PHP Gtalk Bot လုပ်မလား

လွယ်ချက်ကတော့ ကမ်းကုန်ပဲ။ http://www.imified.com/ ကို register လုပ်။ bot create လုပ်။ ပြီးရင် PHP code တစ်ခုရေး။

<?php
echo $_REQUEST['msg'];
?>

အဲဒါဆိုရင် user ကရိုက်လိုက်တဲ့ဟာကို ရမယ်။ အဲဒါကို တနေရာမှာ host ထိုင်။ bot ရဲ့ address ကို အဲဒါပေးလိုက်။ ပြီးရင် gmail username နဲ့ password ထည့်။ active လုပ်။ ပြီးပြီ။ စိတ်ပျက်ဖို့ကောင်းလောက်အောင် လွယ်တာ။

External Link :

http://www.labnol.org/internet/tutorial-create-bot-for-gtalk-yahoo-messenger/4354/

mmsg at mysteryzillion dot com

ဒီနေ့ အောင်စည်သူကျော် က သူ့ရဲ့ gtalk bot beta အကြောင်း facebook မှာ ပြောရင်း PHP နဲ့ ရေးလို့ရမလား စမ်းရင်းနဲ့ ရေးဖြစ်သွားတာ။ အောင်စည်သူကျော်က facebook မှာ ဒီလိုရေးထားတယ်။

Add [email protected] to your gtalk friend list. Usage Example: SGD\MMK, USD\SGD ရိုက်သွင်းပါ။ type help to learn more about how to use. help ဟုရိုက်သွင်းပြီး အသုံးပြုပုံကို ကြည့်နိုင်ပါသည်။ GOLD ဟုရိုက်ထည့်ပြီး ရွှေစျေးကိုလည်း မေးနိုင်သည်။

သူက C# နဲ့ရေးထားတာ။ ဒါကြောင့် PHP နဲ့လည်း ရေးလို့ရမလားဆိုပြီးစမ်းကြည့်လိုက်တာ ပိုးစိုးပက်စက် လွယ်လွန်းလို့ဘယ်လိုရေးလဲဆိုတာ သိချင်ရင် googling သာလုပ်လိုက်တော့။ တကယ့်ကို ပိုးစိုးပက်စက် ပက်ပက်စက်စက်ကြီးကို လွယ်တာ။ feeling တောင် နည်းနည်းအောက်သွားလောက်အောင် လွယ်တာဗျ။ အခု mz ထိုင်ထားတဲ့ host မှာပဲ ထိုင်ထားတယ်။ စမ်းချင်ရင်တော့ mmsg{at}mysteryzillion.com ကို invite လုပ်ပြီး စမ်းနိုင်ပါတယ်။ data တွေကိုတော့ http://www.naungmon.co.cc ကနေ ရယူထားပါတယ်။ mmsg ဖြစ်သွားတာကတော့ အစက sg ပေါက်စျေးပဲ လုပ်မယ်ဆိုပြီး စမ်းပြီး အဲဒီ နာမည်ယူလိုက်တာကနေ ဖြစ်သွားတာပဲ။

Bot Cover Shield Source Code

ကျွန်တော့် လက်ရှိ blog မှာ အသုံးပြုထားတဲ့ code ပါ။ google bot တစ်ခုကိုပဲ allow လုပ်ထားတယ်။ wordpress မှာဆိုရင်တော့ အောက်က code ကို copy ကူးပြီးတော့ Apperance > Theme > header.php မှာ ထိပ်ဆုံးနေရာမှာ paste လုပ်လိုက်ရင် ရပါပြီ။

<?php
if(isset($_POST['submit_dos']))
{
setcookie("checkhuman", "process", time()+3600);
header("Location:".$_SERVER['HTTP_REFERER' ]);
}
function chkcookies()
{
if(isset($_COOKIE["checkhuman"]))
{
if($_COOKIE["checkhuman"]=="process")
{
return true;
}
else
{
return false;
}
}
else
{
return false;
}
}
if(! chkcookies())
{

$ip=$_SERVER['REMOTE_ADDR'];

if(($ip != "66.249.66.1") && ($ip != "66.249.65.133") && ($ip != "66.249.67.72") && ($ip != "66.249.72.137"))
{
echo "If you are human click ";
echo "<form action='index.php' method=post>";
echo "<input type='submit' value='here' name='submit_dos' /></form>";
exit();
}
}
?>

Bot Cover Shield

အခုတလော ကျွန်တော့် blog CPU usage မြင့်တက်နေတာနဲ့ ကိုယ့်ဘာသာကိုယ် bot cover shield ရေးလိုက်တယ်။ Theory အရတော့ bot တွေက cookies သိမ်းနိုင်စွမ်း မရှိဘူး။ ဒါပေမယ့် ကြံဖန်ပြီးရေးရင်တော့ ရမှာပေါ့။ ကျွန်တော့် blog ထဲကို bot ပေါင်းမြောက်မြားစွာ ဝင်နေတာကြောင့်လည်း CPU usage မြင့်တက်လာတာ ဖြစ်နိုင်တယ်။ ကျွန်တော်က search engine တော်တော်များများ သိအောင် လုပ်ထားတဲ့အတွက်ကြောင့် search engine တွေရဲ့ bot တွေကို အမြဲဝင်တယ်။ နောက်ပြီး သံသယ ရှိဖွယ် bot တွေလည်း ဝင်ရောက်တာ ရှိတဲ့အတွက်ကြောင့် Bot Cover Shield လေးကို လုပ်ထားလိုက်တယ်။ Google Bot ကိုပဲ allow ပေးထားတယ်။ သာမာန် user ဆိုရင်တော့ Submit button လေးကို click လုပ်လိုက်။ page ပြန်တက်လာရင် ဒီ button ကိုပဲ နှိပ်ခိုင်းရင်တော့ refresh တာ ချလိုက်ပါ။ cache ကြောင့် ဒီ page ပဲ ပြန်တက်လာတာပါ။ ဒါကြောင့် refresh ချလိုက်ရင် တက်လာမှာပါ။ ထွေထွေထူးထူး ရေးထားတာမဟုတ်ဘူးပါ။ cookies လေး မှတ်ထားရုံပါ။ session ပြောင်းမှတ်မလား စဉ်းစားပေမယ့် cookies က ပိုအဆင်ပြေတယ်ထင်လို့။ session သာ ပြောင်းမှတ်လိုက်မယ်ဆိုရင် နောက်တစ်ခေါက် ပိတ်ပြီး ပြန်ဝင်ရင် အဲဒီ cover shield က တက်လာမှာ မို့ပါ။