လာတာကိုလည်း တွေ့ရတယ်။ ဇာတ်လမ်းထဲမှာ အဲဒီအချိန်ုတုန်းက IBM က တကယ့် ဆရာကြီး။ Bill Gate ကလည်း Steve Jobs ဖုန်းခေါ်ရင် ချက်ခြင်း ပြေးသွားရတဲ့ ဘဝ။ Steve Jobs ကလည်း IBM ကိုပဲတကယ့်ရန်သူလို့မှတ်ထားတဲ့ အချိန်။ computer သမားလို့ကိုယ့်ကို ယူဆ ထားရင်တော့ အဲဒီ ကားလေး ကြည့်သင့်တယ်။

အခြား ရုပ်ရှင်ကားတော့ မဟုတ်ပဲ Documentary ပုံစံလေး ရိုက်ထားတဲ့ ကားလေးတွေ ရှိသေးတယ်။

– Revolution OS

– Code Rush

– Go Open Source (Season 1 and 2)

Code Rush နဲ့ Go Open Source ကတော့ မကြည့်ရသေးဘူး။ Revolution OS ကတော့ ဒီ အပတ် weekend မှ ပဲကြည့်ဖြစ်တော့မယ်။

Evan Williams

Evan Williams

Evan Williams ကို 31 March 1972 နှင့် အမေရိကန် Nebraska တွင် မွေးဖွားသည်။ သူဟာ Internet Company များစွာကို တည်ထောင်ခဲ့သူတစ်ယောက် ဖြစ်သည်။

အလုပ်အကိုင်

Evan Williams နှင့် Meg Hourihan တို့ ပူးပေါင်းပြီး Pyra Labs ကို project management software အတွက် တည်ထောင်ခဲ့သည်။ အဲဒီဟာက blogger ဆိုတာကို ဖြစ်စေလာ စေမယ့် အကြောင်းပါပဲ။ Blogger ဟာ ပထမဆုံး web applications ဖြစ်ပြီး blog တွေ ဖန်တီးခြင်းနှင့် စီမံခြင်းတို့ ကို လုပ်နိုင်ပါတယ်။ Williams ဟာ blogger ဆိုတဲ့စကားလုံးကို တီထွင်ခဲ့ပြီး blog ဆိုတဲ့ စကားလုံးဟာ လူကြိုက်များပြီး အောင်မြင်ခဲ့ပါတယ်။ Pyra ဟာ Hourihan နဲ့ အခြား အလုပ်သမားများ ထွက်ခွာပြီးနောက် မနည်းရပ်တည်ခဲ့ရပါတယ်။ 17 February 2003 မှာတော့ Pyra ကို Google ဆီမှာ ရောင်းချခဲ့ပါတယ်။ သူဟာ Google ကနေ October 2004 တွင် ထွက်ခွာခဲ့ပြီး Odeo ကို ပူးပေါင်းပြီး တည်ထောင်ခဲ့ပါတယ်။ ၂၀၀၆ နောက်ပိုင်းမှာတော့ Obvious Corp (http://obvious.com) ကို Biz Stone နဲ့ အတူပူးပေါင်းတည်ထောင်ခဲ့တယ်။ Odeo က အရင်တုန်းက အလုပ်သမားတွေပါ ပါဝင်ပါတယ်။ Obvious Corp ဟာ Odeo Inc , Twitter အပြင် အခြား Willams စခဲတဲ့ project တွေကို ဝယ်ယူခဲ့ပါတယ် ။ Apirl 2007 မှာ Obvious Corp မှ Twitter က ခွဲပြီး ဆက်လုပ်ခဲ့ပါတယ်။ Sonic Mountain ဟာ Odeo ကို May 2007 တွင် ဝယ်ယူခဲ့ပါတယ်။ PC Magazine မှာ Evan Williams, Paul Bausch and Hourihan တို့ကို Blogger team ရဲ့ People of the Year (http://www.pcmag.com/article2/0,1759,1744185,00.asp) in 2004 လို့ ဖော်ပြခဲ့ပါတယ်။ Williams ဟာ Twitter မှာ 2008 တွင် CEO တာဝန်ကို twitter တီထွင်သူ Jack Dorsey မှ လွှဲယူခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ ချက်ခြင်းဆိုလို ပြည်တွင်း အသုံးပြုသူတွေ ကြည့်ရှုသူတွေ အမြောက်အများရရှိခဲ့ပါတယ်။

Read More…

Mark Zuckerberg


Mark Zuckerberg

Mark Zuckerberg ဟာ ၁၉၈၄ မေလ ၁၄ ရက်မှာ မွေးဖွားပါတယ်။ သူဟာ အမေရိကန် စွန့်ဦး စီးပွားရေးသမား ဖြစ်သလို programmer တစ်ယောက်လည်း ဖြစ်ပါတယ်။ သူ Harvard ကျောင်းသားဘဝက facebook ကို တည်ထောင်ခဲ့ပြီး computer science major က ကျောင်းသားတွေနဲ့ သူ့ အခန်းဖော် Dustin Moskovitz နဲ့ Chris Hughes တို့ အသုံးပြုခဲ့ကြပါတယ်။ Facebook ဟာ social networking site အဖြစ် တစ်ကမ္ဘာလုံးမှာ ရှိတဲ့ ကျောင်းသားတွေ ကြားမှာ ရေပန်းစား နာမည်ကြီးခဲ့ပါတယ်။ သူဟာ Facebook’s CEO အဖြစ်လုပ်ကိုင်နေပြီး facebook က မဖြစ်နိုင် မယုံကြည်လောက်အောင် သူ့ကို ချမ်းသာစေခဲ့တယ်။ Time Magazine က Zuckerberg ကို one of The World’s Most Influential People of 2008 အဖြစ်ထည့်သွင်း ဖော်ပြခဲ့ခြင်း ခံရပါတယ်။ Zuckerberg ဟာဆိုရင် Scientists & Thinkers category အောက်မှာ ရှိတဲ့ သူ့ရဲ့ web phenomenon, Facebook ကြောင့် ၁၀၁ ယောက်ထဲတွင် အဆင့် 52 ရရှိခဲ့ပါတယ်။

ဆက်လက်ဖတ်ရန်…

Jack Dorsey


Jack Dorsey

Jack_Dorsey-20080723

Jack Dorsey ဟာ အမေရိကုန် software architect နဲ့ စီးပွားရေး သမားတစ်ဦးဖြစ်ပြီး twitter ကို ဖန်တီးသူတစ်ယောက်အနေနဲ့ နာမည်ကျော်ကြားပါတယ်။ BusinessWeek ကတော့ သူ့ကို နည်းပညာပိုင်းမှာ အတော်ဆုံးနဲ့ အထက်မြက်ဆုံး လို့တောင် ခေါ်ဆိုပါတယ်။ MIT’s Technology Review က သူ့ကို TR35 လို့ နာမည်ပေးပါတယ်။ အဓိပ္ပာယ်ကတော့ outstanding innovator under the age of 35 ပါ။ အသက် ၃၅ နှစ်အောက် ထူးချွန်ထက်မြက်သူလို့ ခေါ်ဆိုပါတယ်။

အစောဆုံးအခြေအနေ

Jack Dorsey ဟာ St. Louis, Missouri တွင် ကြီးပြင်းခဲ့ပါတယ်။ သူအသက် ၁၄ နှစ်မှာတော့ သူဟာ dispatch routing ကို စိတ်ဝင်စားခဲ့ပါတယ်။ သူ့ရဲ့ Opens source အချို့ကို အငှားကား company တွေက အသုံးပြုခဲ့ကြပါတယ်။ သူဟာ dispathching မှာ programmer လုပ်ကိုင်နေပြီး နောက်ပိုင်းမှာတော့ California ကို ပြောင်းရွှေ့ခဲ့ပါတယ်။ 2000 ခုနှစ် Oakland မှာ Dorsery ဟာ dispatch couriers, taxis, and emergency services ကို web ပေါ်ကနေ စတင် ပေးခဲ့ပါတယ်။ အဲဒီတုန်းက သူ့အခြား project တွေနဲ့ idea ကတော့ medical devices networks တွေနဲ့ “frictionless service market” လုပ်ဖို့ပါ။ July 2000 မှာတော့ dispatching ကို Live Journal နဲ့ AOL instant messenger ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာအောင် ကြိုးစားခဲ့ပါတယ်။ သူ့ရဲ့ အဓိက idea ကတော့ real time status communcations လုပ်ဖို့ပါပဲ။ ပထမဆုံး Instant Messenger Implementation ကို မြင်တဲ့ အခါမှာ အံဩ သွားခဲ့ပါတယ်။ software ရဲ့ user status ဟာ သူငယ်ချင်းတွေကို လွယ်လွယ်ကူကူ shared လုပ်နိုင်တယ်ဆိုတာကို သူတွေ့ခဲ့ပါတယ်။ Dorsey နဲ့ Biz Stone ဟာ SMS text suite နဲ့ status message idea ကို လုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒါဟာ Twitter ရဲ့ prototype ကို ၂ ပတ်အတွင်း အပြီးဆောက်ခဲ့ပါတယ်။ အဲဒီ idea ဟာ Odeo မှာ ရှိတဲ့ user တွေကို စွဲဆောင်နိုင်ခဲ့ပြီးတော့ Evan Williams ကို ရင်းနှီးမြုပ်နှံအောင် စွဲဆောင်စေနိုင်ခဲ့တယ်။ Evan Williams ကတော့ Pyra Labs and Blogger ကို google ကို ရောင်းချခဲ့တဲ့ သူပါ။

Twitter, Inc

Dorsey, Stone and Williams တို့ဟာ ပူးပေါင်းပြီး Twitter ကို တည်ဆောင်ခဲ့ပါတယ်။ Dorsey ဟာ CEO ဖြစ် Twitter မှာ ဆောင်ရွက်ခဲ့ပြီးတော့ ၂၀၀၈ အောက်တိုဘာမှာ Williams ဟာ CEO တာဝန်ယူပြီးတော့ Dorsey ကတော့ chairman of board အဖြစ် ဆောင်ရွက်ပါတယ်။ Service တွေ အောင်မြင်ပြီး နာမည်ကျော်ကြားလာပါတယ်။ Dorsey ဟာ နာမည်ကျော်ကြားတာနဲ့ အပြင် ကုန်ကျစရိတ် သက်သာပြီး ဝင်ငွေပိုရအောင် စတင် ဖန်တီးရပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ twitter ဟာ ငွေတွေ အများကြီး ဝင်အောင် ဖန်တီးထားတာမဟုတ်တဲ့အတွက်ကြောင့်ပါ။ Dorsey ဟာ Twitter အတွက် API ထုတ်ပေးပြီးတော့ paid feature နဲ့ free feature ဆိုပြီး ၂ မျိုးထုတ်ခဲ့ပါတယ်။ သူ့ရဲ့ အခြေခံသဘောတရား ၃ ခုကတော့ which are shared by the whole company and through its culture, are simplicity, constraint and craftsmanship uptime as top priority.

Copy From

http://wiki.mysteryzillion.org/index.php?title=Jack_Dorsey