Infrastructure

ဒီနေ့ ရုံးမှာ လက်ရှိလုပ်နေတဲ့ project တစ်ခုအတွက် server ပိုင်း infrastructure တွေကို လိုက်ဖတ်ဖြစ်တယ်။ အဓိက ဖတ်ဖြစ်တဲ့ infrastructure တွေက facebook, foursquare , instagran , digg စတဲ့ လူသုံးများတဲ့ website တွေပါပဲ။

Facebook

လက်ရှိ facebook ကို XHP နဲ့ ရေးပြီးတော့ Hip Hop PHP နဲ့ run ထားပါတယ်။ website ကိုတော့ javascript တွေပဲ သုံးထားတယ်။ C , C++ , Java တွေကို back end မှာ သုံးထားတယ်။ နောက်ပြီးတော့ boost ကိုလည်း သုံးထားပါတယ်။ နောက်ပြီးတော့ အချို့ internal tool တွေကိုတော့ python ကိုသုံးထားပါတယ်။ Chat ပိုင်းကိုတော့ Erlang နဲ့ ရေးထားပါတယ်။ backend service နဲ့ front end web server ကိုတော့ Apache Thrift ကို အသုံးပြုထားပါတယ်။1

Facebook က 690 billion page views each month ရှိပါတယ်။ လက်ရှိ Internet Traffic 9.5 percent က facebook ကို အသုံးပြုနေတာပါ။ 100 million photo upload နေ့စဉ် ရှိနေပြီးတော့ လစဉ် 30 billion pieces of content ရှိပါတယ်။ 1 million web sites and 550,000 applications က facebook connect ကို အသုံးပြုထားပါတယ်။ လက်ရှိ facebook data center ကိုတော့ Prineville, Oregon မှာ ထားရှိပါတယ်။2 North Carolina data center ကို တည်ဆောက်ဖို့အတွက် facebook က ပြင်ဆင်နေပါတယ်။3

လက်ရှိ data center မှာ အနည်းဆုံး 60,000 servers အသုံးပြုလျက်ရှိပါတယ်။ နောက်ပြီးတော့ MySQL , Memcached, Haystack for photo retrieval, Cassandra, Hadoop and Hive , Scribe for high-speed distributed logging4 , Apache HBase for Messaging5 တို့ကို အသုံးပြုထားပါတယ်။

Facebook ရဲ့ infrastructure အတိအကျကိုတော့ မသိရပေမယ့် server နဲ့ traffic ကို ကြည့်လိုက်တာနဲ့ အခုတော့ အဲလောက်ထိတော့ မလိုသေးပါဘူး။

Continue reading

  1. http://www.quora.com/What-programming-languages-are-used-at-Facebook?q=programming+language+in+facebook []
  2. http://www.datacenterknowledge.com/the-facebook-data-center-faq/ []
  3. https://www.facebook.com/rutherfordDataCenter []
  4. http://royal.pingdom.com/2010/06/18/the-software-behind-facebook/ []
  5. https://www.facebook.com/notes/facebook-engineering/the-underlying-technology-of-messages/454991608919 []

The Social Network

ကြည့်မယ်… ကြည့်မယ် နဲ့ မကြည့်ဖြစ်တဲ့ Facebook အကြောင်းရိုက်ထားတဲ့ The Social Network ကားကို ဒီနေ့မှ သေချာ ကြည့်ဖြစ်တယ်။ တစ်ကားလုံးကြည့်မယ်ဆိုရင်တော့ မဆိုးဘူး ဆိုရမယ်။ Mark Zuckerberg ရဲ့ စဉ်းစားတဲ့ စီးပွားရေး အယူအဆ ကိုလည်း အဲဒီကားထဲမှာ တွေ့ရပါတယ်။ သူ့ဘဝ ဇာတ်ကြောင်း အမှန် အပြည့်အစုံတော့ မဟုတ်လောက်ဘူး။ ကြည့်ကောင်းအောင် ရိုက်ထားတဲ့ ပုံပေါ်ပါတယ်။ Napster co-founder Sean Parker ပြောသွားတဲ့ စကားလုံး အချို့ကလည်း မှတ်သားဖို့ကောင်းတယ်။ သူပြောသွားတဲ့ စကားထဲက သဘောကျတဲ့ စကားကတော့

You know what’s cooler than a million dollars?
A billion dollars.

Continue reading

LOL!!! Facebook Birthday “F**k you B*tches”

Facebook မှာ လက်ရှိ English Langauge ကို Spanish (Español) ပြောင်းလိုက်ပြီး Birthday နေရာကို စစ်ကြည့်လိုက်ပါ။ Birthday: ဆိုတဲ့ နေရာမှာ စာလုံးပြောင်းသွားပါလိမ့်မယ်။ ဖြစ်သင့်တာက Cumpleaños : ဆိုပြီးပေါ်နေရမှာ ဖြစ်ပေမယ့် အခုတော့ F**k you B*tches ဆိုပြီး ပြောင်းသွားတယ်ဗျ။ အခုမှ စမ်းပြောင်းကြည့်ရင်တော့ ရချင်မှ ရတော့မယ်။ facebook က အဲဒါမျိုး ဆို ချက်ခြင်း fixed ပါတယ်။ အရင်တုန်းက translation အကူအညီတောင်းတုန်းက တစ်ယောက်ယောက် ဝင်လက်ဆော့ထားတာကြောင့် ဖြစ်မယ်ထင်တယ်။

reference: http://techcrunch.com/2010/07/29/no-fuck-you-facebook/

Lost In Val Sinestra Movie Trailer Featuring Your Facebook Friends

တကယ့်ကို super awesome လို့ပဲ ခေါ်ရပါလိမ့်မယ်။ ဒီ website မှာ facebook က သူငယ်ချင်းတွေကို ရုပ်ရှင် Trailer ရဲ့featuring အနေနဲ့ ထည့်သွင်းလို့ရအောင် ဖန်တီးထားတယ်။ Flash နဲ့ လုပ်ထားပါတယ်။ ဒါပေမယ့် dynamic ဖြစ်တယ်။ သူငယ်ချင်း list တွေကို facebook ကနေ ရွေးရတာကတော့ နည်းနည်းခက်တယ်။ Flash နဲ့ လုပ်ထားပြီး Scrollbar က အရမ်းမြန်တဲ့အတွက် သူငယ်ချင်းတွေ အရမ်းများတဲ့ အခါ ရွေးရခက်တာတော့ အမှန်ပဲ။ စိတ်ရှည်ရှည်ထားပြီး လုပ်ရတာကလွဲလို့ ကျန်တာတွေက တော်တော်လေးကို ကောင်းမွန်တဲ့ Trailer Making ပါပဲ။ ကဲ.. သင့် သူငယ်ချင်းတွေနဲ့လည်း စမ်းကြည့်ပြီး Trailer ရတဲ့အခါ ရုပ်ရှင်ကားက ကြောက်စရာဖြစ်ပေမယ့် ရယ်နေရမှာ အမှန်ပဲ။

Docs.com

Microsoft က facebook connect ကို သုံးပြီးတော့ docs.com ဆိုပြီး ဖန်တီးထားပါတယ်။ Google Docs ကို ပြိုင်ဖို့ထင်ပါရဲ့။ Facebook Social Graph  API ကို အပြည့်အဝ သုံးထားတဲ့ site လို့တောင် ဆိုရမလားပဲ မသိဘူး။ ကျွန်တော်ကတော့ Google Docs ထက် ပိုသဘောကျတယ်။ အထူးသဖြင့် excel ပေါ့။ Google Docs မှာ SpreadSheet သုံးရတာ သိပ်ပြီး သဘောမတွေ့လောက်ဘူး။ Google Docs ထက်စာရင် Docs excel လေးက ပိုကောင်းသလိုပဲ။ နောက်ပြီး real time collaboration လည်း လုပ်လို့ရတယ်။ facebook account ရှိရုံပဲ။ facebook ထဲက သူငယ်ချင်းတွေကိုလည်း ကိုယ်ရေးထားတာတွေကို edit လုပ်ခွင့် view လုပ်ခွင့် permission တွေပေးလို့ရတယ်။ နောက်ပြီး ကိုယ့်မှာရှိတဲ့  Word, Excel, Powerpoint file တွေကိုလည်း upload တင်ထားလို့ရတယ်။

Continue reading

Facebook F8

Facebook f8 အကြောင်းရေးမယ် ရေးမယ်နဲ့ MZ newsletter က အချောသတ်တာ မပြီးသေးတာနဲ့ အချိန်ပေးလိုက်ရလို့ မရေးဖြစ်ဘူးဖြစ်သွားတယ်။ ပထမပိုင်းမှာ Mark Zuckerberg က အဖွင့် keynote နဲ့ စလိုက်တာပဲ။ ပွဲမစခင်မှာ ပြထားတဲ့ video လေးက စမ်းနေတယ်။ Graph တွေ ဆွဲနေတဲ့ပုံတွေ တစ်ယောက်နဲ့ တစ်ယောက် ချိတ်ဆက်နေတဲ့ ပုံတွေ video ပြကတည်းက တစ်ခုခုတော့ တစ်ခုခုပဲလို့ တွေးမိလိုက်တယ်။ ပြီးခဲ့တဲ့ နှစ်တွေကလည်း facebook connect ကို ကြေငြာခဲ့သလို ဒီတစ်ယောက်တော့ နောက်ထပ် API အသစ်တစ်ခုခုတော့ ထုတ်တော့မလား လို့ စဉ်းစားမိတယ်။

Continue reading

Facebook chat support jabber

Great New.. So, Titan will be soon :)

    • Protocol: XMPP or Jabber
    • Username: saturngod
    • Domain: chat.facebook.com
    • Jabber ID: <your facebook>@chat.facebook.com
    • Password: <your Facebook password>
    • Port: 5222
    • Server: chat.facebook.com
    • Use SSL/TLS: no
    • Allow Plaintext Authentication: no

      http://www.facebook.com/sitetour/chat.php

      Facebook Connect

      Facebook connect ကိုတော့ လူတိုင်း သိကြမှာပါ။ facebook connect က ကိုယ့် site ကို user တွေ register လုပ်စရာမလိုပဲ user information ရနိုင်တဲ့ နည်းပါ။ register လုပ်တယ်ဆိုတာကလည်း user information နဲ့ password အတွက် register လုပ်ရတာပဲ။ လူတော်တော်များများက register လုပ်ဖို့ ပျင်းကြပါတယ်။ ကျွန်တော် အပါအဝင်ပေါ့။ အဲလို အခါတွေမှာ facebook connect လေးနဲ့ site ကို login ဝင်လို့ရရင် အရမ်းကို အဆင်ပြေပါတယ်။ ထပ်ပြီး register လုပ်စရာ မလိုပဲ site ကို အသုံးပြုလို့ရတယ်။ အခုအချိန်မှာ site တော်တော်များများက facebook connect ကို အသုံးပြုနေကြပြီ။ ကျွန်တော်လည်း ornagai မှာ ထည့်မှာပါ။
      Continue reading