Saturngod » CMS
Why blog ?
မနေ့တုန်း အစည်းအဝေးမှာ blog content တွေအကြောင်း ပြောတယ်။ company တစ်ခုရဲ့ blog content က အရေးပါသလို ငွေပေါင်းမြောက်မြားစွာ ရအောင်လည်း ဖန်တီးပေးနိုင်တယ်ဆိုတာလည်း သိလိုက်ရတယ်။ CMS နဲ့ blog က မတူပါဘူး။ ဆင်မယောင်နဲ့ ကွဲပြားပါတယ်။ CMS ဖြစ်တဲ့ joomla တို့ drupal တို့ နဲ့ blog engine ဖြစ်တဲ့ wordpress တို့နဲ့ ပုံစံ သွင်ပြင်ကွာပါတယ်။ အတော်များများက CMS နဲ့ blog မကွဲပြားကြဘူး။
Content Management System
CMS ဆိုတာကတော့ content management system ဆိုတဲ့ content တွေကို အလေးပေးတဲ့ ပုံစံ design ပြုလုပ်ထားပါတယ်။ ဒါကြောင့် content တစ်ခုကို ပြင်တာ ဖျက်တာတို့ စတာတွေအတွက် roll တွေပါသလို permission တွေလည်း ပါလာတယ်။ လွန်ခဲ့တဲ့ ၃ နှစ် ၄ နှစ်လောက်တုန်းက CMS က အရမ်းခေတ်စားတဲ့ အချိန်လို့ ဆိုလို့ရမယ်။ site တော်တော်များများကလည်း CMS တွေ ပြောင်းလာခဲ့တယ်။ CMS က ကျွန်တော်တို့တွေအနေနဲ့ ဘယ်မှာ အသုံးများလဲဆိုတော့ company site တွေ အစိုးရဌာန site တွေမှာ အသုံးများတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အမြဲ update ဖြစ်နေမှာ မဟုတ်သလို အမြဲတန်းလည်း ၁ ပတ် ၁ခါ လောက်လည်း အသစ်တွေ ထွက်နေမှာမဟုတ်ဘူး။ တစ်ခါတစ်လေမှ အသစ်တွေ တင်တော့ အမြဲတန်း ပြင်နေဖို့ မလိုဘူး။ Content တွေက များနိုင်တဲ့အတွက် CMS က အဆင်ပြေပါတယ်။ နောက်ပြီး block structure ကိုလည်း အလေးထားတယ်။
Blog
Blog ဆိုတာကတော့ Blog ပေါ့ဗျာ။ WordPress 2.6 လောက်က စပြီး wordpress ကတော်တော်လေး ပေါက်လာတယ်။ အခုဆို site တော်တော်များများက CMS ထက် blog ကို ကူးပြောင်းလာပြီ။ Blog နဲ့ CMS အသုံးပြုတဲ့နေရာ အဓိက မတူတာကတော့ Blog ကအမြဲ update ဖြစ်နေတယ်။ နောက်ပြီး blog တွေမျာ block structure ထက်စာရင် content ကို ပိုအားပေးတယ်။ အဓိက design တည်ဆောက်ပုံကွာသေးတယ်။ Joomla နဲ့ တည်ဆောက်ထားတဲ့ site တွေက block structure ကို အဓိကထားတာကို တွေ့နိုင်ပြီး wordpress site တွေကတော့ sidebar လောက်သာ ပါဝင်ပြီး content တွေ အမြဲ update လုပ်တာကို အလေးထားတာကိုတွေ့နိုင်တယ်။ နောက်ပြီး သူက Roll တွေ အများကြီး မလိုဘူး။ author နဲ့ editor ပဲ လိုတယ်။
Why we need to write blog ?
Blog နဲ့CMS အကြောင်းပြောလိုက်တာနဲ့ ပြောမယ့်အကြောင်းတောင် ပျောက်သွားတယ်။ ကျွန်တော်တို့ ပုံမှန် personal blog မဟုတ်ပဲ company blog ဘာလို့ လိုလည်းဆိုတော့ client တွေက company အကြောင်းကို သိချင်ရင် အရင်ဆုံး website ကို ဝင်ကြမှာပဲ။ website ဆိုတာက website ဆိုတဲ့ အတိုင်း အကြောင်းအရာတွေလောက်ပဲပါမှာပေါ့။ အရင်တုန်းကဆို အဲဒါက လုံလောက်ပေမယ့် အခုအချိန်မှာတော့ company’s blog ဟာ အရေးပါလာပြီ။ project တစ်ခုကို ရဖို့ လူ ၅ ယောက်လောက်ပြိုင်ပြီး fight ရတာ။ ဒီတော့ ကိုယ့် company blog ကို client က ကြည့်လိုက်ရုံနဲ့ developer တွေရဲ့ skill တွေကို သိသွားနိုင်ရမယ်။ designer တွေရဲ့ skill တွေကို သိနိုင်ရမယ်။ နောက်ပြီး company မှာရှိတဲ့သူတွေရဲ့ knowledge ကို ဖော်ပြပေးတာလည်း ဖြစ်နေရမယ်။ နောက်တချက်က SEO ပဲ။ content တွေ များလာရင် search engine မှာ ရှာလို့ တွေ့လာနိုင်မယ်။ ဒါဟာ ကြော်ငြာပြီးသားလည်း ဖြစ်တယ်။ ပြောသွားတာတွေကတော့ အများကြီးပဲ မှတ်မိသလောက်ပဲ ပြန်ရေးချထားတာ။ ဘာပဲပြောပြော ပညာတစ်ခုတော့ ရလိုက်တာပေါ့။ ရန်ကုန်က company မှာတော့ company’s blog ရယ်လို့ ထားတာတော့ သိပ်မတွေ့ရဘူး။ client တွေကလည်း website ကို ကြည့်တဲ့ ပုံလည်း မပေါ်ပါဘူး။ ကဲ…. ထားပါ။ နောက်ပြီးတော့ blog content တွေကို ဘယ်လိုရေးရမယ်။ ဘယ်လို ရေးသင့်တယ်ဆိုတာလည်း သိလိုက်ရတယ်။
WordPress beyond the Blog
WordPress ကို အများစုက Blog လုပ်တဲ့ script အနေနဲ့ပဲသိကြပါတယ်။ WordPress က blog တစ်ခုထပ်ပိုပါတယ်။ ကျွန်တော်တို့တွေ wordpress ကို အသုံးပြုပြီးတော့ အများကြီး ဖန်တီးလို့ရတယ်။ WordPress မှာ မြောက်များလှတဲ့ Plugins တွေ ကောင်းမွန်လှတဲ့ supporting တွေ ရှိပါတယ်။ WordPress ကို အသုံးပြုပြီး ကျွန်တော်တို့တွေ ဘာတွေ လုပ်နိုင်လဲဆိုတော့
၁။ Social Network
၂။ Showcase ( Photo, Video, any other showcase )
၃။ Website (CMS)
၄။ e-Commerce
အပြင် အခြား အများကြီး လုပ်လို့ရပါသေးတယ်။ WordPress ကိုလည်း ကိုယ်ရေးထားတဲ့ Site နဲ့လည်း လွယ်လွယ်ကူကူ Integrate လုပ်နိုင်ပါတယ်။ နောက်ထပ် ကောင်းမွန်တဲ့အချက်က Plugins တွေ ရေးလို့ရတယ်။ Theme တွေ ရေးလို့ရတယ်။ အဲဒီအတွက်ကတော့ PHP နဲ့ Web Essential ပိုင်းကိုတော့ မဖြစ်မနေ သိဖို့ လိုတယ်။
WordPress တစ်ခုလုံးမှာ တကယ်အဓိက အပိုင်းက template ပါ။ Template ပုံစံကတင် CMS လား Blog လားကို ခွဲထုတ်ပေးတာပါ။ Template ကပဲ Showcase site ပုံစံပြောင်းပေးတာပါ။ e-Commerce လိုမျိုး site ကလည်း template နဲ့ plugins ကို အသုံးပြုရပြန်ကော။ Social Network အတွက် Layer တစ်ခုဖြစ်တဲ့ buddypress ကို အသုံးပြုနိုင်တယ်။ Forum နဲ့တွဲချင်ရင်လည်း bbpress ဆိုတဲ့ forum နဲ့ လွယ်ကူစွာ တွဲသုံးလို့ရတယ်။ အခြား Forum တွေနဲ့ bridge တွေရှိတတ်ပါတယ်။ တကယ်လို့မရှိဘူးဆိုရင်လည်း ကိုယ်တိုင်ပြန်ရေးနိုင်ပြီး WordPress ရဲ့core function တွေကို ယူသုံးလို့ရပါတယ်။
Plugins တွေ ဘယ်က ရမလဲ
Plugins ပေါင်း ၈၀၀၀ နီးပါး ရှိပြီး နေ့စဉ် plugins အသစ်တွေ တင်နေတာကတော့ http://wordpress.org/extend/plugins/ မှာပါ။ Plugins တော်တော်များများက ရိိှနေတတ်ပါတယ်။ ဒါကြောင့် အရင်ရှာကြည့်လိုက်ပါ။ WordPress ကိုယ်တိုင်က Plugins တစ်ခုမရေးခင် အရင်ရှာကြည့်ဖို့ request လုပ်ထားပါတယ်။ လိုအပ်တဲ့ plugins တော်တော်များများ ၇ိှပြီးသားပါ။
Plugins တွေက ဘာလုပ်ပေးနိုင်လဲ
Plugins က လိုအပ်တာတွေ ဖြည့်ပေးနိုင်တယ်။ ဥပမာ Gallery , Syntax Highlighting အပြင် တော်တော်များများကို ဖြည့်ဆည်းပေးနိုင်ပါတယ်။ WordPress သမာရိုးကျက ရိုးရှင်းတဲ့ Blog အတွက်ပဲ ဖြစ်ပေမယ့် Plugins တွေကို အသုံးပြုပြီး သီချင်းတွေထည့်တာ Picture Gallery တွေ လုပ်တာ Video Gallery တွေလုပ်တာ စတာတွေကို ကိုယ့် Post တွေထဲမှာ ထည့်သွင်းလာနိုင်မှာပါ။ Plugins တွေကအများကြီးဖြစ်ပြီး ကိုယ်ဘာလုပ်ချင်လဲပေါ်မှာ မူတည်ပြီး ဖန်တီးယူရုံပါပ၊
Plugins ဘယ်လိုရေးမလဲ
http://codex.wordpress.org/Writing_a_Plugin မှာ သေသေချာချာ ရေးပေးထားပါတယ်။ နည်းနည်းတော့ ရှုပ်ပေမယ့် တကယ်လုပ်ရင်တော့ ရသွားမှာပါ။
Theme ဆိုတာ
Theme ဆိုတာကတော့ ကိုယ့် site ရဲ့ skins ပေါ့။ တနည်းပြောရင် Design ပေါ့။ site တစ်ခုလုံး ပုံစံကို Theme က အဓိက ပုံပေါ်ပေးတာပါ။ ဥပမာ Jquery Slideshow တွေ ထည့်တာ နောက်ပြီး macforus.com မှာလို ပုံတွေမှာ အမြဲ ဘယ်ဘက်မှာ icon လေးတွေ ပါနေတာ စတာတွေပေါ့။ Post တင်တဲ့နေရာရဲ့ အောက်မှာ Custom Fields ဆိုတာ ပါပါတယ်။ အဲဒါက Template နဲ့ တွဲသုံးဖို့အတွက်ပေါ့။ Template ဆိုတာက Archive template, Page Template, Single Template စတာတွေပေါ့။ Theme က ကိုယ့် site က ဘာ site လဲဆိုတာကို ဖန်တီးပေးသွားတာပါ။ CMS ဆိုရင် CMS Theme ကို အသုံးပြုလိုက်ရုံပါပဲ။
Theme တွေ ဘယ်ကရမလဲ
http://wordpress.org/extend/themes/ မှာရှိပေမယ့် google ကနေ ရှာလိုက်တာ ပိုသင့်တောပါတယ်။ Theme တွေအများကြီးရှိပါတယ်။
Theme တွေ ဘယ်လိုရေးမလဲ
http://codex.wordpress.org/Main_Page မှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။ Theme ရေးမယ်ဆိုရင် template tag တွေကို သိထားဖို့ လိုပါတယ်။
Integrate with your own PHP site
http://codex.wordpress.org/Integrating_WordPress_with_Your_Website မှာ ကြည့်လိုက်ရုံပါပဲ။ wp-blog-header.php ကိုလှမ်းခေါ်ပြီး wordpress template tag တွေ ခေါ်သုံးလို့ရပါပြီ။
WordPress ဟာ Blog တစ်ခုဆိုတာထက် ပိုပါတယ်။ ပြည့်စုံကောင်းမွန်တဲ့ community နဲ့ forum ရှိပါတယ်။ http://wordpress.org/support/ မှာ WordPress နဲ့ ပတ်သက်ပြီး မသိတာတွေ မေးလို့ရပါတယ်။ WordPress မှာ အဆင်မပြေတာ တစ်ခုကတော့ User Level တွေအများကြီး မပါဝင်တာပါပဲ။ User Level တွေ Permission တွေ လိုသလို ထပ်ခွဲလို့မရတာကတော့ အချို့ ကိစ္စတွေမှာ အခက်ကြုံရတတ်ပါတယ်။
WordPress , Drupal , Google Apps API
အခုတလော WordPress , Drupal , Google Apps API တွေနဲ့ ပဲ ရှုပ်နေတာပဲ။
WordPress
wordpress ကတော့ ပြဿနာမရှိဘူး။ ဒါပေမယ့် လုပ်လိုက်တော့ ပိုသဘောကျပြီး ပိုလုပ်တတ်သွားတယ်။ wordpress customization တစ်ခုလုံးက template ကစားသွားတာပဲ။လိုအပ်တဲ့ plugins တွေ ထပ်ရေးနေတာထက် template လေး တစ်ခုဆောက်တာက ပိုပြီး ထိရောက်မြန်ဆန်တယ်။ template လေးကစားသွားလိုက်ရုံနဲ့ တော်တော်လေးကို ထိထိရောက်ရောက် ဖြစ်သွားတာပဲ။ wordpress မှာလည်း သူ့ function တွေ ခေါ်ယူပြီးတော့ စိတ်ကြိုက်ပြုပြင်လို့ရတာတော့ တော်တော်မိုက်တယ်။ function တွေလည်း ပြည့်ပြည့်စုံစုံပေးထားတော့ အဆင်ပြေတယ်။ ဟိုတစ်ခါက MZ မှာ emo မေးထားဘူးတယ်။ wordpress က page နောက်တစ်ခုအတွက် template ပုံစံပြောင်းလို့မရဘူးတဲ့။ အဲဒါတော့ ဟုတ်ပါတယ်။ ဟုတ်လည်း မဟုတ်ပြန်ဘူး။ ကိုယ့်ဘာသာကိုယ် template page တစ်ခု ထပ်ဖြည့်လိုက်ပြီး လိုအပ်တဲ့ ပုံစံပြောင်းလို့ရတယ်။ ကိုယ်လိုချင်တဲ့ file တွေကိုလည်း include တွေနဲ့ ထပ်ဖြည့်လိုက်ပြီး လိုသလို ပြောင်းလို့ရပါတယ်။ ရေးရတာလည်း မခက်ပါဘူး။
Template Name: Snarfer
ဆိုရင် template တစ်ခုဖြစ်သွားပြီး ကိုယ်လိုသလို page မှာ ခေါ်ပြီး ပြောင်းလဲရေးလို့ရပါတယ်။ codex မှာ အပြည့်အစုံ ရှိပါတယ်။ WordPress ကိုတော့ အရင် ကတည်းက crazy ဆိုတော့ wordpress ပိုင်းလုပ်ရတာ သိပ်ခက်ခဲလှတယ်မဟုတ်ဘူး။ အားရင်တော့ plugins လေးတစ်ခု ထပ်စမ်းရေးကြည့်အုံးမယ်။ admin panel setting ပါတဲ့ plugins မရေးဘူးသေးဘူးဆိုတော့ အဲဒါလေး စမ်းကြည့်မယ်။ ဘယ်လိုရေးရမလဲဆိုတာ စာတွေ့ပဲရှိတယ်။ အခြား admin panel setting မပါတာတွေတော့ ရေးဘူးတယ်။
Drupal
အရင်ကတည်းက မကြိုက်။ အခုတော့ ပိုဆိုးပေါ့။ Drupal အစစ်ကြီးဆိုလည်းထားလိုက်။ အခုက သူက ကျွန်တော်တို့wordpress မှာ လုပ်သလို template ကစားထားတာကို ပြန်ပြင်နေရတာ။ လုပ်သွားတဲ့သူက Drupal ကို တော်တော်လေး ကျွမ်းကျင်တယ်။ Admin Panel တစ်ခုလုံးလည်း ပြောင်းချသွားတယ်။ ကိုယ်ပိုင် module တွေလည်း ထပ်ဖြည့်သွားတော့ ဘယ်ဟာကို ဘယ်မှာ ပြင်ရမှန်းမသိပဲ ဖြစ်ကုန်ရော။ online မှာလည်း ရှာမရနဲ့။ ဒီလိုပဲ စမ်းတဝါးဝါးနဲ့ လုပ်ရင်း တော်တော်အဆင်ပြေလာတာပဲ။ Drupal လည်း တော်တော်ကောင်းတယ်။ သူ့ကို ကျွမ်းကျင်ရင် တော်တော်လေးကို လုပ်လို့ရတာပဲ။ စိတ်ကြိုက် ဖန်တီးလို့ရတယ်။ သူလည်း wordpress လိုမျိုးပဲ။ သူက wordpress ထက်သာတဲ့ အပိုင်းတွေ အများကြီးပဲ။ သူက ကောင်းပေမယ့် ရှုပ်လွန်းတယ်။ function တွေ များတော့ GUI လည်း ရှုပ်ကုန်ကော။ သူ့ရဲ့ သဘောတရားနားမလည်လို့လား မသိဘူး။ သူက နည်းနည်းရှုပ်ထွေးတယ်။ CMS သဘောတရားကို အပြည့်အဝသုံးထားပြီး block တွေဘာတွေနဲ့ စနစ်တကျတော့ ရှိတယ်။ wordpress က CMS လုံးလုံးကို မဟုတ်ပေမယ့် လုပ်ကြံပြီး အမြင်မှာ CMS ထင်အောင် တော့ ဖန်တီးနိုင်တယ်လေ။
Google Apps API
ခေါင်းအစားဆုံး အပိုင်းပဲ။ Zend အတွက်ပဲ support ရှိတယ်။ Zend framework မသုံးပဲ Zend Library အပြည့်အဝ သုံးလိုက်ရင်တော့ ရတယ်။ ဒါပေမယ့် Domain share contact က .NET အတွက်ရှိတယ်။ python အတွက်ရှိတယ်။ PHP Native အတွက် မရှိပြန်ဘူး။ Protocol သုံးရင်တော့ အကောင်းဆုံးဆိုပြီး သုံးဖို့လုပ်ပြန်ကော။ oAuth , AuthSub တွေကတော့ PHP Native နဲ့ အဆင်မပြေပြန်ဘူး။ oAuth က သီးသန့် ထပ်သွင်းရအုံးမယ်။ oAuth သွင်းဖို့အတွက်ကလည်း အထက်ကို report လုပ်ရအုံးမယ်။ ဒါတောင် စမ်းဖို့။ အချိန်ကလည်း သိပ်မရတော့ နောက်ဆုံး python ကို background ထားပြီး PHP နဲ့ front end လုပ်ပလိုက်တယ်။ Domain share contact ကလည်း 24 hours ကြာတယ်။ contact ထဲကို ဝင်ဖို့ အဲလောက်တောင် စောင့်ရတယ်။ လူတွေကလည်း သိတဲ့အတိုင်း အခုထည့် အခုမြင်လိုချင်ကြတာ။ ဒါပေမယ့် domain share contact က မရတော့လည်း ဘယ်တတ်နိုင်မလဲ။ export ကလည်း တစ်ခါတစ်လေ မထွက်။
Google Map API လုပ်ထားတာတော်တော်ကောင်းသလောက် google apps api လုပ်ထားတာကို သိပ်သဘောမကျဘူး။ လူအသုံးများတာကို support မလုပ်ပဲ အဆင့်တွေ အများကြီးနဲ့ ရှုပ်နေတယ်လို့ ထင်တာပဲ။ facebook connect လိုမျိုး api ဆိုလည်း တော်တော်လေးကောင်းတယ်။ ရိုးတယ်။ ရှင်းတယ်။ လွယ်တယ်။ Google Apps Engine ကတော့ java နဲ့ python ပဲ။ Google Apps အဖွဲ့တစ်ခုလုံးက အဓိက python ပဲ သုံးတယ်ထင်တယ်။ PHP ပိုင်းကို သီးသန့် library မထုတ်ပေးဘူး။ Zend နဲ့ တွဲထုတ်ပေးတော့ ဆင်ဖိုးထက် ချွန်းဖိုးက ပိုဆိုးဖြစ်နေတာပေါ့။ လုပ်ချင်တာက သေးသေးလေး။ အဲဒီအတွက် Zend Framework ကြီးပါ upload တင်ရတာ အလကား အလုပ်ရှုပ်တာပဲ။
ဘာပဲပြောပြော oAuth, AuthSub တွေတော့ ဖတ်ဖြစ်လိုက်တယ်။ လက်တွေ့တော့ အခုထက်ထိ စမ်းတာ အဆင်မပြေသေးဘူး။
ကိုသက်ထွေးနဲ့ စကားစမြည်
ကိုသက်ထွေးက www.books-hive.com ကိုရေးထားတဲ့သူပါ။ facebook မှာ သူနဲ့ opensoure scripts တွေနဲ့ paid scripts တွေအကြောင်ဆွေးနွေးဖြစ်ခဲ့တာလေးတွေကို မြန်မာပြန်ပြီး ဖော်ပြလိုက်ပါတယ်။
Saturngod: တစ်ခါတစ်လေ ကျွန်တော် စဉ်းစားမိတယ်ဗျ။ ကျွန်တော် help desk မှာ ပိုက်ဆံမရပဲ အလုပ်လုပ်နေရသလိုပဲ။ ကျွန်တော် free ပေးတဲ့ prdouct တွေကို သူတို့တွေအတွက် မလုံလောက်သေးပဲ help desk ပါလိုချင်ကြတယ်ဗျ။ အဲဒါကို လုပ်ရတာ အရမ်းစိတ်ညစ်တယ်။ ကျွန်တော် helpdesk မှာ အလုပ်လုပ်နေတာမဟုတ်သလို ကျွန်တော် အခမဲ့မျှဝေနေတာပါ။ အချို့ဟာလေးတွေက သူတို့ သေချာဖတ်ရင် နားလည်မှာပါ။ ဒါမှမဟုတ် google မှာ ရှာလိုက်ရင်လည်း ရနိုင်ပါတယ်။ အများစုကတော့ ပထအကြိမ်မရရင် လက်လျှော့ပြီး မေးတတ်ကြတယ်ဗျ။ ဒုတိယအကြိမ် ဘာလို့ မစမ်းကြည့်တာလဲတော့ မသိဘူး။ ဒါမှမဟုတ် သေသေချာချာ ဖတ်ပြီး နောက်တကြိမ်စမ်းကြည့်သင့်တယ်။ အချို့ဟာတွေကတော့ google မှာ ရှာလို့ ရနိုင်တာပဲဗျ။ Google မှာ ရှာပြီး ပင်ပင်ပန်းပန်း ဖတ်ရမှာ ကြောက်ကြတယ်နဲ့ တူတယ်။
သက်ထွေးအောင် : ဒါက မြန်မာတွေမှ မဟုတ်ဘူးဗျ။ လူတွေရဲ့သဘာဝပဲ။ အခြားနိုင်ငံတွေက လူတွေလည်း ဒီလိုပါပဲဗျာ။ အဲဒါကို scripting release forum တွေမှာ တွေ့မှာပါ။ အင်း.. ဒါကလည်း opensoure ပေးချင်ရဲ့ သဘာဝပဲဗျ။ တကယ်လို့ မကြိုက်ဘူးဆိုရင် release မလုပ်နဲ့ ဒါမှမဟုတ် ပြန်မဖြေနဲ့ပေါ့ဗျ။
Saturngod: ကျွန်တော်က ဒီလိုစဉ်းစားမိတယ်ဗျ။ တကယ်လို့ သူကိုယ်တိုင် သေသေချာချာ မဖတ်လို့မသိတာဆိုရင်တော့ သေချာပြန်ဖတ် ၊google မှာ ရှာလို့တွေ့တာဆိုရင် google မှာ ရှာ အဲလောက်ပဲ ဖြေတော့မယ်ဗျာ။ အဲဒါက သူ့အတွက်ကော့ ကျွန်တော့် အတွက်ကော ကောင်းတယ်။ စကားမဆပ်ဗျာ… ကျွန်တော့် blog အတွက်တော့ ခေါင်းစဉ်တစ်ခုရသွားပြီ။ One bad natures of opensource ဆိုပြီးတော့။
သက်ထွေးအောင် : opensource က quality ကောင်းကောင်းလေးတွေ ထွက်တယ်ဗျ။ paid script  တော်တော်များများက သုံးစားမရပါဘူးဗျာ။
Saturngod: paid script တွေ customer support ကောင်းတယ်ဗျ။ နောက်ပြီးတော့ security fixed က အမြဲထွက်တယ်ဗျ။ opensource တွေက security fixed က မြန်မြန်မထွက်ဘူးဗျာ။ နောက်ပြီး ကျွန်တော်တို့တွေ ကိုယ့်ဘာသာကိုယ် google မှာ ရှာပြီး fix လုပ်နေရတယ်။ အဲဒါတွေအပြင် security issues တွေကိုလည်း အမြဲစောင့်ကြည့်နေရတယ်။ Paid Script တွေက စောင့်နေစရာမလိုဘူး။ သူတို့က email ပို့ပေးတယ်။ ပြီးရင် download ချလိုက်ရုံပဲဗျ။
သက်ထွေးအောင် : အဲဒါကတော့ supplier ပေါ်မှာ မူတည်တယ်ဗျ။ တကယ်လို့ supplier က Vbulletin, IPB တို့ဆိုရင်တော့ ဟုတ်တာပေါ့။ သူတို့တွေက မြန်မှာပေါ့ဗျာ။ သူတို့မှာ customer တွေအများကြီးရှိတာကို။ အခြား customer နည်းနည်းပဲရှိတဲ့ paid တွေကတော့ အဲလို မြန်မြန် မထုတ်ပေးနိုင်ပါဘူးဗျာ။ opensource က အရမ်းကောင်းတဲ့ community ရှိတယ်ဗျ။ google မှာ သွားရှာနေဖို့ မလိုပါဘူးဗျာ။ forum မှာ မေးလိုက်တာနဲ့ အဖြေအဆင့်သင့်ရှိပြီးသားပါ။ paid တွေအတိုင်းပါပဲ။ အဲဒါက paid apps တွေထက် ပိုပြီး မြန်ဆန်တဲ့ customer service တွေရှိပါသေးတယ်ဗျာ။
Saturngod: ကျွန်တော်တို့ ဘာလို့ customer နည်းနည်းပဲရှိတာကို ရွေးမှာလဲဗျာ။ ကျွန်တော်ကတော့ အရင်ဆုံး customer support ကို ကြည့်တယ်။ ပြီးရင် security issues ကိုကြည့်တယ်။ ပိုက်ဆံမပေးခင်တော့ အများကြီးကို သေချာဖတ်ရတယ်ဗျ။ Opensoure တွေဆိုရင် အဲဒါတွေ မလိုဘူး။ Download ချပြီးရင် စမ်းကြည့်။ မကြိုက်ရင် မသုံးနဲ့။ ကြိုက်ရင် သုံးမယ်။ အဲဒါကတော့ opensource က paid script တွေထက် ကောင်းတဲ့အချက်တစ်ချက်ပဲဗျ။
သက်ထွေးအောင်: အချို့ paid script တွေက customers တွေ အများကြီးရှိတယ်ဗျ။ ကျွန်တော်တို့ တစ်ခုလောက် နှိုင်းယှဉ်ကြည့်ရအောင် paid script blog ကို တစ်ခုကို ကျွန်တော်လိုချင်တယ်။ ပိုက်ဆံပေးစရာမလိုတဲ့ wordpress ကို ကောင်းကောင်းယှဉ်နိုင်ရမယ်။
Saturngod: အဲဒါ အမှန်ပဲဗျာ။ ဘယ်သူက wordpress ကို ယှဉ်နိုင်မှာလဲဗျ။ ဒါမေယ့် wordpress မှာ preminum template တွေ plugins တွေ အများကြီးရှိတယ်ဗျ။ တက်လို့ WordPress MU ကို သုံးမယ်လို့ ဆုံးဖြတ်လိုက်ရင်တော့ ကျွန်တော်တို့တွေ MU support
site ကောင်းကောင်းတွေထဲက တစ်ခုမှာတော့ preminum member ဖြစ်နေဖို့လိုတယ်ဗျ။ MU မှာက free plugins တွေ အများကြီးမရှိဘူး။ နောက်ပြီး free plugins တွေ တော်တော်များများကလည်း customer အတွက် စိတ်မကျေနပ်စေနိုင်ဘူးဗျ။ တစ်ခါတစ်လေ ကျွန်တော်တို့တွေ preminum plugins တွေ တစ်ခါတစ်လေ ယူသုံးရတာတွေ ရှိတယ်။ ကိုယ့်ဘာသာကိုယ်ရေးရင်တော့ ရတာပေါ့ဗျာ။ ဒါပေမယ့် အချိန်ကုန်တာပေါ့။ WordPress ကတော့ တကယ့်ကို ကောင်းတဲ့ blog engine ပဲဗျ။ ကျွန်တော်တို့ CMS လိုလည်း သုံးလို့ရတယ်။ ကျေးဇူးတင်တယ် ကိုသက်ထွေးရေ… ဒီအကြောင်းလေးတွေကို ကျွန်တော့် blog မှာ ပြန်ရေးခွင့်ပြုပါဗျာ။ idea လေးတွေ က အရမ်းကောင်းတော့ ကျွန်တော့် blog မှာ ပြန်ပြီး ရေးချင်လို့။
သက်ထွေးအောင်: ကိစ္စမရှိပါဘူးဗျာ။ ကျွန်တော်ထင်တာကတော့ ကျွန်တော်တို့ ရွေးချယ်မှုပေါ်မှာပဲ မူတည်တယ်ဗျ။ ကိုစေတန်က vbulletin ကို MZ စကတည်းက ရွေးချယ်ခဲ့တာပါ။ vbulletin နဲ့phpbb3 က သိပ်အကွာကြီးတော့ မဟုတ်ဘူး။ PHPBB3 မှာ အရမ်းကောင်းတဲ့ support ရှိတယ်ဗျ။ ကျွန်တော့်အတွက်တော့ Vbulletin ထက် PHPBB3 က ပိုပေါ့သလိုပဲ။
Saturngod: အမှန်ပဲဗျို့။ ကျွန်တော်တို့ ရွေးချယ်မှုပေါ်မှာ မူတည်ပြီး ကျွန်တော်တို့ ရည်ရွယ်ချက်ပေါ်မှာပဲ မူတည်တယ်ဗျ။ ကျွန်တော်လည်း opensources ကို ကြိုက်ပါတယ်။ ကျွန်တော် အမြဲတန်း စလုပ်ကာစလူတွေကို SMF ဒါမှမဟုတ် Phpbb သုံးဖို့ ပြောပါတယ်။ ဒါပေမယ့်လည်း ကျွန်တော် Vbuletin ကို ကြိုက်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ပိုက်ဆံပေးထားရလို့ပါ။ နောက်ပြီး အခြား foum တစ်ခုကို ပြောင်းဖို့ မလွယ်ဘူးဗျ။ Database က အရမ်းကြီးနေပြီး ပြောင်းဖို့ အတွက် အချိန်အများကြီးပေး၇မယ်။ အခုထက်ထိ Latin database ပဲ သုံးနေတယ်ဗျာ။ Vbulletin က UTF-8 ကို ကောင်းကောင်း support မလုပ်ဘူး။ ကျွန်တော့်ရဲ့UTF-8 converter နဲ့ database ကို UTF-8 ပြောင်းဖို့ ကြိုးစားတာ ၄ နာရီကျော်တာတောင် မပြီးတဲ့အတွက် လက်လျော့လိုက်ရတယ်။ Database က အရမ်းကြီးနေတဲ့အတွက် UTF-8 ပြောင်းတာ လွယ်လွယ်နဲ့ ပြောင်လို့မရဘူးဗျ။ နောက်ပြီး အခြား opensource ကိုပြောင်းကို ပြောင်းဖို့ အချိန်လိုသေးတယ်။ ဒါ ဘာလို့ ကျွန်တော် vbulletin ကိုပိုက်ဆံပေးပြီး သုံးနေရသလဲဆိုတာပဲဗျ။
သက်ထွေးအောင်: အင်း.. အဲဒါတော်တော်ဆိုးတာပဲဗျ။ ကျွန်တော်ကတော့ WYSIWYG editor ပါတာတွေကို မကြိုက်ဘူးဗျ။ အဲဒီ editor တွေက junk codes တွေ produce လုပ်နိုင်တယ်။ တကယ်လို့ paid forum ကို ကျွန်တော် ရွေးမယ်ဆိုရင်တော့ IPB ကိုရွေးမယ်ဗျ။ IPB new version ကို အရမ်းမိုက်တယ်ဗျ။ system တစ်ခုလုံး 90% ပြောင်းချလိုက်တယ်။  ပေါ့တယ်။ နောက်ပြိးတော့ web 2.0 interace စြ်ပြီး social network + forum ကိုပေါင်းထားတာပဲ။ ကိုစေတန် ရဲ့migration လုပ်ရတာ ခက်တဲ့ အခြေအနေကို နားလည်ပါတယ်။ ဒါကြောင့် ကျွန်တော်က အခုနောက်ပြီး scripts တွေကို ရှောင်ပြီး ကိုယ်တိုင်ရေးဖြစ်တယ်။ scratch ကနေ စပြီး ကိုယ့်ဘာသာ ကိုယ် ရေးတော့ ကိုယ်ဘာလိုချင်လည်းကိုယ်သိတယ်။ လိုအပ်တဲ့ feature တွေလောက်ပဲ ထည့်တော့ ပေါ့လည်းပေါ့တယ်။
Saturngod: ဟုတ်ပါ့ဗျာ။ ကျွန်တော်လည်း အဲလိုပဲဗျာ။ scratch ကနေ စပြီး ကိုယ့်ဘာသာပဲ ကိုယ်ရေးတော့တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကိုယ့် system ကိုယ့် code ကို ကိုယ်နားလည်တယ်။ နောက်ပြီး ကိုယ်ဘာတွေပဲ လိုချင်လဲဆိုတာ ကိုယ်သိတယ်လေ။ “Better writing from scratch by myself” ဆိုတာလေးကို ကျွန်တော် ထောက်ခံတယ်ဗျို့။ ဒါကြောင့် ကျွန်တော် ornagai ကိုရေးဖြစ်ပြီး ကိုသက်ထွေးလည်း book-hives ကိုရေးဖြစ်တာပေါ့။ ကျွန်တော်တို့တွေ ရပ်လိုက်ကြရအောင်ဗျာ။ ဆွေးနွေးတာလေးတွေ စလုပ်ပြီး ရလဒ်ကောင်းလေးလည်း ထွက်လာတယ်။ “Better writing from scratch by myself”.
သက်ထွေးအောင်: အင်း… ကျွန်တော့်အတွက်တော့ scratch ကနေ စလုပ်ရတာ used to ဖြစ်နေပြီ။ ကျွန်တော် အခုအလုပ်စလုပ်ကတည်းက ဆိုပါတော့။ apps တော်တော်များများက ကျွန်တော်ကိုယ်တိုင် manage လုပ်ပြီး scratch ကနေ စတာပဲဗျာ။ အချို့ applications တွေက ရူးမလောက်ပဲဗျာ။ တစ်ခါမှ ကိုစေတန် စဉ်းစားဘူးမှာမဟုတ်ဘူးဗျ။ အဲဒါကြောင့် ကျွန်တော့် CEO ကို မကြိုက်တာပေါ့..ဟားဟား… သူအမြဲတာလာပြီး idea တွေ သယ်လာပြီး ဘယ်သူမှ မစဉ်းစားတဲ့ဟာ နည်းပညာ အရ 10% လောက်ပဲ ဖြစ်နိုင်တာတွေကို သူမို့ စဉ်းစားတယ်ဗျာ။
အခုလို ဆွေးနွေးပေးတဲ့ ကိုသက်ထွေးအောင် ကိုကျေးဇူးတင်ပါသည်။
Idealware – comparing os cms report
Great Article for comparing WORDPRESS, JOOMLA, DRUPAL AND PLONE
http://www.multiupload.com/ZR1G694MBR
CMS , MVC with UML
FB မှာ နှစ်ယောက်တည်း အားပါးတရ ဆွေးနွေးခဲ့တာလေးတွေကို ပြန်လည်ပြုစုပေးထားတဲ့ မဟန ကိုကျေးဇူးတင်ပါတယ်။
http://www.lawka-ahla.com/news.php?item.786
Can You Make CMS from Zero ?
အဲဒီလို မေးခွန်းလေးတွေ မေးလာရင် ကျွန်တော့်အနေနဲ့ကတော့ Yes,I can ပဲဗျ ။ အခု အချို့လူငယ်လေးတွေက ကိုယ်တိုင်ရေးသားဖို့ အားသန်ကြတာကို တွေ့ရလို့ သဘောကျမိပါတယ်။ ဒါပေမယ့်လည်း blogger ခင်ဦးမေ ပြောသလိုပေါ့။
ကျောက်တုံးကို ရွှေ့တယ်ဆိုတာ ရွေ့သွားမှ အလုပ်ဖြစ်တာပါတဲ့။ တွန်းနေတာက အလုပ်ဖြစ်နေတာမဟုတ်ဘူး။
ကျွန်တော်တို့တွေအနေနဲ့ ကိုယ်ပိုင် CMS တစ်ခု ဖန်တီးနိုင်မလားဆိုတော့ ဖန်တီးနိုင်ပါတယ်။ ဒါဆို ဘာလို့ မဖန်တီးတာလဲဆိုတဲ့ မေးခွန်း ဆက်လာစမြဲပါ။ ဖန်တီးနိုင်ပါပေမယ့် LTS ( Long Term Support ) က မလွယ်လို့ပါ။ LTS မရှိရင် အဲဒီ CMS/Blog Engine လိုမျိုး project ကို မလုပ်သင့်ဘူးလို့ ထင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ security fix တွေအမြဲထုတ်ပေးဖို့လိုတယ်။ community ကို supporting ကောင်းကောင်းပေးနိုင်ဖို့လိုတယ်။ supporting မကောင်းတဲ့ product ဟာ အောင်မြင်မှာ မဟုတ်ဘူး။ user feedback မလေးစားတဲ့ product ကလည်း ပေါက်မှာမဟုတ်ဘူး။ ကျွန်တော်တို့အနေနဲ့ opensource မဟုတ်ပဲ ကိုယ့်ဘာသာ ကိုယ် private ဖြစ်စေ opensource မဟုတ်အတွက်ပဲ သီးသန့် သုံးဖို့အတွက်ဖြစ်စေ ရေးဆွဲတာကတော့ ဖြစ်နိုင်ပါတယ်။
opensource ပေးပြီးဆိုရင် ကျွန်တော်တို့အနေနဲ့ LTS ကို မဖြစ်မနေ ထည့်သွင်းရမယ်။ LTS ပါလာသည်နဲ့အမျှ ငွေကြေးပိုင်းဆိုင်ရာ သုံးစွဲမှုတွေ ရှိလာတော့မယ်။ ဒါကြောင့် ရေရှည်ရပ်တည်ဖို့ မြန်မာနိုင်ငံအနေနဲ့ကတော့ မလွယ်ပါဘူး။ နောက်ပြီး CMS တစ်ခုကို ရေးဆွဲတဲ့အခါမှာတော့ တစ်ယောက်တည်း ရေးဆွဲနိုင်ပါတယ်။ ဒါပေမယ့် ဒါဟာ ကောင်းတဲ့အလုပ်မဟုတ်ဘူးဗျ။ ဘာဖြစ်လို့လည်းဆိုတော့ တစ်ယောက်တည်းရေးဆွဲတဲ့အခါ အချိန်ကြာမြင့်ခြင်း နောက်ပြီးတော့ Plugins, Theme ပိုင်းဆိုင်ရာတွေအတွက် အားနည်းသွားခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။
PHP နဲ့ CMS တစ်ခုကို ရေးဆွဲလို့ရမလား ဆိုရင်တော့ ရတာပေါ့ဗျာ။ Joomla , WordPress, Drupal တွေအားလုံးဟာလည်း PHP နဲ့ ရေးထားတာပါ။ ဒါပေမယ့် ရေးဆွဲမယ်ဆိုရင်တော့ သေချာကျနတဲ့ system design ရှိဖို့လိုမယ်။ နောက်ပြီး Framework ကို အသုံးပြုသင့်တယ်။ OOP ကိုလည်း အသုံးပြုရမှာပဲ။ OOP က လူတစ်ယောက်ထက်ပိုပြီး လုပ်ကိုင်တဲ့ အလုပ်တွေမှာ အရမ်းကို ကောင်းမွန်ပါတယ်။ OOP ကို အသုံးပြုမယ်ဆိုရင် ကောင်းမွန်တဲ့ UML design တွေ ဆွဲထားဖို့ လိုတယ်။ OOP မပါရင် လူတွေ အများကြီး ပူးပေါင်းရေးသားရာမှာ ပြဿနာတွေ အများကြီးဖြစ်နိုင်တယ်။ OOP concept က လူတွေကို တာဝန်ခွဲဝေ ယူနိုင်အောင် ဖန်တီးပေးပါတယ်။ UML diagram တွေက OOP concept ကို မြန်ဆန်စေတယ်။
တကယ်လို့ CMS ဖြစ်ဖြစ် Blog တစ်ခုဖြစ်ဖြစ် ရေးဆွဲချင်ရင်တော့ အားပေးပါတယ်။ ကိုယ့် site လေးမှာ ကိုယ်အသုံးပြုပေါ့။ CMS/ Blog Engine ရေးဆွဲခြင်းဟာ အများကြီးကို ပညာရစေပါတယ်။ OOP ရဲ့ အကျိုးကျေးဇူးတွေ နားလည်လာတယ်။ System တစ်ခုလုံးကို ခြုံငုံသုံးသပ်လာနိုင်မယ်။ User တွေ ဘာလိုအပ်လဲဆိုတာကို ကိုယ်ခံစားပေးလာနိုင်ပါတယ်။ ဆွဲနိုင်တဲ့ လူငယ်တွေ အများကြီးရှိပါတယ်။ ငွေကြေး ကိစ္စ ထည့်သွင်း စဉ်းစားဖို့ မလိုဘူး ဝါသနာပါလို့ လုပ်တယ်ဆိုရင် လုပ်ပါ။ ကျွန်တော့် အနေနဲ့ကတော့ အကြံဉာဏ်လောက်တော့ ပေးနိုင်မှာပါ။ လက်ရှိမှာတော့ ornagai တစ်ခုလုံးကို MVC ပြောင်းတော့ UML diagram တွေ မဆွဲမိလေခြင်းဆိုပြီး နောင်တ ရနေရပါတယ် system တစ်ခုလုံး ရှုပ်ပွနေရော။ MVC နဲ့ ရေးသားတဲ့အခါ System Flow လည်းမရှိ UML diagram လည်းမရှိ စိတ်ထင်ရာ ရေးထားတာ တော်တော်လေး ကြည့်ရဆိုးတယ်။ ရေးရခက်တယ်ဆိုတာကို တွေ့လာတယ်။ ဘယ်ဟာကို Model တွေထားမယ်။ View နဲ့ ဘယ်လိုချိတ်မယ်။ Controller မှာ ဘယ်လို variable တွေ ပို့မယ် စတာတွေနဲ့ ပတ်သက်သာတွေ မရှိပဲ ရေးသားမိတဲ့အတွက် အခုတော့ အစကနေ ပြန်ရေးရမယ့် ကိန်းပေါက်နေတာနဲ့ အခြားလူတွေလည်း CMS ရေးချင်တယ်လို့ ပြောကြတော့ ဒါလေးကို ရေးလိုက်တာပါ။ သိသင့်သိထက်တာလေးတွေ အနေနဲ့ ရေးလိုက်တာပါဗျာ။
PHP CMS & Framework
CMS တွေက အများကြီးပဲ… ဒါပေမယ့် အောင်မြင်တဲ့ CMS က ရှားတယ်.. Framework တွေလည်း များပါတယ်.. popular ဖြစ်တဲ့ framework ကတော့ ရှားပါတယ်…. Linux OS တွေကတော့ အများကြီး ဒါပေမယ့် အောင်မြင်နေတဲ့ Linux OS ကတော့ ရှားနေဆဲပဲ…
အခု opensource CMS လေးတွေကိုတော့
http://www.webdesignbooth.com/20-promising-open-source-php-content-management-systemscms/
အဲမှာ ကြည့်နိုင်ပါတယ်
နောက်ပြီး PHP framework ကိုတော့
http://www.webdesignbooth.com/22-open-source-php-frameworks-to-shorten-your-development-time/
မှာ ဖတ်နိုင်ပါတယ်ဗျာ။ ကိုယ်နဲ့ အဆင်ပြေတာ သုံးပေါ့ဗျာ