ချဉ်းကပ်ခြင်းဆိုတဲ့ အကြောင်းကို ရေးပြီးတဲ့ နောက်မှာ comment တွေ တော်တော်ရလိုက်တယ်။ မတူညီတဲ့ အမြင်တွေ သိုပေမယ့် တိုင်းပြည်အပေါ်မှာ ထားတဲ့ စေတနာတွေ ကိုတော့ တွေ့ရတယ်။ ဘယ်နေရာပဲရောက်ရောက် ဘယ်အဆင့်မှာပဲ ရောက်နေနေ ကိုယ့်တိုင်းပြည်ကို တိုးတက်ချင်တဲ့ စိတ်တွေကတော့ အပြည့်ပဲဗျ။ ကွျန်တော် သူတို့ ပြောတဲ့ ချဉ်းကပ်ခြင်းကို ရေးဖို့ ရာ ၃ ရက်လောက် ကြာတယ်။ မအားတာလည်း ပါတယ်။ comment တွေထဲက ကောင်းတာတွေ ရွေးထုတ်ပြီး ြပန်တည်းြဖတ်နေရတာ ဘာလို့ ၃ ရက်ကြာသွားမှန်းမသိပါဘူး။ comment ရေးခဲ့တဲ့သူတွေ ဆွေးနွေးပေးတဲ့ သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ အစအဆုံး တည်းဖြတ်ပြီးတော့ ကိုယ့်ဘာသာ ကိုယ်ပြန်ဖတ် ပြီး သဘောကျမိတာတော့ အမှန်ပဲ။ မဖတ်ရသေးဘူးဆိုရင် ဖတ်လိုက်ဖို့ အကြံပြုပါတယ်။ နောက်ပြီး ကိုသီဟ ရေးထားတဲ့ ပြောင်းလဲသင့်နေပြီ ဖြစ်သော ကျွန်တော်တို့၏ အမြင်များ ကိုလည်း ပူးတွဲ ဖတ်စေချင်ပါတယ်။
Tag Archives: edu
XML DTD
အရင်တုန်းက XML DTD ဆိုတာ ကြားသာကြားဖူးတယ်။ ဘာလို့ သုံးမှန်းမသိဘူး။ တစ်ခါမှလည်း မသုံးဖူးဘူး။ ဒီနေ့မှ MZ Edu ကနေ XML DTD အကြောင်းလေး ဖတ်ကြည့်လိုက်တော့မှ နည်းနည်းလေး သဘောပေါက်သလိုလို ရှိသွားတယ်။ week end ရောက်ရင် XML Part 1 ကနေ သေချာပြန်ဖတ်အုံးမှပဲ။ ရန်ကုန်မှာတုန်းကတော့ Java & XML စာအုပ်ဖတ်တုန်းက XML ကို နည်းနည်းသဘောပေါက်သလိုလိုရှိပေမယ့် သေသေချာချာ နားမလည်ခဲ့တာတွေ အများသားပဲ။ အခုလို မြန်မာလိုလေး ရှိတော့လည်း English လို ရေးထားတဲ့ စာအုပ်တွေထက်စာရင် ပိုဖတ်ဖြစ်မယ်ထင်တာပဲ။
Today Link that I like
ဒီနေ့ ထူးတေဇာ blog မှာ apple အကြောင်း ရေးထားတာတွေ့တယ်။ ကျွန်တော်လည်း အဲဒီ ဘုရားပုံတော်နဲ့ Jony Ive ကိစ္စပါ။ မြန်မာက အချို့ လူတွေတော်တော်များများ Jony Ive ကို designer ပဲသိတယ်။ ဘာ designer မှန်းလဲမသိ။ ပြီးတော့ အလကားနေရင်း Jony Ive ကို အပြစ်ပြောပြန်ကော။ ထူးတေဇာ ပြန်ရှင်းပြထားတာလေး တော်တော်ကောင်းတယ်။ Apple သမား မဟုတ်တဲ့လူတွေက Apple အကြောင်းကို ကောင်းကောင်းသိမှာမဟုတ်ဘူး။ Apple သမားတွေကတော့ သူတို့ apple ရဲ့product ကော Apple က Steve Job အပါအဝင် Apple Designer တွေအားလုံးကို အထင်ကြီး လေးစားပြီး ချစ်ပြီးသားပါ။ ကျွန်တော်လည်း Steve Job ကို သဘောကျတယ်။ Jony Ive ကို လေးစားတယ်။ သူ့ idea တွေက အရမ်းကောင်းတယ်။ ကဲ.. ထူးတေဇာ blog လေးမှာ သွားဖတ်ကြည့်လိုက်ပါ။
Apple never use any rude image for Advertisement
နောက် Link တစ်ခုက OO SE အကြောင်း Edu မှာ လူပျိုကြီး ရေးထားတာပဲ။ လူပျိုကြီး ဆိုတဲ့ အတိုင်း စာရေးတော့ ကောင်းပါရဲ့။ Editing ပြန်လုပ်ရတာ မလွယ်ဘူးရယ်။ သူ့ဆီမှာ ရှိတဲ့ ပညာတွေ အကုန် ရေတံခွန် စီးသလို ရေးချထားတာ။ ၂ ခေါက်လောက် ဖတ်ပြီး မလိုတဲ့ဟာလေးတွေ ဖြုတ်။ စာသားလေး အနည်းငယ်ဆိုရုံလောက်လေး ပြန်ပြင်ပြီး Edu မှာ တင်ထားပေးတယ်။ MZ မှာ ရေးထားပေးတာကို edu မှာ ပြန်တင်လိုက်တာပါ။ UML Intro လေးပြီးမှ နောက်ပိုင်းတွေ ဆက်လို့ရမှာဆိုတော့ အကုန်တော့ မတင်ထားရသေးဘူး။ အားရင်တော့ UML Intro အကြောင်း လူပျိုကြီး ရှင်းထားတာကို သေသေချာချာ ဖတ်ပြီးမှ တင်လိုက်အုံးမယ်။ မဖတ်လို့လည်း မရဘူးရယ်။ သူရေးထားတာတွေက ကိုယ့်အတွက် အကျိုးရှိတာကို။ ဖတ်ရင်းနဲ့ editing လေး ပြန်လုပ်ရတာပေါ့။