Sar iOS App နဲ့ ပတ်သက်ပြီးတော့ Feedback လေးတွေ ရထားပါတယ်။
၁။ iPhone မှာ Keyboard က အဆင်မပြေဘူး။
လက်ရှိ iPhone keyboard လို ရိုက်လို့ရအောင် ပြင်ဆင်နေပါတယ်။
၂။ ဘာလို့ free မဟုတ်တာလဲ ။ ဘာလို့ 1.99 ပေးရတာလဲ ။
Free မဟုတ်တာကတော့ Free မဖြစ်ထိုက်လို့ပါ။ ကျွန်တော် ၂ လ လောက် အိပ်ရေးပျက်ခံပြီး ရေးထားရတာကြောင့်ပါ။ နောက်ပြီး product တစ်ခုမှာ တန်ဖိုးရှိသင့်တယ် ထင်တာကြောင့်ပါ။ တကယ်လို့ မတန်ဘူးထင်လို့ crack version သုံးမယ်ဆိုလည်း ကျွန်တော် စိတ်မဆိုးပါဘူး။
1.99 ပေးရခြင်းအကြောင်းကတော့ Universal App ဖြစ်တာကြောင့်ပါ။ iPhone, iPad သီးသန့် ခွဲမယ့် အစား 1.99 နဲ့ Universal App ရောင်းဖြစ်တာပါ။
အခါအားလျော်စွာ 0.99 ကို discount ချပါမယ်။ နောက်ပြီး Blog ပေါ်မှာလည်း Give away ပေးဖို့ အစီ အစဉ် ရှိပါတယ်။