ဒီစာအုပ်ကို ရေးတာ ဘယ်လောက် ကြာလို့ ကြာသွားမှန်းတောင် မသိတော့ဘူး။ သေချာတာကတော့ ၁ နှစ်ကျော်သွားပြီဆိုတာပဲ။ ၁ နှစ်အတွင်းမှာ အားတဲ့ အချိန်တွေမှာ တဖြည်းဖြည်းခြင်းရေးခဲ့တာ အခုတော့ ပြီးသွားပါပြီ။ ကျွန်တော် ရေးတဲ့အချိန်တုန်းက CSS 3 က ပေါ်ကစဖြစ်ပြီး browser အားလုံး support မလုပ်သေးပါဘူး။ ဒါကြောင့် အခု CSS စာအုပ်မှာ CSS 3 အကြောင်းမပါလာခဲ့ပါဘူး။ စာလုံးပေါင်းမှားနေတာ ရေးထားတာမှားနေတာတွေကို ဝေဖန်ထောက်ပြနိုင်ပါတယ်ဗျာ။
Tag Archives: css
CSS Part 3 on MZ Edu
MZ edu မှာတော့ CSS အပိုင်း ၃ ကို ဆက်တင်ထားတယ်။ လက်ထဲမှာ ရေးပြီးလက်စ ကုန်ကြမ်းတော့ ကုန်ပြီ။ ဆက်ရေးဖို့ကလည်း ဒီ weekend ကလည်း မအားပြန်။ Sencha ရယ် Ornagai ရယ် ရုံးကခိုင်းထားတဲ့ wordpress theme ရယ် ပြီးအောင် လုပ်ပေးရမယ်။ ရုံးအလုပ်က စနေနေ့ ရုံးအချိန်ကတည်းက ပြီးရမှာ။ ခက်တာက လူက မနက်ဆို မထချင်ဘူး။ နောက်ပြီး နိုးနိုးချင်း Luffy ကြည့်လိုက်တော့ စနေနေ့ အလုပ်ပျက်သွားပါလေရော။ ဒါနဲ့ စနေနေ့ပြီးမယ်လို့ ပြောထားတာလေး ပြီးအောင် ဒီနေ့လက်စ သပ်ရအုံးမယ်။ ဒီ weekend တော့ ဒီ ၃ ခုနဲ့ပဲ ပြီးသွားမယ်ထင်ပါ့။
media in CSS
သောကြာနေ့ကမှ CSS မှာ ထည့်ထည့်သုံးနေတဲ့ medai ဆိုတာ ဘာလဲဆိုတာကိုသိတော့တယ်။ ပုံမှန်အားဖြင့် media=”screen” ဆိုပြီး သုံးကြတာများပါတယ်။ CSS မှာ media=”screen” နဲ့ media=”print” ဆိုပြီး သုံးကြပါတယ်။ ပုံမှန် သမာရိုးကျ ကြည့်ရင်တော့ သိပ်မကွာခြားလှပေမယ့် ကွာပါတယ်။ အခြား media propertities တွေရှိသေးပါတယ်။ CSS မှာတော့ media ကို screen နဲ့ print ပဲ အသုံးပြုတယ်။
Wow…. web will be change
အခု jquery က 1.4.1 ထွက်လာပါပြီ။ HTML က 5 ။ နောက်ပြီး CSS က 3 ဖြစ်သွားပြီ။ ကျွန်တော်တို့တွေအနေနဲ့ knowledge ကို ထပ်ပြီး upgrade လုပ်ဖို့ လိုလာပြန်ပြီ။ Google ကလည်း HTML 5 ပြောင်းဖို့ တာဆူနေပြီ။ Youtube ကိုလည်း HTML 5 support (only for chrome) ကိုလည်း ရနေပြီ။ Continue reading
HTML Layout Generator with 960
960 css framework ကို သုံးပြီး HTML Layout ချပုံပါ။
Basic CSS
http://www.4shared.com/file/111129003/fcde218c/Basic_CSS.html
အသုံးချ CSS က ရေးနေတုန်း Chapter 1 ပဲပြီးသေးတယ်..