Page Speed

Firebug အတွက် add-on လေးပါ။ မဆိုးဘူး။ ကိုယ့် code ထဲမှာ မြန်အောင် ဘယ်အပိုင်းတွေလုပ်ဖို့လိုလဲဆိုတာကို analyst လုပ်ပေးတယ်။ firefox မှာ အရင်ဆုံး firebug သွင်းထားဖို့တော့ လိုတယ်။ ကျွန်တော့် code တွေမှာ cache မပါတာကို အခုမှ သတိထားမိတယ်။ :) နောက်ပိုင်း cache တွေထည့်ပြီး ရေးမှဖြစ်မယ်။

http://code.google.com/speed/page-speed/docs/using.html

Font Embed in Firefox 3.5

အရင်က စမ်းမယ် စမ်းမယ်နဲ့ မစမ်းဖြစ်လိုက်ဘူး.. ဒီနေ့မှပဲ စမ်းဖြစ်တာ….

ကျွန်တော်တို့တွေ web design တွေဆွဲတဲ့အခါမှာ font တွေကလည်း အရေးပါလှပါတယ်။ header ကို ဘာ font သုံးမယ်။ paragraph ကို ဘာ font သုံးမယ်ဆိုပြီး ကျွန်တော်တို့တွေ ရွေးချယ်ရတယ်။ အရင်က ကျွန်တော်တို့တွေမှာ ရွေးချယ်စရာ များများမရှိဘူး။ Windows မှာ default ပါတဲ့ font နဲ့ mac မှာ default ပါတဲ့ font တွေဖြစ်ဖို့ အရေးကြီးတယ်။ နောက်မို့ဆို ကိုယ့် design က မလှပဲ ဖြစ်သွားမယ်။ ဒါကြောင့် အများအားဖြင့် Verdana,Times New Roman,Tahoma,Arial,Georgia စတာတွေလောက်ပဲ ရွေးလို့ရတယ်။ အများကြီးရွေးချယ်စရာမရှိဘူးလေ။ သူတို့ စက်ထဲမှာ font မရှိရင် အလကားပဲ။ ဒါကြောင့် designer တွေကတော့ browser တွေထဲမှာ font embed ဖြစ်စေချင်ကြတယ်။
Continue reading

HTML 5 ပြောင်းသင့်ပြီလား

လက်ရှိ HTML 5 မှာ ပါဝင်တဲ့ tag တွေကို w3school မှာ ဖော်ပြထားပါတယ်။ quackit မှာလည်း w3schools ထက်ပိုပြီး ပြည့်စုံအောင် example လေးတွေနဲ့ ရှင်းပြထားပါတယ်။ လက်ရှိမှာတော့ chrome 3 , firefox 3.5 တို့ဟာ HTML 5 ကို support တယ်လို့ ကြေငြာထားပါတယ်။ သို့သော်လည်းပဲ HTML 5 မှာ ပြောထားတဲ့ tag တွေကို သာ သိရုံအဆင့်ပဲရှိသေးပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့

က HTML 5 မှာ ပြောထားသလို အဖွင့်အပိတ် မရသေးပါဘူး။ details tag အကြောင်းကို ဒီလို ဖော်ပြထားပါတယ်။
Continue reading

onthefly greasemonkey

ကိုစိုးမင်တို့ လုပ်ထားတဲ့ greasemonkey က ကိုယ့် blog ထဲမှာ ထည့်ထားမှ အလုပ်လုပ်လိမ့်မယ်။ တကယ်လို့ မထည့်ထားတဲ့ my.wikipedia.org လိုမျိုး Unicode 5.1 နဲ့ သုံးထားတဲ့ site တွေဆို ဖတ်လည်းဖတ်ချင်တယ်။ ဖတ်ရတာလည်း အဆင်မပြေတာတွေ ဖြစ်တတ်တယ်။ ဒါကြောင့် ကိုစိုးမင်းတို့လုပ်ထားတဲ့ code လေးကို greasemonkey လေးနဲ့ ပြန်လုပ်ထားတယ်။ greasemonkey လေးနဲ့ လုပ်လိုက်တော့ ကိုယ့်ကြည့်ချင်တဲ့ site တွေကို Unicode 5.1 နဲ့ပဲဖြစ်ဖြစ် Zawgyi နဲ့ဖြစ်ဖြစ်ကြည့်လို့ရတာပေါ့။

hahauni greasemonkey မှာ greasemonkey သုံးနည်းလေးရေးထားတယ်ဗျ။ အခု onthefly greasemonkey ကို ဒီမှာ install သွင်းလို့ရတယ်။ Greasemoneky လေးသွင်းထားမယ်ဆိုရင် Install လေး နှိပ်လိုက်ရုံပဲလေ။

Add Opensearch in blog

opensearch ဆိုတာကတော့ firefox မှာ အပေါ်ညာဘက်မှာ ပါတဲ့ searchbox လေးကို ပြောတာပါ။ အခု ကျွန်တော့် blog ကို တစ်ခါတည်း လာစရာမလိုပဲ ရှာလို့ရအောင် opensearch ထည့်ထားတယ်။ အဲဒီ ညာဘက် ထောင့်လေး လင်းနေတာကို တွေ့မယ်။
လုပ်ရတာလွယ်လွယ်လေးပါ။ အရင်ဆုံး notepad အရင်ဖွင့်ဖို့လိုတယ်။

opensearch.xml နဲ့သိမ်းလိုက်ပါ။

ပြီးရင်

Continue reading

Firefox — Open with New Tab

Firefox မှာ link တွေကို နှိပ်ရင် လက်ရှိ page မှာပဲပေါ်ပါတယ်။ ကျွန်တော်က shitf+ click လုပ်ရင် new windows ကြီးနဲ့ တက်တက်လာတယ်။ အဲဒါကို မကြိုက်ဘူး။ tab အသစ်တစ်ခုအနေနဲ့ တက်လာစေချင်တာ။ ဒါနဲ့ ဒီနေ့ ရှာကြည့်ုလိုက်တော့ ctrl+ click လုပ်ရင် tab တစ်ခုနဲ့ တက်လာတဲ့အတွက် တော်တော်လေးကို အဆင်ပြေသွားတယ်ဗျာ။

When Don’t Run Apache in Firefox (Ubuntu)

ကျွန်တော် တော်တော်လေးကို မူးနောက်သွားတယ်။ firefox မှာဗျာ။ apache က run နေတယ်။ ဒါပေမယ့် offline ပဲဖြစ်နေတယ်။ အဲ.. အင်တာနက် connection ရရင်တော့ အလုပ်လုပ်တယ်။ တော်တော်လေးကို ခေါင်းစားသွားတယ်။ နောက်ပြီး connectionမရတော့ရင် localhost က အလုပ်မလုပ်တော့ဘူး။ ဒါနဲ့ googling လုပ်ရတော့တာပဲ။ တွေ့သမျှတွေ အကုန်စမ်းတယ်။ အလုပ်မလုပ်ဘူး။ ဒါနဲ့ နောက်တစ်နည်း ထပ်စဉ်းစားရတယ်။ googling လုပ်ပြီးရတဲ့ နည်းလည်းကုန်ပြီ။ ဒီတော့ firefox ကဖြစ်တာလား။ apache ကဖြစ်တာလား။ ဒါပဲ စမ်းဖို့ ကျန်တော့တယ်။ ဒါနဲ့ စက်ထဲမှာ ရှိတဲ့ opera နဲ့ http://localhost ဆိုပြီး ခေါ်လိုက်တယ်။ အဲ.. အလုပ်လုပ်ပါတယ်ဗျာ။ Continue reading