Zawgyi For Blackberry

Blackberry အတွက် ဇော်ဂျီ font ကို လိုချင်သူများအနေနဲ့ Smiley Myanmar လာပါပြီ။ ကိုမျိုးဟန်ထွန်း နဲ့ ကိုမျိုးကျော်ထွန်း တို့ ညီအစ်ကို ၂ ယောက်ရဲ့ Design နဲ့ သူတို့တွေ ဖန်တီးထားတဲ့ Smiley Myanmar Blackberry application က ဇော်ဂျီ font တွေကို ဖတ်လို့ရပြီး English Myanmar dictionary ကို internet connection နဲ့ အသုံးပြုလို့ရပါတယ်။ အသေးစိတ်ကိုတော့ ဒီမှာ ဖတ်နိုင်ပါတယ်။

Ornagaime

မနေ့ညကပဲ App Store မှာ Ornagaime ကို Approve ဖြစ်သွားပါတယ်။ Ornagaime ဆိုတာကတော့ Ornagai Myanmar to English Dictionary ဖြစ်ပါတယ်။ လက်ရှိ Ornagai က Data ကိုပဲ reverse ပြန်လုပ်လိုက်တာပါ။ reverse လုပ်တယ်ဆိုပေမယ့် လက်ရှိ www.ornagai.com မှာ သုံးထားတဲ့ နည်းပညာအတိုင်း တွေကို ခွဲထုတ်ပြီး တော့ လုပ်ထားပါတယ်။ စာလုံးပေါင်း 61579 ရှိပါတယ်။ သို့ပေမယ့် စာလုံးတွေက လိုအပ်နေပါသေးတယ်။ လက်ရှိ version ကတော့ 0.5 ဖြစ်ပြီးတော့ iOS 4.2 သို့မဟုတ် နောက်ပိုင်း version တွေမှသာ သွင်းလို့ရမှာပါ။ zawgyi keyboard အရံသင့်ထည့်သွင်းထားပါတယ်။ လက်ရှိ computer လက်ကွက်အတိုင်းပါပဲ။ Unicode ကို အစက ပြောင်းမလို့ စဉ်းစားပေမယ့် android version အတွက် ပြဿနာ ကြုံရနိုင်တာကြောင့် data ကို ဇော်ဂျီပဲ သုံးလိုက်ပါတယ်။ နောက်ပိုင်းမှာတော့ လက်ကွက်ကို ပို အဆင်ပြေအောင် မလိုအပ်တဲ့ ​ြ– တွေကို ဖြုတ်ဖို့ လုပ်ပါအုံးမယ်။ အခု version ကတော့ အကုန်လုံး ဖြည့်ထားတဲ့အတွက် ခလုတ်လေးတွေက အရမ်းကို သေးသွားတယ်။
Continue reading

How to make your own dictionary ?

Dictionary တစ်ခုလုပ်ဖို့ အတွက် အရေးကြီးဆုံးက data ပါပဲ။ Dictionary လုပ်ဖို့ software တွေက

Babylon Glossary Builder

Bayblon Dictionary အတွက် add-on dictionary တစ်ခုတည်ဆောက်ချင်ရင်တော့ babylon glossary builder  ကို အသုံးပြုနိုင်ပါတယ်။ အသုံးပြုဖို့အတွက် data တွေကို  excel file နဲ့ ရိုက်သွင်းရပါတယ်။ အသုံးပြုပုံ အဆင့်ဆင့်ကိုတော့

http://www.babylon.com/support/step-by-step/quick-guide/glossary-builder.html

မှာ ရှင်းပြထားပါတယ်။ Excel မှာ data တွေ သိမ်းပြီး babylone dictionary ကို လွယ်ကူစွာ ပြုလုပ်နိုင်ပါတယ်။

More…

iStardict with ornagai

ဘယ်လို သွင်းရမလဲဆိုတာကိုတော့

http://www.macforus.com/lang/my-my/istardict

အဲမှာ ရေးထားတယ်။

ornagai အတွက် stardict dictionary ကိုတော့

http://github.com/saturngod/ornagai-V2/downloads

အဲကနေ download ယူလို့ရပါတယ်။ en-mm ကော mm-en ပါရှိပါတယ်။

မြန်မာ word in stardict

မြန်မာစာ ရှာဖို့အတွက် stardict အတွက် ornagai က dictionary စမ်းသုံးခဲ့တယ်။ ဒါပေမယ့် အဆင်မပြေဘူးဗျ။ ဘယ်လိုအဆင်မပြေတာလဲဆိုတော့ Windows မှာ –္တ လိုမျိုး အောက်က ဟာတွေကိုရိုက်လို့မရဘူးဖြစ်နေတယ်။ Linux မှာတော့ အိုကေတယ်။ လက်ရှိ အနေနဲ့ မြန်မာ To English Dictionary အတွက် ကိုစိုးမင်းရဲ့ dictionary က အသင့်တော်ဆုံးပဲ။ babylone မှာတော့ စာရိုက်တဲ့ textbox နေရာမှာ မြန်မာလိုမပေါ်ဘူး။ ကိုစိုးမင်းရဲ့ dictionary ကတော့ normalization လည်းပါတယ်။ နောက်ပြီး က ိ ု ပဲ ဖြစ်ဖြစ် က ု ိ ပဲဖြစ်ဖြစ် ရှာပေးနိုင်တော့ တော်တော်အဆင်ပြေပါတယ်။ stardict အတွက် မြန်မာ To english ထပ်ထုတ်ဖြစ်မှာ မဟုတ်လောက်ဘူး။ ကိုစိုးမင်း ရဲ့ dict အတွက်ပဲ နောက်လ ဆိုရင် ထုတ်ဖြစ်မယ်ထင်တယ်။

Amazing Dictionary !!!!

တကယ်ကို အံဩဖို့ကောင်းလိုက်တဲ့ dictionary ပဲဗျာ… ယုံတောင် မယုံနိုင်ဘူး… ကိုစိုးမင်း ရဲ့ Python dictionary ကတော့ လန်ထွက်နေတာပဲ… ornagai ကိုတောင် ဆက်လုပ်ဖို့တောင် တွန့်သွားလောက်တဲ့ အထိပဲ… ရေလည်ကို ကောင်းလွန်းတယ်ဗျာ.. searching လည်း မြန်တယ်.. result လည်း တိကျတယ်.. မြန်မာလို အတွက် syllable break ကလည်း ရေလည်good တယ်.. ornagai ကိုတောင် ကိုစိုးမင်းလိုမျိုး list box နဲ့ပြပြီး jquery နဲ့ဆိုရင်တော့ ရတယ်ဗျ… page နဲ့ ပြတော့ ဖော်ပြရတဲ့ data က list မစုံဘူးလို ဖြစ်နေတယ်.. :D ornagai ကိုတောင် ပြန်ပြင်ရင်ကောင်းမလား စဉ်းစားနေရပြီ…. GUI ပိုင်းလည်း အရမ်းကောင်းတယ်.. ရိုးတယ်… ရှင်းတယ်.. မြန်ဆန်တယ်.. တိကျတယ်.. မြန်မာ to english , english to myanmar လည်းရတယ်.. babylon တောင် မသုံးတော့ဘူး.. stardict ထက်လည်း သာတယ်ဗျ… searching ပိုင်း တိကျတဲ့အပိုင်း… wow.. ပြောမယ်ဆို ချီးကျူးစရာတွေ အများကြီးပဲဗျာ…

ကိုစိုးမင်းရေ.. ဂုဏ်ယူတယ်ဗျာ…

http://code.google.com/p/wxpydict/downloads/list

မှာ သွားပြီး download ဆွဲနိုင်ပါတယ်..

MZ Dictionary Alpha 1.1 ထွက်ရှိ

Alpha 1.1 ထွက်ပါပြီ… http://www.mysteryzillion.com/forums/downloads.php?do=file&id=4 မှာ download ချလို့ရပါတယ်.. အဲ… အဟောင်းကိုတော့ ပြန်ဖျက်ဖို့လို်တယ်ဗျ..

C:\Program Files\Babylon\Babylon-Pro\Gloss အဲဒီအောက်မှာ MZ dictionary ဆိုတာရှိတယ်.. အဲဒါကို ဖျက်ပြီးမှ အသစ်သွင်းပေါ့.. နောက်မို့ဆို ၂ ခုပေါ်နေလိမ့်မယ်… ဒါကြောင့်ပါ…

http://mzdictionary.googlecode.com/svn/trunk/A-Z.xls

အဲမှာတော့ A-Z စာရင်းပေါ့…. နည်းသေးတယ်.. ကျွန်တော်တို့တွေ ထပ်ဖြည့်မှာပါ.. အခုတလော လုံးဝကို မအားသေးလို့ပါ..