ဒီအပတ် အားရင် Design အသစ် ပြန်ရေးမယ်လို့ စဉ်းစားထားတယ်။ ဘာကြောင့်လဲဆိုတော့ CSS3 media queries ကို သဘောကျသွားလို့။ လက်ရှိ blog design က 960gs နဲ့ ရေးထားတော့ css3 media queries နဲ့ သုံးရင် သုံးလို့ ရပေမယ့် လုံးမဝ မလှပ မသေသပ်ဘူးဖြစ်နေတယ်။ WPTouch ကို မသုံးဘူးလားဆိုတော့ မသုံးချင်တော့ဘူး။ WPTouch လိုမျိုး force လုပ်ပြီးတော့ မတူညီတဲ့ Design ၂ မျိုးနဲ့ မပြချင်တော့ဘူး။ mobile site လည်း ဒီပုံစံပဲ မူရင်း site လည်း ဒီပုံမျိုးပဲ ပြချင်တယ်။ အရင်ကတည်းက အဲလိုမျိုး ဖန်တီးချင်ပေမယ့် theme ၂ ခု ဆွဲရမှာ ပျင်းနေတာကြောင့် မဆွဲဖြစ်ခဲ့ဘူး။ Google Reader မှာ သတင်းတွေ ဖတ်ရင်းနဲ့ catswhocode မှာ ရေးထားတဲ့ CSS3 media queries လေးတွေ့ပြီး စိတ်ဝင်စားသွားတယ်။ အရင်တုန်းက Smashing Magazine မှာ ရေးခဲ့ဖူးပေမယ့် မသိလိုက်ဘူး။
Continue reading
Tag Archives: blog
Posterous
ရန်ကုန်ကလူတွေတော့ Posterous ကို သုံးလို့ရမရ မသိဘူး။ Posterous က blogspot လိုမျိုး blog site တစ်ခုပါပဲ။ blog တွေကို လွယ်လွယ်ကူကူ ဖန်တီးလို့ရသလို လှပတဲ့ Theme တွေလည်း တော်တော်များပါတယ်။ Tumblr လိုမျိုး posterous Blog တွေကိုလည်း subscribe ( Follow ) လုပ်လို့လည်း ရပါတယ်။
Why posterous
Tumblr ဟာ blogpost ကို လွယ်လွယ်ကူကူနဲ့ တင်လို့ရပါတယ်။ နောက်ပြီးတော့ audio နဲ့ video တွေတင်ရတာ အရမ်းလွယ်ပါတယ်။ Posterous မှာ အကြိုက်ဆုံးအပိုင်းကတော့ blog ရေးသာထက် bookmarklet ပဲ။ ကိုယ်ကြိုက်တဲ့ website တွေကို လွယ်လွယ်ကူကူ bookmark လုပ်လို့ရအောင် ဖန်တီးပေးတာပါ။ ဥပမာ ကြည့်ချင်ရင်တော့ http://saturngod.pulsememe.com မှာ ကြည့်နိုင်ပါတယ်။ နောက်ပြီးတော့ email နဲ့ လွယ်လွယ် post တင်လို့ရပါတယ်။ iPhone အတွက် app ရှိပေမယ့် ipad အတွက်တော့ မရှိသေးပါ။
MZBlogNetwork on Flipboard
MZBlogNetwork ကို Flipboard နဲ့ စမ်းကြည့်ထားတာ။
Why blog ?
မနေ့တုန်း အစည်းအဝေးမှာ blog content တွေအကြောင်း ပြောတယ်။ company တစ်ခုရဲ့ blog content က အရေးပါသလို ငွေပေါင်းမြောက်မြားစွာ ရအောင်လည်း ဖန်တီးပေးနိုင်တယ်ဆိုတာလည်း သိလိုက်ရတယ်။ CMS နဲ့ blog က မတူပါဘူး။ ဆင်မယောင်နဲ့ ကွဲပြားပါတယ်။ CMS ဖြစ်တဲ့ joomla တို့ drupal တို့ နဲ့ blog engine ဖြစ်တဲ့ wordpress တို့နဲ့ ပုံစံ သွင်ပြင်ကွာပါတယ်။ အတော်များများက CMS နဲ့ blog မကွဲပြားကြဘူး။
Continue reading
Add Opensearch in blog
opensearch ဆိုတာကတော့ firefox မှာ အပေါ်ညာဘက်မှာ ပါတဲ့ searchbox လေးကို ပြောတာပါ။ အခု ကျွန်တော့် blog ကို တစ်ခါတည်း လာစရာမလိုပဲ ရှာလို့ရအောင် opensearch ထည့်ထားတယ်။ အဲဒီ ညာဘက် ထောင့်လေး လင်းနေတာကို တွေ့မယ်။
လုပ်ရတာလွယ်လွယ်လေးပါ။ အရင်ဆုံး notepad အရင်ဖွင့်ဖို့လိုတယ်။
opensearch.xml နဲ့သိမ်းလိုက်ပါ။
ပြီးရင်
Habari ကိုမသုံးသင့်သေး
ဒီရက်ပိုင်း habari ကို စမ်းသုံးဖြစ်တယ်။ ဆိုးတော့မဆိုးဘူးဗျ။ ဒါပေမယ့် ကျွန်တော်တို့တွေ အနေနဲ့ မသုံးသင့်သေးဘူး။ wordpress ကနေပြောင်းမယ်ဆို ပိုဆိုးပေါ့။ သူက wordpress နဲ့တော်တော်ဆင်တယ်။ ဒါပေမယ် ့category မပါဘူး။ နောက်ပြီး sidebar widget မပါဘူး။ sidebar ထည့်ရတာ တော်တော်ရှုပ်တယ်။ နောက်ပိုင်းတော့ အဆင်ပြေလာမှာပါ။ အခုတော့ သိပ်အဆင်မပြေသေးဘူး။ အကုန်လုံးကို AJAX နဲ့ သုံးထားတယ်။ 0.6 alpha မှာ menu က ပိုကောင်းလာတယ်။ GUI ပိုင်း idea က ပိုတိုးတက်လာတယ်။ ဒါပေမယ့် theme ပိုင်းမှာ sidebar ကို ကိုယ်တိုင်ထည့်ရတာ ဆိုးတယ်။ HTML နဲ့ php အခြေခံရှိမှ sidebar ထည့်လို့ရလိမ့်မယ်။ နောက်မို့ဆို ထည့်ဖို့ နည်းနည်းခက်ခဲလိမ့်မယ်။ မြန်မာနိုင်ငံမှာပဲ ဖြစ်ဖြစ် နိုင်ငံတကာမှာပဲ ဖြစ်ဖြစ် wordpress လို လွယ်လွယ်ကူကူsidebar တွေမှာထည့်လို့ရတာကိုပဲ သဘောကျမှာပါ။ ကိုယ်တိုင် code တွေကို ရှာဖွေပြီးထည့်ရမယ်ဆိုတာကတော့ သိပ်တော့မလွယ်ဘူးဗျ။ ဒါပေမယ့် Habari က နောင်တစ်ချိန်မှာ wordpress လိုအောင်မြင်တဲ့ blog software တစ်ခုဖြစ်လာမှာ သေချာပါတယ်
Second anniversary Saturngod Blog
နိုင်ဝင်ဘာလ ၈ ရက် ၂၀၀၆ ခုနှစ်တွင် ကွန်ပျူတာတက္ကသိုလ် ဟူသော post နဲ့ စတင်ခဲ့သော saturngod blog သည် ၂ နှစ် တိုင်တိုင်ပြည့်ခဲ့ပါပြီ။
ပထမဆုံး အကြိမ် တည်ထောင်ခြင်း
saturngod.blogspot.com ဖြစ် blog ကိုစတင်ရေးသားခဲ့သည်။ နည်းပညာနဲ့ UCSY အကြောင်းအဓိက ထားရေးသားခဲ့သည်။ အောက်တိုဘာ ၂၅ ရက် ၂၀၀၇ တွင် blogspot တွေ မြန်မာနိုင်ငံစတင်ပိတ်ပင်ပြီး saturngod.blogspot.com ပျောက်ပျယ်ခဲ့ရသည်။
ဒုတိယအကြိမ် တည်ထောင်ခြင်း
အောက်တိုဘာလ 27ရက်နေ့ ၂၀၀၇ တွင် saturngod.myseryzillion.org အဖြစ် wordpress ကို အသုံးပြုကာ တည်ဆောက်ခဲ့သည်။ ထို့နောက် mz hosting အပြောင်အလဲကြောင့် ဒုတိယအကြိမ် ပျက်သုန်းရပြန်ပြီ။ post တွေကတော့ 2007 September အထိသာ ကျန်ရစ်ခဲ့သည်။
တတိယအကြိမ် ပထမအပိုင်း တည်ထောင်ခြင်း
hosting ပြောင်းပြီးနောက် wordpress မှ drupal ကို ပြောင်းလဲခဲ့သည်။ ၂၀၀၇ ခုနှစ် စက်တင်ဘာ နောက်ပိုင်း data တွေကို မရရှိပဲ ၂၀၀၈ ခုနှစ် ဇန်နဝါရီမှ ပြန်လည်စတင်ကာ drupal နဲ့စတင်ရေးသားခဲ့သည်။ saturngod.mysteryzillion.org အနေနဲ့ပဲ ရေးသားခဲ့သည်။
တတိယအကြိမ် ဒုတိအပိုင်း တည်ထောင်ခြင်း
drupal သည် အဆင်ပြေမှုမရှိ။ wordpress 2.6 လောက် အဆင်ပြေခြင်းမရှိခဲ့သောကြောင့် ဇွန်လိုင်လ ၁၄ ရက်နေ့ ၂၀၀၈ ခုနှစ်တွင် drupal မှ wordpress 2.6 ကိုပြောင်းလဲခဲ့သည်။ MZ ကို webhosting မှ mediatemple hosting ကိုပြောင်းရွှေ့ခဲ့ပြီး saturngod.mysteryzillion.org လည်း ပျက်သုန်းရပြီသည်။
စတုတ္ထအကြိမ် တည်ထောင်ခြင်း
mediatemple hosting အပြောင်းအရွှေ့နဲ့အတူ saturngod.net ကို ဝယ်ယူကာ လက်ရှိ hosting တွင် တင်ထားကာ ဆက်လက်ရေးသားခဲ့သည်။ database backup များကို ကိုမင်းကျော်အကူအညီနဲ့ ခက်ခက်ခဲခဲပြန်လည်ရယူခဲ့သည်။ အောက်ဂုတ်လ ၂၂ ရက်နေ့တွင် www.saturngod.net အဖြစ်ပြန်လည် ပေါ်ပေါက်ခဲ့သည်။
My Blog Like a My notebook
အခုတော့ blog ရေးခြင်း အကျိုးတွေ ကျွန်တော်ခံစားနေရပြီ။ blog က အခုတော့ ကျွန်တော့်အတွက် မှတ်စု တစ်ခုလိုပဲ။ windows တစ်ခုပဲ ဖြစ်ဖြစ် Ubuntu တစ်ခုပဲဖြစ်ဖြစ် ပျောက်ဆုံးသွားတာတွေက မှတ်တော့မိတယ်။ စဉ်းစားလို့မရတော့ဘူးဆိုရင်တော့ ကိုယ့် BLOG မှာ ကိုယ်ရှာတယ်။ download ချမိတယ်။ ဒါကြောင့် နောက်ပိုင်း upload တင်ရင် နှစ်ခု သုံးခုလောက်တင်ပြီး post တွေမှာ ပေးထားတတ်တယ်။ ဒါမှ download ပြန်ဆွဲလို့လွယ်မှာလေ။
Continue reading